iMyanmarHouse.com - Best Property Website for Myanmar
×

မဂၤလာပါ ပ်ိဳေမတို့ေရ။ ဘယ္သူမွေတာ့ ကိုယ့္ရဲ႕မ်က္လံုးေအာက္မွာ အမည္းအကြင္းလိုက္ႀကီးေတြ ျဖစ္ေနတာကို လိုခ်င္ၾကမွာမဟုတ္ပါဘူးေနာ္။ ကိုယ့္ရဲ့မ်က္လံုးေလးကို ေတာက္ေတာက္ေျပာင္ေျပာင္နဲ့ ဝင္းလက္ေနဖို႕ကိုပဲ ဆႏၵရွိၾကပါတယ္။

အခုလို ပန္ဒါမ်က္ဝန္းေလးေတြ ျဖစ္လာရတဲ့ အေၾကာင္းအရင္းကေတာ့ စိတ္ဖိစီးမႈေတြ၊ ပင္ပန္းတာေတြ၊ ၊ အိပ္ေရးပ်က္တာေတြ၊ အစားအေသာက္မမွန္တာေတြနဲ႕ တခါတရံမွာ အလြန္အက်ဴး ငိုေၾကြးမိတာေတြေၾကာင့္ပါ။ အခုေခတ္မွာဆိုရင္ အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြပါ ပန္ဒါမ်က္ဝန္းေလးေတြကို ႀကံဳေတြ႕ေနရပါတယ္။ အသက္အရြယ္ရလာတာနဲ့အမွ် မ်က္လံုးတစ္ဝိုက္က အသားအေရဟာ ပါးလႊာလာတာေၾကာင့္ မ်က္ကြင္းေလးေတြကလည္း ပိုၿပီးသိသာလာတာျဖစ္ပါတယ္။

မ်က္ကြင္းညိဳတာက စိုးရိမ္ရေလာက္တဲ့ အေျခအေနမ်ိဳးမဟုတ္ေသာ္ျငားလည္း ကိုယ့္ကို ပင္ပန္းညိဳးႏြမ္းေနတဲ့အသြင္ ျဖစ္ေစႏိုင္သလို လက္ရွိထက္ကို ပိုၿပီးရင့္တဲ့ပံုေပါက္ေစႏိုင္ပါတယ္။ ဒီလိုအေျခအေနေတြကို ေက်ာ္လႊားဖို႕အတြက္ MyStyle Myanmar ကေန နည္းလမ္းေကာင္းေလးေတြ မွ်ေဝးေပးမယ္ေနာ္။

၁။ ႏို႕ေအး

Source: postbull.com

မ်က္ကြင္းညိဳတာ သက္သာဖို႕အတြက္ လြယ္လြယ္ဝယ္လို႕ရတဲ့ ႏို႕ေအးကို အသံုးျပဳႏိုင္ပါတယ္။ ဂြမ္းစကိုအလံုးေလးေတြ ႏွစ္လံုးျဖစ္ေအာင္ လံုးလိုက္ၿပီး ႏို႕ေအးထဲကို ႏွစ္ကာ မ်က္လံုးေပၚမွာ ၁၀ မိနစ္ သို႕မဟုတ္ ၁၅ မိနစ္ တင္ထားလိုက္ပါ။ အခ်ိန္ျပည့္ရင္ မ်က္ႏွာသစ္ေပးလိုက္ပါ။

၂။ သခြားသီး

လူတိုင္းနီးပါးသိတဲ့ နည္းလမ္းတစ္ခု သခြားသီးကို ပါးပါးေလးေတြလွီးၿပီး ေရခဲေသတၱာထဲမွာ ခဏအေအးခံထားပါ။ ၿပီးရင္ မ်က္လံုးေပၚမွာ အသာအုပ္ေပးလိုက္ၿပီး ၁၅ မိနစ္ေလာက္ထားေပးပါ။ မ်က္ကြင္းညိဳတာေတြသာမက နီရဲျခင္းနဲ႕ မ်က္အိမ္ေဖာင္းျခင္းတို႕ကိုပါ သက္သာေစမွာျဖစ္ပါတယ္။

၃။ ခရမ္းခ်ဥ္သီး

မ်က္ကြင္းညိဳတာေတြသာမက အသားအေရကိုႏူးညံ့စိုေျပေစမယ့္ ခရမ္းခ်ဥ္သီးကို အသံုးျပဳဖို႕အတြက္ ဦးစြာအရည္ျဖစ္ေအာင္လုပ္ပါ။ ၿပီးရင္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းယူကာ သံပုယိုရည္ (လီမြန္) လက္ဖက္ရည္ဇြန္း ၁ ဇြႏ္းႏွင့္ေရာေမႊ၍ မ်က္ကြင္းညိဳတဲ့ေနရာေပၚမွာ လိမ္းေပးလိုက္ပါ။ ၁၀ မိနစ္ျပည့္ရင္ ေရေအးေအးေလးနဲ႕ သန္႕စင္ေပးပါ။ ဒီနည္းလမ္းကို တစ္ေန႕ႏွစ္ႀကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္။

၄။ နႏြင္း

Source: Beauty recipes

နာနတ္သီးေဖ်ာ္ရည္ ႏွင့္ နႏြင္းမႈန္႕ကို လက္ဖက္ရည္ဇြန္း ၂ ဇြန္းစီယူကာ အႏွစ္ျဖစ္ေအာင္ျပဳလုပ္ပါ။ ရလာတဲ့အႏွစ္ကို မ်က္လံုးေအာက္မွာလိမ္းေပးၿပီး ၁၀ မိနစ္ထားၿပီးရင္ စိုထိုင္းထိုင္းအဝတ္တစ္ခုနဲ႕သုတ္ေပးလိုက္ပါ။ မ်က္ကြင္းညိဳတာေတြ ေပ်ာက္သြားတဲ့အထိ တစ္ေန႕တစ္ႀကိမ္ ျပဳလုပ္ေပးလို႕ရပါတယ္။

၅။ အာလူး

အာလူးကို အျပားလိုက္ျဖစ္ေအာင္ အတန္ငယ္ထူထူလွီးၿပီး ေအးခဲထားပါ။ ၿပီးရင္ မိနစ္ ၂၀ ေလာက္ မ်က္လံုးေပၚအုပ္ထားလိုက္ပါ။ အခ်ိန္ျပည့္ပါက ေရေအးေအးနဲ႕ မ်က္ႏွာသစ္၍ ညွင္ညွင္သာသာသုတ္ပါ။ ပန္ဒါမ်က္ဝန္းေတြ ကင္းရွင္းသြားတဲ့အထိ တစ္ပတ္လွ်င္ သံုးႀကိမ္ မွန္မွန္လုပ္ေပးႏိုင္ပါတယ္။

Credit: MyStyelmyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မင်္ဂလာပါ ပျိုမေတို့ရေ။ ဘယ်သူမှတော့ ကိုယ့်ရဲ့မျက်လုံးအောက်မှာ အမည်းအကွင်းလိုက်ကြီးတွေ ဖြစ်နေတာကို လိုချင်ကြမှာမဟုတ်ပါဘူးနော်။ ကိုယ့်ရဲ့မျက်လုံးလေးကို တောက်တောက်ပြောင်ပြောင်နဲ့ ဝင်းလက်နေဖို့ကိုပဲ ဆန္ဒရှိကြပါတယ်။

အခုလို ပန်ဒါမျက်ဝန်းလေးတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းတာတွေ၊ ၊ အိပ်ရေးပျက်တာတွေ၊ အစားအသောက်မမှန်တာတွေနဲ့ တခါတရံမှာ အလွန်အကျူး ငိုကြွေးမိတာတွေကြောင့်ပါ။ အခုခေတ်မှာဆိုရင် အမျိုးသားတွေရော အမျိုးသမီးတွေပါ ပန်ဒါမျက်ဝန်းလေးတွေကို ကြုံတွေ့နေရပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ မျက်လုံးတစ်ဝိုက်က အသားအရေဟာ ပါးလွှာလာတာကြောင့် မျက်ကွင်းလေးတွေကလည်း ပိုပြီးသိသာလာတာဖြစ်ပါတယ်။

မျက်ကွင်းညိုတာက စိုးရိမ်ရလောက်တဲ့ အခြေအနေမျိုးမဟုတ်သော်ငြားလည်း ကိုယ့်ကို ပင်ပန်းညိုးနွမ်းနေတဲ့အသွင် ဖြစ်စေနိုင်သလို လက်ရှိထက်ကို ပိုပြီးရင့်တဲ့ပုံပေါက်စေနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို ကျော်လွှားဖို့အတွက် MyStyle Myanmar ကနေ နည်းလမ်းကောင်းလေးတွေ မျှဝေးပေးမယ်နော်။

၁။ နို့အေး

Source: postbull.com

မျက်ကွင်းညိုတာ သက်သာဖို့အတွက် လွယ်လွယ်ဝယ်လို့ရတဲ့ နို့အေးကို အသုံးပြုနိုင်ပါတယ်။ ဂွမ်းစကိုအလုံးလေးတွေ နှစ်လုံးဖြစ်အောင် လုံးလိုက်ပြီး နို့အေးထဲကို နှစ်ကာ မျက်လုံးပေါ်မှာ ၁၀ မိနစ် သို့မဟုတ် ၁၅ မိနစ် တင်ထားလိုက်ပါ။ အချိန်ပြည့်ရင် မျက်နှာသစ်ပေးလိုက်ပါ။

၂။ သခွားသီး

လူတိုင်းနီးပါးသိတဲ့ နည်းလမ်းတစ်ခု သခွားသီးကို ပါးပါးလေးတွေလှီးပြီး ရေခဲသေတ္တာထဲမှာ ခဏအအေးခံထားပါ။ ပြီးရင် မျက်လုံးပေါ်မှာ အသာအုပ်ပေးလိုက်ပြီး ၁၅ မိနစ်လောက်ထားပေးပါ။ မျက်ကွင်းညိုတာတွေသာမက နီရဲခြင်းနဲ့ မျက်အိမ်ဖောင်းခြင်းတို့ကိုပါ သက်သာစေမှာဖြစ်ပါတယ်။

၃။ ခရမ်းချဉ်သီး

မျက်ကွင်းညိုတာတွေသာမက အသားအရေကိုနူးညံ့စိုပြေစေမယ့် ခရမ်းချဉ်သီးကို အသုံးပြုဖို့အတွက် ဦးစွာအရည်ဖြစ်အောင်လုပ်ပါ။ ပြီးရင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းယူကာ သံပုယိုရည် (လီမွန်) လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့်ရောမွှေ၍ မျက်ကွင်းညိုတဲ့နေရာပေါ်မှာ လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်ပြည့်ရင် ရေအေးအေးလေးနဲ့ သန့်စင်ပေးပါ။ ဒီနည်းလမ်းကို တစ်နေ့နှစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

၄။ နနွင်း

Source: Beauty recipes

နာနတ်သီးဖျော်ရည် နှင့် နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစီယူကာ အနှစ်ဖြစ်အောင်ပြုလုပ်ပါ။ ရလာတဲ့အနှစ်ကို မျက်လုံးအောက်မှာလိမ်းပေးပြီး ၁၀ မိနစ်ထားပြီးရင် စိုထိုင်းထိုင်းအဝတ်တစ်ခုနဲ့သုတ်ပေးလိုက်ပါ။ မျက်ကွင်းညိုတာတွေ ပျောက်သွားတဲ့အထိ တစ်နေ့တစ်ကြိမ် ပြုလုပ်ပေးလို့ရပါတယ်။

၅။ အာလူး

အာလူးကို အပြားလိုက်ဖြစ်အောင် အတန်ငယ်ထူထူလှီးပြီး အေးခဲထားပါ။ ပြီးရင် မိနစ် ၂၀ လောက် မျက်လုံးပေါ်အုပ်ထားလိုက်ပါ။ အချိန်ပြည့်ပါက ရေအေးအေးနဲ့ မျက်နှာသစ်၍ ညှင်ညှင်သာသာသုတ်ပါ။ ပန်ဒါမျက်ဝန်းတွေ ကင်းရှင်းသွားတဲ့အထိ တစ်ပတ်လျှင် သုံးကြိမ် မှန်မှန်လုပ်ပေးနိုင်ပါတယ်။

Credit: MyStyelmyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top