iMyanmarHouse.com - Best Property Website for Myanmar
×


အမ်ိဳးသမီးေတြရဲ႕ အတြင္းစိတ္ဟာ အသက္အရြယ္ၾကီးၾကီး ငယ္ငယ္ ေတာ္ေတာ္မ်ားမ်ားတူတတ္ၾကပါတယ္။ ရစ္တတ္တဲ့ အက်င့္၊ စိတ္ေကာက္တတ္တဲ့အက်င့္၊ သ၀န္တိုတတ္တဲ့အက်င့္နဲ႔ ရြဲ႕တတ္တဲ့စိတ္ ေလးေတြဟာ အမ်ိဳးသမီး 100 မွာ 98 ေယာက္ ေလာက္ပိုင္ဆိုင္ထားတတ္ၾကပါတယ္။

အသက္အရြယ္ အပိုင္း အျခားလိုက္ျပီး စိတ္ခံစားမႈနဲ႔ ဦးေႏွာက္ကိုအသားေပးတဲ့ ေနရာမွာ ကြာျခားသြားတာမို႔ ေျပာင္းလဲမႈေလးေတြအနည္းငယ္ ရွိတတ္ၾကတာပါ။ အမ်ိဳးသမီးအားလံုးနီးပါးရဲ႕စိတ္ေတြဟာ မ်ား ေသာအားျဖင့္ တစ္ထပ္တည္းက်ေနတာမ်ားပါတယ္။

အသက္ၾကီးတဲ့မမေတြနဲ႔ အသက္ငယ္တဲ့ညီမေလးေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြမွာေတာ့ ကြာျခားမႈေတြ ရွိေနတတ္ပါတယ္။ အထက္ကေျပာခဲ့သလို အက်င့္ေလးေတြက ညီမေလးေတြမွာ ပိုျပီးခပ္မ်ားမ်ား ေတြ႕ရတတ္ပါတယ္။ ညီမေလးေတြရဲ႕ခ်စ္စရာ ေကာင္းတဲ့အခ်က္က ခြ်ဲႏြဲ႕တာျဖစ္ျပီး မမေတြရဲ႕ခ်စ္စရာေကာင္း တဲ့အခ်က္ကေတာ့ မ်က္္ႏွာထားတည္တည္နဲ႔ သင့္ကိုဆံုးမတာပါ။

မမေတြရဲ႕အခ်စ္က သင့္ကိုေအးခ်မ္းေစမွာျဖစ္ျပီး ညီမေလးေတြ ရဲ႕အခ်စ္ကေတာ့ သင့္ကိုရင္ခုန္စိတ္လႈပ္ရွားေစမွာ ျဖစ္ပါတယ္။ မမေတြရဲ႕ “ မင္းေနာ္ ” ဆိုတဲ့စကားလံုးေလးဟာ ညီမေလး ေတြရဲ႕ “ ကိုကိုေနာ္ ” ဆိုတဲ့ ေလသံေလးအတိုင္းပဲ သင့္ရဲ႕ ရင္ခုန္သံေတြကိုျမန္ေစမွာပါ။

မမေတြကတည္ျငိမ္တယ္။ ညီမေလးေတြကခ်စ္စရာေကာင္း တယ္။ အမ်ိဳးသမီးတိုင္းဟာေတာ့ ခ်စ္စရာေကာင္းတဲ့လူသား မ်ိဳးႏြယ္စုပါပဲ။ မမေတြအတြက္ကေတာ့ “ ဟုတ္ကဲ့ ” ဆိုတဲ့ စကားေလးနဲ႔ ညီမေလးေတြအတြက္ေတာ့ “ အင္းပါ ” ဆိုတဲ့ စကားေလးကို လက္ကိုင္ထားရင္ သင့္ကိုေသခ်ာေပါက္ ခ်စ္ၾက ပါလိမ့္မယ္။

ရင္ခုန္စိတ္လႈပ္ရွားမႈေတြလိုခ်င္ရင္ ညီမေလးေတြကို ခ်စ္ပါ။ အသည္းယားလြန္းလို႔ ခဏခဏဖက္နမ္းခ်င္စိတ္ေပါက္ ေအာင္ကို ညီမေလးေတြက ခ်စ္စရာေကာင္းပါတယ္။ ေအးခ်မ္း တဲ့ အခ်စ္ကိုလိုခ်င္ရင္ မမေတြကိုခ်စ္ပါ။ တည္ျငိမ္တဲ့သင့္ခ်စ္သူရဲ႕ ပံုစံေလးေၾကာင့္ သင္စိတ္ခ်မ္းသာရပါလိမ့္မယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အမျိုးသမီးတွေရဲ့ အတွင်းစိတ်ဟာ အသက်အရွယ်ကြီးကြီး ငယ်ငယ် တော်တော်များများတူတတ်ကြပါတယ်။ ရစ်တတ်တဲ့ အကျင့်၊ စိတ်ကောက်တတ်တဲ့အကျင့်၊ သဝန်တိုတတ်တဲ့အကျင့်နဲ့ ရွဲ့တတ်တဲ့စိတ် လေးတွေဟာ အမျိုးသမီး 100 မှာ 98 ယောက် လောက်ပိုင်ဆိုင်ထားတတ်ကြပါတယ်။

အသက်အရွယ် အပိုင်း အခြားလိုက်ပြီး စိတ်ခံစားမှုနဲ့ ဦးနှောက်ကိုအသားပေးတဲ့ နေရာမှာ ကွာခြားသွားတာမို့ ပြောင်းလဲမှုလေးတွေအနည်းငယ် ရှိတတ်ကြတာပါ။ အမျိုးသမီးအားလုံးနီးပါးရဲ့စိတ်တွေဟာ များ သောအားဖြင့် တစ်ထပ်တည်းကျနေတာများပါတယ်။

အသက်ကြီးတဲ့မမတွေနဲ့ အသက်ငယ်တဲ့ညီမလေးတွေရဲ့ ချစ်ခြင်းမေတ္တာတွေမှာတော့ ကွာခြားမှုတွေ ရှိနေတတ်ပါတယ်။ အထက်ကပြောခဲ့သလို အကျင့်လေးတွေက ညီမလေးတွေမှာ ပိုပြီးခပ်များများ တွေ့ရတတ်ပါတယ်။ ညီမလေးတွေရဲ့ချစ်စရာ ကောင်းတဲ့အချက်က ချွဲနွဲ့တာဖြစ်ပြီး မမတွေရဲ့ချစ်စရာကောင်း တဲ့အချက်ကတော့ မျက်နှာထားတည်တည်နဲ့ သင့်ကိုဆုံးမတာပါ။

မမတွေရဲ့အချစ်က သင့်ကိုအေးချမ်းစေမှာဖြစ်ပြီး ညီမလေးတွေ ရဲ့အချစ်ကတော့ သင့်ကိုရင်ခုန်စိတ်လှုပ်ရှားစေမှာ ဖြစ်ပါတယ်။ မမတွေရဲ့ “ မင်းနော် ” ဆိုတဲ့စကားလုံးလေးဟာ ညီမလေး တွေရဲ့ “ ကိုကိုနော် ” ဆိုတဲ့ လေသံလေးအတိုင်းပဲ သင့်ရဲ့ ရင်ခုန်သံတွေကိုမြန်စေမှာပါ။

မမတွေကတည်ငြိမ်တယ်။ ညီမလေးတွေကချစ်စရာကောင်း တယ်။ အမျိုးသမီးတိုင်းဟာတော့ ချစ်စရာကောင်းတဲ့လူသား မျိုးနွယ်စုပါပဲ။ မမတွေအတွက်ကတော့ “ ဟုတ်ကဲ့ ” ဆိုတဲ့ စကားလေးနဲ့ ညီမလေးတွေအတွက်တော့ “ အင်းပါ ” ဆိုတဲ့ စကားလေးကို လက်ကိုင်ထားရင် သင့်ကိုသေချာပေါက် ချစ်ကြ ပါလိမ့်မယ်။

ရင်ခုန်စိတ်လှုပ်ရှားမှုတွေလိုချင်ရင် ညီမလေးတွေကို ချစ်ပါ။ အသည်းယားလွန်းလို့ ခဏခဏဖက်နမ်းချင်စိတ်ပေါက် အောင်ကို ညီမလေးတွေက ချစ်စရာကောင်းပါတယ်။ အေးချမ်း တဲ့ အချစ်ကိုလိုချင်ရင် မမတွေကိုချစ်ပါ။ တည်ငြိမ်တဲ့သင့်ချစ်သူရဲ့ ပုံစံလေးကြောင့် သင်စိတ်ချမ်းသာရပါလိမ့်မယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top