iMyanmarHouse.com - Best Property Website for Myanmar
×

အစားအစာေတြရဲ႕ အနံ႔ကို ရရုံနဲ႔ လူတစ္ေယာက္ဟာ ဝလာႏုိင္တယ္လို႔ သုေတသနတစ္ခုက ဆုိပါတယ္။ အဆုိပါသုေတသနရဲ႕ ေတြ႕ရွိခ်က္အရ အနံ႔အာရုံဆံုးရႈံးေနတဲ့ အဝလြန္ၾကြက္ေတြဟာ ခႏၶာကိုယ္အေလးခ်ိန္ ေလ်ာ့နည္းလာျပီး အနံ႔အာရုံေကာင္းတဲ့ ၾကြက္ေတြကေတာ့ သူတို႔ခႏၶာကိုယ္ရဲ႕ ႏွစ္ဆျဖစ္လာတာပါ။

အစားအေသာက္ရဲ႕ အနံ႔ဟာလည္း ခႏၶာကိုယ္ရဲ႕ ကယ္လိုရီေတြအေပၚ တံု႔ျပန္မႈမွာ အဓိကအခန္းက႑က ပါဝင္ေနတာျဖစ္ေၾကာင္း အဆုိပါ ေတြ႕ရွိခ်က္ရဲ႕ ရလဒ္က ေထာက္ျပေနတာ ျဖစ္တယ္လို႔ ဆုိပါတယ္။

(သင္စိတ္ဝင္စားႏုိင္တဲ့ေဆာင္းပါး - အိပ္ေနရင္းေဟာက္တတ္တာကို ဘယ္လိုကုစားၾကမလဲ)
play

အနံ႔အာရုံနဲ႔ ဦးေႏွာက္ၾကားက ဆက္စပ္မႈကိုလည္း အဆိုပါသုေတသနက အဓိက ေထာက္ျပခဲ့ပါတယ္။ကၽြန္ေတာ္တို႔ဟာ အနံ႔ကုိ ထိန္းခ်ဳပ္ကိုင္တြယ္ႏုိင္တဲ့အခါ ဦးေႏွာက္ရဲ႕ စြမ္းအင္ေတြအေပၚတံု႔ျပန္ပံုနဲ႔ အလုပ္လုပ္ပံုေတြကိုလည္း ေျပာင္းလဲလို႔ ရမယ္လို႔ သုေတသနက ေထာက္ျပထားေၾကာင္း အဆုိပါေလ့လာမႈကို ျပဳလုပ္ခဲ့တဲ့ Los Angeles ျမိဳ႕ Cedars-Sinai ေဆးပညာစင္တာမွ ဆီလင္း ရိုင္ရာက ေျပာၾကားထားပါတယ္။

ၾကြက္ေတြဟာ လူေတြလိုပဲ အစာစားျပီးတဲ့အခ်ိန္ထက္ ဆာေလာင္ေနခ်ိန္မွာ အနံ႔ခံအာရုံ ပိုမိုျပင္းထန္တာ ျဖစ္ျပီး အနံ႔အာရုံကင္းမဲ့မႈဟာ ခႏၶာကိုယ္ကို အစာစားျပီးသလို လွည့္ဖ်ားတာမ်ိဳး ျဖစ္ႏုိင္ေခ်ရွိတယ္လို႔လည္း ဆိုပါတယ္။အဆိုပါေတြ႕ရွိခ်က္ကို Cell Metabolism ဂ်ာနယ္မွာ ထုတ္ေဝခဲ့တာျဖစ္ပါတယ္။ အာရုံခံစနစ္ေတြဟာ ခႏၶာကိုယ္ဇီဝျဖစ္စဥ္မွာ အဓိကအခန္းက႑မွာ ရွိေနျပီး ဝတာဟာ ကယ္လိုရီကိစၥသက္သက္ မဟုတ္ဘဲ အဆိုပါကယ္လိုရီေတြကို ဘယ္လိုတံု႔ျပန္လဲဆိုတာနဲ႔ သက္ဆုိင္မႈ ရွိတယ္လို႔ California တကၠသိုလ္မွ အန္ဒရူးဒဲလင္းကလည္း ေျပာၾကားထားပါတယ္။

Credit: MM
ဗဟုသုတ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အစားအစာတွေရဲ့ အနံ့ကို ရရုံနဲ့ လူတစ်ယောက်ဟာ ဝလာနိုင်တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ အဆိုပါသုတေသနရဲ့ တွေ့ရှိချက်အရ အနံ့အာရုံဆုံးရှုံးနေတဲ့ အဝလွန်ကြွက်တွေဟာ ခန္ဓာကိုယ်အလေးချိန် လျော့နည်းလာပြီး အနံ့အာရုံကောင်းတဲ့ ကြွက်တွေကတော့ သူတို့ခန္ဓာကိုယ်ရဲ့ နှစ်ဆဖြစ်လာတာပါ။

အစားအသောက်ရဲ့ အနံ့ဟာလည်း ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေအပေါ် တုံ့ပြန်မှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာဖြစ်ကြောင်း အဆိုပါ တွေ့ရှိချက်ရဲ့ ရလဒ်က ထောက်ပြနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အိပ်နေရင်းဟောက်တတ်တာကို ဘယ်လိုကုစားကြမလဲ)
play

အနံ့အာရုံနဲ့ ဦးနှောက်ကြားက ဆက်စပ်မှုကိုလည်း အဆိုပါသုတေသနက အဓိက ထောက်ပြခဲ့ပါတယ်။ကျွန်တော်တို့ဟာ အနံ့ကို ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့အခါ ဦးနှောက်ရဲ့ စွမ်းအင်တွေအပေါ်တုံ့ပြန်ပုံနဲ့ အလုပ်လုပ်ပုံတွေကိုလည်း ပြောင်းလဲလို့ ရမယ်လို့ သုတေသနက ထောက်ပြထားကြောင်း အဆိုပါလေ့လာမှုကို ပြုလုပ်ခဲ့တဲ့ Los Angeles မြို့ Cedars-Sinai ဆေးပညာစင်တာမှ ဆီလင်း ရိုင်ရာက ပြောကြားထားပါတယ်။

ကြွက်တွေဟာ လူတွေလိုပဲ အစာစားပြီးတဲ့အချိန်ထက် ဆာလောင်နေချိန်မှာ အနံ့ခံအာရုံ ပိုမိုပြင်းထန်တာ ဖြစ်ပြီး အနံ့အာရုံကင်းမဲ့မှုဟာ ခန္ဓာကိုယ်ကို အစာစားပြီးသလို လှည့်ဖျားတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။အဆိုပါတွေ့ရှိချက်ကို Cell Metabolism ဂျာနယ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အာရုံခံစနစ်တွေဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်မှာ အဓိကအခန်းကဏ္ဍမှာ ရှိနေပြီး ဝတာဟာ ကယ်လိုရီကိစ္စသက်သက် မဟုတ်ဘဲ အဆိုပါကယ်လိုရီတွေကို ဘယ်လိုတုံ့ပြန်လဲဆိုတာနဲ့ သက်ဆိုင်မှု ရှိတယ်လို့ California တက္ကသိုလ်မှ အန်ဒရူးဒဲလင်းကလည်း ပြောကြားထားပါတယ်။

Credit: MM
ဗဟုသုတ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top