iMyanmarHouse.com - Best Property Website for Myanmar
×

မနက္စာဟာ တစ္ေန႔တာလံုးမွာအေရးအႀကီးဆံုးအစားအစာပါ ဆိုတဲ႔အေၾကာင္းကို အင္တာနက္ေပၚကေနရာအႏွံ႕အျပားမွာ ျမင္ဖူးဖတ္ဖူးၾကမွာပါ။ ဒါေပမယ္႔ ဘာေၾကာင္႔အေရးႀကီးတာလဲဆိုတဲ႔ အေၾကာင္းျပခ်က္ကိုေကာ သိၾကပါရဲ႕လား။ နီကိုတင္း (ေဆးလိပ္) ပမာဏေလွ်ာ႔ခ်ဖို႔နဲ႔ ကိုယ္အေလးခ်ိန္္က်ဆင္းေစဖို႔အတြက္ ကြ်န္ေတာ္တို႔ေတြ မနက္စာကို ေန႕လည္စာနဲ႕မွ ေပါင္းစား တတ္ၾကပါတယ္။ ဒါဟာ မွန္ကန္တဲ႔လုပ္ရပ္တစ္ခုေကာ ဟုတ္ပါသလား။

မနက္စာမစားဘဲေနလိုက္မယ္ဆိုရင္ ေန႕လည္စာမစားခင္ ဗိုက္ဆာေနမယ္ဆိုတဲ႔ အခ်က္ေတြအျပင္ ဘာဆိုးက်ိဳးေတြ ရွိႏိုင္ပါေသးသလဲ။

၁။ ႏွလံုးအတြက္မေကာင္းဘူး

JAMA မွာထုတ္ေဝေဖာ္ျပခဲ႔တဲ႔ ေလ႔လာမႈတစ္ခုအဆိုအရဆိုရင္ မနက္စာမစားဘဲေနတဲ႔ အမ်ိဳးသားေတြဟာ မနက္စာစားတဲ႔ အမ်ိဳးသားေတြနဲ႔ႏႈိင္းယွဥ္ရင္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခ (၂၇) ရာခိုင္ႏႈန္းပိုမ်ားပါတယ္တဲ႔။ သုေတသနကိုဦးေဆာင္ခဲ႔တဲ႔ Dr. Leah Cahill ကေတာ႔ ရလဒ္ကသိပ္စိုးရိမ္စရာေတာ႔မရွိပါဘူးလို႔ ဆုိပါတယ္။ ဒါေပမယ္႔ က်န္းမာတဲ႔မနက္စာတစ္နပ္ကို စားသံုးေပးျခင္းက ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ႔ခ်ေပး ႏိုင္တယ္လို႔ သူမကဆိုပါတယ္။

မနက္စာကိုေရွာင္တဲ႔လူေတြဟာ ေသြးတိုးႏိုင္ေျခလည္းပိုမ်ားၿပီး အဲဒီကမွွွတဆင္႔ ေသြးေၾကာပိတ္ဆို႔ျခင္းေတြျဖစ္ေစႏိုင္ပါတယ္။ အဲဒီကမွတဆင္႔ ႏွလံုးေသြးေၾကာနဲ႔ဆိုင္တဲ႔ေရာဂါေတြ၊ ေလျဖတ္ေလငန္းေရာဂါ ေတြဆီကိုလည္း ဦးတည္ေစႏိုင္ပါတယ္။

၂။ Type 2 ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္ႏိုင္ေျခပိုမ်ားတယ္

ဟားဗက္ထ္ ျပည္သူ႕က်န္းမာေရးတကၠသိုလ္ရဲ႕သုေတသနကေတာ႔ အစာစားတဲ႔အေလ႔အထေတြနဲ႔ က်န္းမာေရးၾကားက ဆက္ႏြယ္မႈေတြကိုေလ႔လာခဲ႔တာပါ။ အဲဒီသုေတသနကို အမ်ိဳးသမီး (၄၆၂၈၉) ေယာက္ ပါဝင္ခဲ႔ၾကၿပီး အခ်ိန္ကာလအားျဖင္႔ (၆) ႏွစ္ၾကာျမင္႔ခဲ႔ပါတယ္။ သုေတသနရလဒ္ေတြကေတာ႔ စိတ္ေက်နပ္စရာပါပဲ။ ရလဒ္ေတြအရ မနက္စာေရွာင္တဲ႔ အမ်ိဳးသမီးေတြဟာ မနက္စာပံုမွန္စားတဲ႔အမ်ိဳးသမီးေတြနဲ႕ စာရင္ Type 2 ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္ႏိုင္ေျခပိုမ်ားပါတယ္တဲ႕။

ပိုဆိုးတာတစ္ခုကေတာ႔ မနက္စာကိုေရွာင္တဲ႔ အျပင္ထြက္အလုပ္လုပ္ေနရတဲ႔အမ်ိဳးသမီးေတြဟာ Type 2 ဆီးခ်ိဳေသြးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခက ၅၄ ရာခိုင္ႏႈန္းေလာက္ရွိတယ္ဆိုတာပါပဲ။ အျပင္ထြက္အလုပ္လုပ္ ေနရတဲ႔ ကုမၼဏီဝန္ထမ္းအမ်ိဳးသမီးေတြ သတိျပဳသင္႔ပါတယ္။

၃။ မနက္စာေရွာင္ျခင္းက ကိုယ္အေလးခ်ိန္တက္ေစပါတယ္

ဒီတစ္ခုကေတာ႔ နည္းနည္းေတာ႔ေၾကာင္အမ္းအမ္းႏိုင္ေစမွာပါ။ အစားေလွ်ာ႔စားတာ ဘာလို႔ကိုယ္အေလးခ်ိန္တက္ေစတာလဲဆိုၿပီး။ မနက္စာမစားျခင္းရဲ႕က်န္းမာေရးဆိုးက်ိဴးေတြကို ေလ႔လာခဲ႔တဲ႔ သုေတသနေတြရဲ႕အဆိုအရေတာ႔ မနက္ခင္းစာကိုလြတ္တဲ႔လူေတြဟာ ဝိတ္က်လာမယ္႔အစား ကုိယ္အေလးခ်ိန္ပိုတက္လာႏိုင္စရာ အခြင္႔အလမ္းပိုမ်ားပါတယ္တဲ႔။ ဘာေၾကာင္႔မ်ားပါလဲ။

မနက္စာ မစားျခင္းဟာ သၾကားနဲ႔အဆီမ်ားတဲ႔အစားအေသာက္ေတြ စားခ်င္ေသာက္ခ်င္စိတ္ကို ပိုမိုျမင္႔တက္လာေစႏိုင္ပါတယ္။ ဒါ႔အျပင္ ဆာေလာင္မႈဟာ ပိုမိုျပင္းထန္လာၿပီး ေတြ႕သမွ်မုန္႕ကို ဝယ္စားမိတဲ႔ အေျခဆိုက္တတ္ပါတယ္။ ဒီလိုနဲ႔ လိုအပ္တာထက္ ပိုစားမိတဲ႔ဘဝကိုလည္းေရာက္တတ္ပါတယ္။ ဆာေလာင္မႈပိုမ်ားေလေလ၊ ပိုစားမိေလေလ ျဖစ္တတ္လို႔ပါပဲ။ ဒီလိုနဲ႔တေန႕တာစားသင္တဲ႔ ကယ္လိုရီပမာဏကို ေက်ာ္လြန္သြားျပန္ပါေလေရာ။

Credit: MM
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မနက်စာဟာ တစ်နေ့တာလုံးမှာအရေးအကြီးဆုံးအစားအစာပါ ဆိုတဲ့အကြောင်းကို အင်တာနက်ပေါ်ကနေရာအနှံ့အပြားမှာ မြင်ဖူးဖတ်ဖူးကြမှာပါ။ ဒါပေမယ့် ဘာကြောင့်အရေးကြီးတာလဲဆိုတဲ့ အကြောင်းပြချက်ကိုကော သိကြပါရဲ့လား။ နီကိုတင်း (ဆေးလိပ်) ပမာဏလျှော့ချဖို့နဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် ကျွန်တော်တို့တွေ မနက်စာကို နေ့လည်စာနဲ့မှ ပေါင်းစား တတ်ကြပါတယ်။ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုကော ဟုတ်ပါသလား။

မနက်စာမစားဘဲနေလိုက်မယ်ဆိုရင် နေ့လည်စာမစားခင် ဗိုက်ဆာနေမယ်ဆိုတဲ့ အချက်တွေအပြင် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသေးသလဲ။

၁။ နှလုံးအတွက်မကောင်းဘူး

JAMA မှာထုတ်ဝေဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအဆိုအရဆိုရင် မနက်စာမစားဘဲနေတဲ့ အမျိုးသားတွေဟာ မနက်စာစားတဲ့ အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ (၂၇) ရာခိုင်နှုန်းပိုများပါတယ်တဲ့။ သုတေသနကိုဦးဆောင်ခဲ့တဲ့ Dr. Leah Cahill ကတော့ ရလဒ်ကသိပ်စိုးရိမ်စရာတော့မရှိပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်းမာတဲ့မနက်စာတစ်နပ်ကို စားသုံးပေးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေး နိုင်တယ်လို့ သူမကဆိုပါတယ်။

မနက်စာကိုရှောင်တဲ့လူတွေဟာ သွေးတိုးနိုင်ခြေလည်းပိုများပြီး အဲဒီကမှတဆင့် သွေးကြောပိတ်ဆို့ခြင်းတွေဖြစ်စေနိုင်ပါတယ်။ အဲဒီကမှတဆင့် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေ၊ လေဖြတ်လေငန်းရောဂါ တွေဆီကိုလည်း ဦးတည်စေနိုင်ပါတယ်။

၂။ Type 2 ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေပိုများတယ်

ဟားဗက်ထ် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရဲ့သုတေသနကတော့ အစာစားတဲ့အလေ့အထတွေနဲ့ ကျန်းမာရေးကြားက ဆက်နွယ်မှုတွေကိုလေ့လာခဲ့တာပါ။ အဲဒီသုတေသနကို အမျိုးသမီး (၄၆၂၈၉) ယောက် ပါဝင်ခဲ့ကြပြီး အချိန်ကာလအားဖြင့် (၆) နှစ်ကြာမြင့်ခဲ့ပါတယ်။ သုတေသနရလဒ်တွေကတော့ စိတ်ကျေနပ်စရာပါပဲ။ ရလဒ်တွေအရ မနက်စာရှောင်တဲ့ အမျိုးသမီးတွေဟာ မနက်စာပုံမှန်စားတဲ့အမျိုးသမီးတွေနဲ့ စာရင် Type 2 ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေပိုများပါတယ်တဲ့။

ပိုဆိုးတာတစ်ခုကတော့ မနက်စာကိုရှောင်တဲ့ အပြင်ထွက်အလုပ်လုပ်နေရတဲ့အမျိုးသမီးတွေဟာ Type 2 ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေက ၅၄ ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတာပါပဲ။ အပြင်ထွက်အလုပ်လုပ် နေရတဲ့ ကုမ္မဏီဝန်ထမ်းအမျိုးသမီးတွေ သတိပြုသင့်ပါတယ်။

၃။ မနက်စာရှောင်ခြင်းက ကိုယ်အလေးချိန်တက်စေပါတယ်

ဒီတစ်ခုကတော့ နည်းနည်းတော့ကြောင်အမ်းအမ်းနိုင်စေမှာပါ။ အစားလျှော့စားတာ ဘာလို့ကိုယ်အလေးချိန်တက်စေတာလဲဆိုပြီး။ မနက်စာမစားခြင်းရဲ့ကျန်းမာရေးဆိုးကျိူးတွေကို လေ့လာခဲ့တဲ့ သုတေသနတွေရဲ့အဆိုအရတော့ မနက်ခင်းစာကိုလွတ်တဲ့လူတွေဟာ ဝိတ်ကျလာမယ့်အစား ကိုယ်အလေးချိန်ပိုတက်လာနိုင်စရာ အခွင့်အလမ်းပိုများပါတယ်တဲ့။ ဘာကြောင့်များပါလဲ။

မနက်စာ မစားခြင်းဟာ သကြားနဲ့အဆီများတဲ့အစားအသောက်တွေ စားချင်သောက်ချင်စိတ်ကို ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။ ဒါ့အပြင် ဆာလောင်မှုဟာ ပိုမိုပြင်းထန်လာပြီး တွေ့သမျှမုန့်ကို ဝယ်စားမိတဲ့ အခြေဆိုက်တတ်ပါတယ်။ ဒီလိုနဲ့ လိုအပ်တာထက် ပိုစားမိတဲ့ဘဝကိုလည်းရောက်တတ်ပါတယ်။ ဆာလောင်မှုပိုများလေလေ၊ ပိုစားမိလေလေ ဖြစ်တတ်လို့ပါပဲ။ ဒီလိုနဲ့တနေ့တာစားသင်တဲ့ ကယ်လိုရီပမာဏကို ကျော်လွန်သွားပြန်ပါလေရော။

Credit: MM
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top