iMyanmarHouse.com - Best Property Website for Myanmar
×












# Unicode Version # ဖြင့် ဖတ်ပါ #

အချိန်ကာလ တခုက ရည်းစား တစ်ယောက် ထားခဲ့ ဖူးတယ်ရည်းစား ဖြစ်ခါစ တုန်းကတော့ လမ်းမခွဲဘူးနော် လို့သူက ချည်းပဲ အရင် စပြီး ကတိတွေ တောင်းတယ်
ထား မသွားပါဘူး လို့လည်းသူက ချည်းပဲ ကတိ အရင်ပေးတယ်

ကိုယ်က လည်း ယုံကြည်မှု တွေကိုအလုံးအရင်းနဲ့ ထိုးပေးခဲ့ တယ်ကြာလာတော့ အချိုးတွေ ပြောင်းလာတယ်သင်ခန်းစာ ရသွားတယ်( ချစ်သူနှစ်ဦးမှာ ကတိ အရင်ပေးတဲ့သူ ကတိ အရင်တောင်းတဲ့ သူကမှ ဖောက်ပြန်တဲ့သူ ဆိုတာကို )

စုံစမ်း ကြည့်လိုက်တော့နောက်တစ်ယောက် ရနေတယ် ဆိုတာကိုသိလိုက် ရတယ်
သိသိချင်း သေမလောက် ခံစားရသလိုအရမ်းလည်း ဒေါသထွက် နာကျင်ခဲ့ မိတယ်
ဒါပေမယ့် သင်ခန်းစာ ရသွားတယ်( ယုံကြည်မူ ဆိုတာ ဖောက်ပြန်ဖို့ အတွက်မွေးဖွား လာတဲ့ စကားလုံး ဆိုတာကို )

ဖောက်ပြန်နေတာ သိလိုက်တော့ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲ မယ်လို့ ဆုံးဖြတ်ချက် ချခဲ့မိတယ် တကယ်တမ်း ကျတော့ မပြတ်နိုင် တာကကိုယ်ကိုယ်တိုင် ဖြစ်နေမှန်း သိလိုက်တော့

နောက်တစ်ယောက် မထားပါနဲ့အရင်တုန်းက သံယောဇဉ် မျက်နှာ လေးတွေ ထောက်ပြီး
ဖောက်ပြန် နေတာကို ရပ်ဆိုင်း ပေးပါလို့ ဆိုပြီးသိသိကြီးနဲ့ အနူးအညွှတ် တောင်းပန် မိတရ်
ထပ်ပြီးတော့ သင်ခန်းစာ ရလိုက်တယ်( မပြတ်သားတဲ့ အခါ အမှတ် မထားတဲ့ အခါ
အကြိမ်ကြိမ် အခါခါ နာကျင် ရတယ်လို့ )

သူ့ဘက်က တဖြည်းဖြည်းနဲ့သွေးအေးပြီးအဆက်အသွယ် တွေ ဖြတ်လာပေမယ့်
ကိုယ်ကတော့ နည်းမျိုးစုံနဲ့ ဆက်သွယ် မိတယ်Sms ပို့တော့လည်း Reply မပြန်
ဖုန်းခေါ် တော့လဲမကိုင်နဲ့ ရှောင်လွဲ နေခဲ့တယ်ထပ်ပြီးတော့ သိလိုက်ရတယ်
( ဖောက်ပြန် တတ်တဲ့သူတွေက အမှန်တရားနဲ့ ထိပ်တိုက် တွေ့မှာကို သေမလောက် ကြောက်နေတတ်တယ် ဆိုတာကို )

နောက်ဆုံး လုံးဝ သည်းမခံနိုင် တဲ့ အဆုံးကျတော့မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတဲ့ ကိုယ်ကို
ပြန်ပြီး သနားမိတာ နဲ့ပဲကိုယ့်နှလုံးသားကို ကိုယ်ကိုယ် တိုင်ပဲ တိုက်ပိတ်ပြီးထောင်သွင်း အကျဉ်းချ ပစ်လိုက်တယ် ကိုယ့်ဘက်က အဆက်သွယ် ဖြတ်တယ်

ကိုယ်ဘက်ကနေ မခံစားနိုင်တဲ့ အဆုံးအဆက်သွယ် ဖြတ်ပြီးခါစတုန်းကတော့
လုပ်ဇာတ် ခင်းခဲ့တဲ့ သူ့လုပ်ရပ်ကိုတွေးမိတိုင်း ဒေါသက ထွက်နေတုန်းသူ့ကို ပြန်ပြီးကလဲ့စားချေမယ်လို့ ဆုံးဖြတ်မိတရ်နောက်မှ သိလိုက်ရတာက( ကလဲ့စားချေတာထက်
ဥပေက္ခာပြုတဲ့နည်းက ပိုထိ ရောက်တယ် ဆိုတာကို )

ဒီစာကို Shareတာ နင်မြင်တဲ့အခါနင့်ကို သတိရနေတယ် ထင်ပြီး
Feel တွေ သိပ်တတ်မနေပါနဲ့ ဒီစာ Share တာနင့်ကို ကျေးဇူးတင်ကြောင်း ပြောချင်ရုံ သက်သက်ပါပဲ ။ကျန်တာကတော့ နင်နဲ့ပတ်သတ်ပြီး No Feeling ပါပဲ

ဘဝမှာ ကိုယ့်ကိုရင့်ကျက်သွားအောင် သင်ခန်းစာဆိုးတွေနဲ့အများဆုံး ပြုပြင်ပြောင်းလဲပေးသွားနိုင်တဲ့သူကနှစ်မျိုးပဲ ရှိတယ်” ကိုယ်ကချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တယ် ဆိုတဲ့သူ ”အခုချိန်မှာ အချစ်နဲ့ပတ်သတ်လာရင်ဆင်တူယိုးမှား အတုအပ အမှားအမှန် တွေကို
ခွဲခြားပြီး သတိပြုမိအောင်ပါးစပ်ပါတိုင်း ချစ်တယ်လို့ လာပြောနေတဲ့ လူတိုင်းကိုမယုံကြည် မိတော့အောင်သင်ခန်းစာတွေပေးသွားတဲ့ ရည်းစားဟောင်းဖြစ်တဲ့ရည်းစားဟောင်း ကို တွေးမိတိုင်း ကျေးဇူးတွေ တင်နေမိတယ်…

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top