iMyanmarHouse.com - Best Property Website for Myanmar
×


ေယာက်္ားေတေဇာ၊ မိန္းမအာေပါ ဆိုေသာ တိုင္းရင္းေဆးပညာ၏ ေ၀ၚဟာရရွိ၏။ အမ်ိဳးသားတို႔က ေတေဇာဓာတ္ လြန္ကဲတတ္ၾကျပီး အမ်ိဳးသမီးတို႔က အာေပါဓာတ္ႏွင့္ ပထ၀ီဓာတ္မ်ား လြန္ကဲေလ႔ ရွိသည္ဟုဆို၏။

အမ်ိဳးသမီးတို႔သည္ မီးယပ္ေသြးတည္းဟူေသာ အာေပါဓာတ္ ယိုစီးမွဳေၾကာင့္ ရုပ္သ႑ာန္ လွပမႈတြင္ ရင္ႏွင့္တင္စသည္ျဖင့္ ရုပ္ကိုေရွ႕ေဆာင္ျခင္းျဖစ္ေလသည္။

အမ်ိဳးသမီးမ်ား၏ က်န္းမာေရးသည္ မီးယပ္ေသြးႏွင့္ သက္ဆိုင္ေနတတ္ေပသည္။ ထိုေၾကာင့္လည္း မီးယပ္ေသြးလစဥ္မွန္မွန္ ဆင္းသက္ေစရန္ အမ်ိဳးသမီးမ်ား ေစာင့္ေရွာက္သင့္လွ၏။ အမ်ိဳးသမီးမ်ားသည္ အဓိကအားျဖင့္ မီးယပ္ေသြး မမွန္ျခင္းမွ စကာ မီးယပ္ေရာဂါ အမ်ိဳးမ်ိဳးကို ခံစားၾကရသည္။

အမ်ိဳးသမီးအမ်ားစု ခံစားရတတ္ေသာ မီးယပ္ေသြးဆံုးျခင္းႏွင့္ ပတ္သက္ျပီး တင္ျပရပါလွ်င္ ေသြးဆံုးခ်ိန္နီးသည္ အခ်ိန္ ၾကားကာလမ်ိဳးတြင္ ေရာဂါ၏ မာယာက စတင္တတ္ေလသည္။

ခ်မ္းလိုက္၊ ပူလိုက္ျဖစ္၏။ ေခါင္းကိုက္ျခင္း၊ႏွလံုးတုန္၊ ေမာပန္းျခင္းလည္း ျဖစ္၏။ ထိုမွ်မက ေျခဖ်ား၊ လက္ဖ်ားတို႔ ေအးျပီး စိတ္မျငိမ္မသက္ ျဖစ္ရကာ စားမေကာင္္း အိပ္မေပ်ာ္ စံုလင္လွေပသည္။

ထိုေၾကာင့္ ထိုအမ်ိဳးသမီး၏ က်န္းမာေရးသည္ ေကာင္းလိုက္၊ မေကာင္းလိုက္ နာလည္ရ ခက္ေနတတ္ေလသည္။ ဒါေၾကာင့္လည္း မီးယပ္ေသြးဆံုးေယာက်ာ္းမုန္း ဟု စာပင္ခ်ိဳးၾက ေတာ့သည္။

မီးယပ္ေသြးဆံုးျခင္းႏွင့္ ပတ္သက္၍ တိုင္းရင္းေဆး ဆရာၾကီး ဦးၾကြယ္ အလြန္ ထိေရာက္ေသာ ေဆးနည္းေကာင္းေလးအား ေပးဖူးပါသည္။

ထိုေဆးနည္းမွာ ေသြးဆံုးမီးယပ္ ခံစားေနရေသာအမ်ိဳးသမီး တစ္ပတ္တစ္ၾကိမ္ႏွဳန္း တစ္လလွ်င္ (၄) ၾကိမ္ လြယ္လင့္တကူ ေသာက္ေပးရန္ျဖစ္ပါသည္။

(၁) ထမင္းရည္ ငါးၾကင္းဖန္ခြက္ (၁) ခြက္

(၂) ၾကက္ဥစိမ္း (၁) လံုး (အိမ္ၾကက္ဥရပါက ပိုေကာင္းပါသည္)

(၃) ငရုတ္ေကာင္းမႈန္႔ (၅) ေစ့စာ

(၄) ဆားအနည္းငယ္

(၅) ပ်ားရည္ (၂) က်ပ္သား

ထမင္းရည္ပူပူထဲ ၾကက္ဥကို ေဖာက္ထည့္ေပးျပီး ငရုတ္ေကာင္း၊ ဆားထည္႔ျပီး ပ်ားရည္ ထည့္ေမႊ၍ ထမင္းရည္ ေႏြးေႏြးကို တစ္ခါတည္း ေသာက္ေပးျခင္း ျဖစ္ေလသည္။

၀န္ထမ္းဘ၀တစ္ေလွ်ာက္ တိုင္းရင္းေဆးဆရာၾကီးဦးၾကြယ္ေပး ေသာေဆးနည္းျဖင့္ ေရာက္ရွိရာေနရာေဒသမ်ားတြင္ ေဆးနည္း ဒါနျပဳခဲ႔ရာ အေတာ္ပင္ ထိေရာက္ အက်ိဳးရွိပါ၍ လိုသူတို႔ သံုးနိုင္ပါရန္ အပန္းမၾကီးေသာ မီးယပ္ေသြးဆံုး ေဆးနည္းကို တင္ျပလိုက္ပါသည္။

လိုသူယူသံုး ေစတနာ အျပံဳးျဖင့္ ရႊင္လန္းၾကပါေစ…။

Credit:lwinpyin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ယောကျ်ားတေဇော၊ မိန်းမအာပေါ ဆိုသော တိုင်းရင်းဆေးပညာ၏ ဝေါ်ဟာရရှိ၏။ အမျိုးသားတို့က တေဇောဓာတ် လွန်ကဲတတ်ကြပြီး အမျိုးသမီးတို့က အာပေါဓာတ်နှင့် ပထဝီဓာတ်များ လွန်ကဲလေ့ ရှိသည်ဟုဆို၏။

အမျိုးသမီးတို့သည် မီးယပ်သွေးတည်းဟူသော အာပေါဓာတ် ယိုစီးမှုကြောင့် ရုပ်သဏ္ဍာန် လှပမှုတွင် ရင်နှင့်တင်စသည်ဖြင့် ရုပ်ကိုရှေ့ဆောင်ခြင်းဖြစ်လေသည်။

အမျိုးသမီးများ၏ ကျန်းမာရေးသည် မီးယပ်သွေးနှင့် သက်ဆိုင်နေတတ်ပေသည်။ ထိုကြောင့်လည်း မီးယပ်သွေးလစဉ်မှန်မှန် ဆင်းသက်စေရန် အမျိုးသမီးများ စောင့်ရှောက်သင့်လှ၏။ အမျိုးသမီးများသည် အဓိကအားဖြင့် မီးယပ်သွေး မမှန်ခြင်းမှ စကာ မီးယပ်ရောဂါ အမျိုးမျိုးကို ခံစားကြရသည်။

အမျိုးသမီးအများစု ခံစားရတတ်သော မီးယပ်သွေးဆုံးခြင်းနှင့် ပတ်သက်ပြီး တင်ပြရပါလျှင် သွေးဆုံးချိန်နီးသည် အချိန် ကြားကာလမျိုးတွင် ရောဂါ၏ မာယာက စတင်တတ်လေသည်။

ချမ်းလိုက်၊ ပူလိုက်ဖြစ်၏။ ခေါင်းကိုက်ခြင်း၊နှလုံးတုန်၊ မောပန်းခြင်းလည်း ဖြစ်၏။ ထိုမျှမက ခြေဖျား၊ လက်ဖျားတို့ အေးပြီး စိတ်မငြိမ်မသက် ဖြစ်ရကာ စားမကောင်း အိပ်မပျော် စုံလင်လှပေသည်။

ထိုကြောင့် ထိုအမျိုးသမီး၏ ကျန်းမာရေးသည် ကောင်းလိုက်၊ မကောင်းလိုက် နာလည်ရ ခက်နေတတ်လေသည်။ ဒါကြောင့်လည်း မီးယပ်သွေးဆုံးယောကျာ်းမုန်း ဟု စာပင်ချိုးကြ တော့သည်။

မီးယပ်သွေးဆုံးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းဆေး ဆရာကြီး ဦးကြွယ် အလွန် ထိရောက်သော ဆေးနည်းကောင်းလေးအား ပေးဖူးပါသည်။

ထိုဆေးနည်းမှာ သွေးဆုံးမီးယပ် ခံစားနေရသောအမျိုးသမီး တစ်ပတ်တစ်ကြိမ်နှုန်း တစ်လလျှင် (၄) ကြိမ် လွယ်လင့်တကူ သောက်ပေးရန်ဖြစ်ပါသည်။

(၁) ထမင်းရည် ငါးကြင်းဖန်ခွက် (၁) ခွက်

(၂) ကြက်ဥစိမ်း (၁) လုံး (အိမ်ကြက်ဥရပါက ပိုကောင်းပါသည်)

(၃) ငရုတ်ကောင်းမှုန့် (၅) စေ့စာ

(၄) ဆားအနည်းငယ်

(၅) ပျားရည် (၂) ကျပ်သား

ထမင်းရည်ပူပူထဲ ကြက်ဥကို ဖောက်ထည့်ပေးပြီး ငရုတ်ကောင်း၊ ဆားထည့်ပြီး ပျားရည် ထည့်မွှေ၍ ထမင်းရည် နွေးနွေးကို တစ်ခါတည်း သောက်ပေးခြင်း ဖြစ်လေသည်။

ဝန်ထမ်းဘဝတစ်လျှောက် တိုင်းရင်းဆေးဆရာကြီးဦးကြွယ်ပေး သောဆေးနည်းဖြင့် ရောက်ရှိရာနေရာဒေသများတွင် ဆေးနည်း ဒါနပြုခဲ့ရာ အတော်ပင် ထိရောက် အကျိုးရှိပါ၍ လိုသူတို့ သုံးနိုင်ပါရန် အပန်းမကြီးသော မီးယပ်သွေးဆုံး ဆေးနည်းကို တင်ပြလိုက်ပါသည်။

လိုသူယူသုံး စေတနာ အပြုံးဖြင့် ရွှင်လန်းကြပါစေ…။

Credit:lwinpyin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top