iMyanmarHouse.com - Best Property Website for Myanmar
×


သံပုရာသီး


ပျားရည်


ကြက်သွန်နီ


သခွားသီး


သံလွင်ဆီ


Credit:marry


# Unicode Version # ဖြင့် ဖတ်ပါ #

အမာရွှတ်ဟာလူတိုင်းမှာ တော့အနည်းနဲ့အများ ရှိတက်ကြပါတယ်။ တစ်ချို့အမာရွှတ်က မသိသာပါဘူး။ တစ်ချို့ကြတော့ အလှပျက်အောင်အမာရွှတ်အများကြီးရှိတက်ကြပါတယ်။ အလှမပျက်အောင် အမာရွှတ်တွေလုံးဝပျောက်ကင်းသွားအောင်အိမ်သုံးနည်းလေးတွေပြောပြပေးပါမယ်။
သံပုရာသီး

သံပုရာသီးကို အမာရွှတ်ပေါ်မှာ လိမ်ပေးလို့ရပါတယ်။ သံပုရာသီးမှာ ပါဝင်တဲ့ အက်စစ်ဟာ ဆဲလ်သေတွေကို ဖယ်ရှားပြီးတော့ ဆဲလ်သစ်တွေကို ဖြစ်ပေါ်စေပါတယ်။ သံပုရာသီးဟာ အမာရွှတ်တွေကို အရောင်ဖျော့စေတဲ့ အစွမ်းရှိပါတယ်။ သံပုရာသီးနဲ့ အမာရွှတ်တွေကို မှန်မှန်လိမ်းပေးရင် အမာရွှတ်တွေကို ပျောက်ကင်းစေပါတယ်။

ပျားရည်

ပျားရည်ကလည်း အမာရွှတ်ပျောက်စေတဲ့ အစွမ်းရှိပါတယ်။ ပျားရည်စစ်စစ် ဆိုရင် ပိုပြီးကောင်းပါတယ်။ ပျားရည်မှာ သဘာဝကပေးတဲ့ moisturizer ပါဝင်ပါတယ်။ ပျားရည်ဟာ ကိုယ်အသားအရေပေါ်မှာရှိတဲ့ အမာရွှတ်တွေကို ပျောက်ကင်းပြီး တစ်ရူးသစ်တွေဖြစ်ပေါ်လာဖို့ အားပေးပါတယ်။ ပျားရည်ကိုအသုံးပြုပို လှပတဲ့အသားအရည်ကို ဖန်တီးလို့ရပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကိုလည်း အမာရွှတ်တွေပျောက်ကင်း ဖို့အတွက် အသုံးပြုလို့ရပါတယ်။ ကြက်သွန်နီဟာ အရေပြားပေါ်မှာ ရှိတဲ့အမာရွှတ်တွေကို သေးငယ်စေပြီး အမာရွှတ်ကိုအရှင်းပျောက်ကင်းစေပါတယ်။

သခွားသီး

သခွားသီးဟာ အိမ်တွင်းအသုံးပြုတဲ့ အသားအရည်ထိန်းသိမ်းတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သခွားသီးကို အသားအရေကိုနှုးညံစေဖို့ အသုံးပြုကြပါတယ်။ သခွားသီးဟာ အသားအရေကို ကျိန်းစပ်ခြင်းမရှိတဲ့အတွက် လူတိုင်းအသုံးပြုလို့ရပါတယ်။ အဲဒါကြောင့် သခွားသီးကို ဘယ်အသားအရေမျိုးကိုမဆို  အသုံးပြုလို့ရပြီး အမာရွှတ်ကိုပျောက်ကင်းစေပါတယ်။

သံလွင်ဆီ

သံလွင်ဆီဟာ အမာရွှတ်တွေကိုပျောက်ကင်းစေတဲ့ အိမ်သုံးဆေးတစ်လက်ဖြစ်ပါတယ်။ သံလွင်ဆီမှာ ဘီတာမင်အီနဲ့ ဘီတာမင်ကေ တို့ပါဝင်တာကြောင့် အိုမင်းရင့်ရောင်ခြင်းကို တားဆီပေးပါတယ်။ နောက်ပြီး အသားအရေကိုအကျိုးပြုတဲ့ အက်စစ်များစွာပါဝင်တဲ့အတွက်ကြောင့် အမာရွှတ်တွေကို ပျောက်ကင်းစေပြီး အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။

Credit:marry

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top