iMyanmarHouse.com - Best Property Website for Myanmar
×


ရန္ျဖစ္ျပီးရင္ မွားမွားမွန္မွန္ အရင္ဆံုးေတာင္းပန္တဲ့သူက ပိုခ်စ္တဲ့သူပါ

အခ်စ္ရဲ႕ေဘးထြက္ဆိုးက်ိဳးေလးေတြျဖစ္တဲ့ ကေတာက္ကဆ ျဖစ္မႈ စိတ္သေဘာထားမတိုက္ဆိုင္ မႈေလး ေတြကေတာ့ ခ်စ္သူစံုတြဲေတာ္ေတာ္မ်ားမ်ားေတြ႕ၾကံဳရင္ဆိုင္ေရတဲ့ အေျခ အေနေလးေတြပဲ ျဖစ္ပါတယ္။ ဒီလိုမ်ိဳးကေတာက္ကဆျဖစ္ တယ္ဆိုတာ တစ္ဦးတစ္ေယာက္ဖက္က အမွားျပဳလုပ္မိတာ ျဖစ္ျဖစ္ တစ္စံုတစ္ေယာက္ရဲ႕ ပေယာဂေၾကာင့္ပဲျဖစ္ျဖစ္ နားလည္မႈလြဲတာမ်ိဳးပဲျဖစ္ျဖစ္ ျဖစ္တတ္ တဲ့ အေၾကာင္း အရာ ေလးေတြပါ။ ဒီအပုိင္းေတြေက်ာ္လြန္သြားျပီးတဲ့ ေနာက္မွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ျပန္လည္ အဆင္ေျပဖို႔ရာကို ဦးစားေပးၾကရတဲ့အပိုင္းတစ္ခုကို ေရာက္လို႔သြားပါျပီ။

ဒီအပိုင္းေလးဟာ လိင္ပိုင္းဆိုင္ရာနဲ႔ဆံုးျဖတ္ဖို႔မသင့္တဲ့ အပိုင္း တစ္ခုပါပဲ။ ေယာက်ာ္းေလးျဖစ္လို႔ အေလ်ာ့ေပးျပီးေခၚရမယ္ ဆိုတဲ့သတ္မွတ္ခ်က္ေတြဟာ မွားယြင္းေနျပီး မိန္းကေလးျဖစ္လုိ႔ စိတ္ေလ်ာ့ျပီးေခၚလိုက္ရမယ္ဆိုတဲ့ အသိေတြဟာလည္း မမွန္ ကန္ပါဘူး။

အမွန္တကယ္ျပန္ေတာင္း ပန္သင့္တာဟာ အမွား လုပ္တဲ့သူပါ။ ေယာက်ာ္းေလးျဖစ္ျဖစ္ မိန္းကေလးျဖစ္ျဖစ္ အမွား လုပ္တဲ့သူဟာ မွန္တ့ဲသူကိုေတာင္းပန္သင့္ပါတယ္။ ဒါဟာ သမားရိုးက်နည္းလမ္းတစ္ခုျဖစ္သလို မွန္ကန္တဲ့အေၾကာင္း တရားတစ္ခုလည္းျဖစ္ပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ စကားမ်ားၾကတဲ့အခါတုိင္းမွာ မွားမွားမွန္မွန္ အရင္ဆံုးေတာင္းပန္သူဟာ ပိုခ်စ္တဲ့သူပါ။ ခ်စ္တဲ့အတြက္ေၾကာင့္ မဆံုးရံႈးခ်င္တဲ့စိတ္နဲ႔ သင့္ကိုရန္ျဖစ္ျပီး တိုင္း ေတာင္းပန္ပါလိမ့္ မယ္။ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် သူ႕ရဲ႕ျဖစ္တည္မႈကို မတရားဘူးလို႔ခံစားလာရတဲ့အခါမွာေတာ့ မလိုလားအပ္တဲ့ျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကေတာက္ကဆျဖစ္ျပီးတဲ့အခ်ိန္မွာ ကိုယ္မွားမွန္းသိရင္ အျမန္ဆံုးေတာင္းပန္ပါ။ မွားတဲ့သူကအရင္ဆံုးေတာင္းပန္သင့္ တဲ့သူပါပဲ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ဖြစ်ပြီးရင် မှားမှားမှန်မှန် အရင်ဆုံးတောင်းပန်တဲ့သူက ပိုချစ်တဲ့သူပါ

အချစ်ရဲ့ဘေးထွက်ဆိုးကျိုးလေးတွေဖြစ်တဲ့ ကတောက်ကဆ ဖြစ်မှု စိတ်သဘောထားမတိုက်ဆိုင် မှုလေး တွေကတော့ ချစ်သူစုံတွဲတော်တော်များများတွေ့ကြုံရင်ဆိုင်ရေတဲ့ အခြေ အနေလေးတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးကတောက်ကဆဖြစ် တယ်ဆိုတာ တစ်ဦးတစ်ယောက်ဖက်က အမှားပြုလုပ်မိတာ ဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့်ပဲဖြစ်ဖြစ် နားလည်မှုလွဲတာမျိုးပဲဖြစ်ဖြစ် ဖြစ်တတ် တဲ့ အကြောင်း အရာ လေးတွေပါ။ ဒီအပိုင်းတွေကျော်လွန်သွားပြီးတဲ့ နောက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ပြန်လည် အဆင်ပြေဖို့ရာကို ဦးစားပေးကြရတဲ့အပိုင်းတစ်ခုကို ရောက်လို့သွားပါပြီ။

ဒီအပိုင်းလေးဟာ လိင်ပိုင်းဆိုင်ရာနဲ့ဆုံးဖြတ်ဖို့မသင့်တဲ့ အပိုင်း တစ်ခုပါပဲ။ ယောကျာ်းလေးဖြစ်လို့ အလျော့ပေးပြီးခေါ်ရမယ် ဆိုတဲ့သတ်မှတ်ချက်တွေဟာ မှားယွင်းနေပြီး မိန်းကလေးဖြစ်လို့ စိတ်လျော့ပြီးခေါ်လိုက်ရမယ်ဆိုတဲ့ အသိတွေဟာလည်း မမှန် ကန်ပါဘူး။

အမှန်တကယ်ပြန်တောင်း ပန်သင့်တာဟာ အမှား လုပ်တဲ့သူပါ။ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အမှား လုပ်တဲ့သူဟာ မှန်တဲ့သူကိုတောင်းပန်သင့်ပါတယ်။ ဒါဟာ သမားရိုးကျနည်းလမ်းတစ်ခုဖြစ်သလို မှန်ကန်တဲ့အကြောင်း တရားတစ်ခုလည်းဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် စကားများကြတဲ့အခါတိုင်းမှာ မှားမှားမှန်မှန် အရင်ဆုံးတောင်းပန်သူဟာ ပိုချစ်တဲ့သူပါ။ ချစ်တဲ့အတွက်ကြောင့် မဆုံးရှုံးချင်တဲ့စိတ်နဲ့ သင့်ကိုရန်ဖြစ်ပြီး တိုင်း တောင်းပန်ပါလိမ့် မယ်။ အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့ဖြစ်တည်မှုကို မတရားဘူးလို့ခံစားလာရတဲ့အခါမှာတော့ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကတောက်ကဆဖြစ်ပြီးတဲ့အချိန်မှာ ကိုယ်မှားမှန်းသိရင် အမြန်ဆုံးတောင်းပန်ပါ။ မှားတဲ့သူကအရင်ဆုံးတောင်းပန်သင့် တဲ့သူပါပဲ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top