iMyanmarHouse.com - Best Property Website for Myanmar
×

ဝိုင္းစုခို္င္သိန္းဟာ သရုပ္ေဆာင္ပညာမွာလည္းထူးခြ်န္ျပီး သီခ်င္းဆိုရာမွာလည္း ေအးခ်မ္းတဲ့အသံေလးနဲ႔ ပရိသတ္ေတြရင္ထဲေရာက္တဲ့သီခ်င္းေတြဆိုတတ္တာေၾကာင့္ လြန္ခဲ့တဲ့နွစ္အတန္ၾကာကတည္းက ေအာင္ျမင္မႈရရွိထားျပီး တစ္နုိင္ငံလံုးကပရိသတ္ေတြရဲ႕အားေပးမႈကုိရရွိထားတဲ့အနုပညာရွင္တစ္ဦးျဖစ္္ပါတယ္။ ဝုိင္းစုုကလက္ရွိမွာ ငယ္ငယ္္ကတည္းက ခ်စ္ခဲဲ့တဲ့ခ်စ္သူ ေအာင္လနဲ႔ ျပန္လည္လက္တြဲျပီး ေပ်ာ္ရႊင္တဲ့ ခ်စ္သူဘဝေလးကုိပိုင္ဆိုင္ထားသူလည္းျဖစ္္ပါတယ္။

ဝုိင္းစုက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာလက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းနဲ႔ ေအာင္လနဲ႔အခ်စ္ေရးအေျခအေနကုိေျဖၾကားေပးသြားပါတယ္။ဝုိင္းစုက ပရိသတ္ေတြသိခ်င္ေနၾကတဲ့ လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကို “ဝုိ္င္းစု ဒီၾကားထဲမွာ သီခ်င္းေခြမထြက္ျဖစ္ဘူးေပါ့ေနာ္။ ဝုိင္းစုကုိ ရုပ္ရွင္ျပန္ရို္က္ေစခ်င္ေနၾကတဲ့ပရိသတ္ေတြလည္းရွိတယ္။ ရုပ္ရွင္ကေတာ့လာမယ္ၾကာမယ္ေပါ့။

ရုပ္ရွင္ရိုက္ဖို႔လည္းဝိုင္းစုျပန္စဥ္းစားပါတယ္။ ၾကာဦးမယ္လို႔။ ဝိုင္းစုသီခ်င္းဘက္နဲ႔ပတ္သက္ျပီးေတာ့ ဒီနစ္ထဲမွာမရရေအာင္အေခြထြက္ဖို႔ၾကိဳးစားေနပါတယ္။ အဲဒီအေခြကုိလည္းအေကာင္းဆံုးျဖစ္ေအာင္ ၾကိဳးစားျပင္ဆင္ေနတယ္။ ေနာက္ျပီးေတာ့ ဝုိင္းစု မယ္သီတာအေခြထဲကသီခ်င္းေတြလည္း ဒီရက္ပိုင္းမွာအခ်ိဳ႕ဟာေတြခ်ျပဖို႔ရွိတယ္။ စိတ္ကူးေပၚရင္ေပၚသလိုေပါ့ေနာ္။

ဝုိင္းစု သီခ်င္းအသစ္ေတြထုတ္သြားဖို႔လည္းရွိတယ္”လို႔ ေျဖၾကားထားပါတယ္။ရုပ္ရွင္ဘက္နဲ႔ပတ္သက္ျပီးေတာ့ ခံစားခ်က္ကုိလည္း ဝုိင္းစုက “ဝိုင္းစုု သိသိသာသာ တစ္ကားဆိုတစ္ကား ကုိယ္လုပ္ခ်င္တဲ့ကာရိုက္တာကို ခ်ျပခ်င္တဲ့စိတ္ေတြ ဝုိင္္းစုအခုတေလာျဖစ္ေပၚေနလို႔ အဲဒီဟာကုိ မျဖစ္ျဖစ္ေအာင္လုပ္မယ္လို႔စဥ္းစားထားတယ္။ ဒါေပမယ့္ ျပင္ဆင္ေနတုန္းေပါ့ေနာ္။ ဟုုတ္”လို႔ ေျပာျပထားပါေသးတယ္္။

ဝုိ္္င္းစုကအခ်စ္ေရးနဲ႔ပတ္သက္ျပီး ကုိယ့္ကုိတကယ္ခ်စ္တဲ့လူကုိပိုင္္ဆိုင္ထားလို႔ ေပ်ာ္ေနတဲ့အေၾကာင္း “ကုိယ့္ကုိတကယ္ခ်စ္တဲ့လူကုိ ပိုင္ဆိုင္ထားတယ္ဆိုတဲ့အတြက္အရမ္းေပ်ာ္တယ္။ တစ္ခါတစ္ေလ ရန္ျဖစ္လုိက္ျပန္ခ်စ္လိုက္ရွိမယ္။ အဲဒါေလးကလည္း ပီတိတစ္္ခုေပါ့ေနာ္။အဲဒါေလးကလည္း မရိုးသြားတဲ့အရာေပါ့။ အျမဲတမ္းၾကီးရန္မျဖစ္ပဲတစ္ခ်ိန္လံုးတည့္္ေနေတာ့လည္း အဆင္မေျပဘူးေပါ့ေနာ္။

ရန္ျဖစ္လိုက္ေျပာလိုက္ဆိုလိုက္စလုိက္ေနာက္လိုက္ အဲ့လိုမ်ိဳးကပုိျပီးေတာ့အဆင္ေျပတယ္။ ဘာပဲျဖစ္ျဖစ္ အစ္မ ဒီ life မွာေပ်ာ္တယ္။ ကုိယ့္ကုိတကယ္ခ်စ္တဲ့လူကုိပိုုင္ဆိုင္ထားတယ္။ ကုိယ္ကလည္းခ်စ္တဲ့လူေပါ့ေနာ္။အဲဒီအတြက္ဘာပဲျဖစ္ျဖစ္အစ္မတို႔နွစ္ေယာက္ အရမ္းေပ်ာ္ေနပါတယ္လို႔”ဆိုျပီး ပရိသတ္ကိုအေပ်ာ္ေတြမ်ွေဝထားပါတယ္။မၾကာေသးမီကပဲ သာသနာ့ေဘာင္ကုိနွစ္ေယာက္အတူဝင္ထားတဲ့ ဝိုင္းစုနဲ႔ေအာင္လက ေနာက္ထပ္လည္းကုသိုလ္ေတြအတူတူျပဳျဖစ္မယ္လို႔ “ေနာက္ပိုုင္းေတာ့ သူတရားစခန္းဝင္ခ်င္လည္းဝင္၊ ဘုန္းၾကီးဝတ္ရင္လည္း အစ္မကတရားစခန္းဝင္ျဖစ္မယ္။

စိ္တ္ကူးေပၚလာရင္ အခုလည္း သီလရွင္ဝတ္ဖို႔စိတ္ကူးေပၚလာလို႔ ဝတ္လိုက္တာဆိုေတာ့ လိုက္ဝတ္ခ်င္လည္းဝတ္မယ္။ အစ္မက Mood နဲ႔သြားတဲ့လူဆိုေတာ ့အဲဒီအေပၚမွာျဖစ္လာတာကိုအစ္မလုပ္လိုက္တာပဲ။ သူကလည္း mood သမားဆိုေတာ့ အစ္မနဲဲ႔သူနဲ႔ေပါင္းမိမွပုိဆိုးသြားတာ”လို႔ရယ္ေမာရင္းေျပာျပထားပါတယ္။ေနာက္ပုိင္္းမွာခ်စ္စရာေကာင္းလြန္းတဲ့အတြဲဲပံုေလးေတြမၾကာခဏတင္လာတဲ့ ဝုိင္းစုက personal photographer အေၾကာင္းကို “သူ႔ကိုအတင္းဆြဲေခၚျပီးရုိက္ခိုင္းတာ။

ဓာတ္ပံုလွလွေလးရိုက္ေပးပါလို႔။ ဘယ္သြားသြား သူက အျမဲတမ္းပါတယ္။ သူ႔ကုိအျမဲဆြဲထားရတယ္။ သူကအရမ္းစတာ ။ရုပ္တည္ၾကီးနဲ႔စတာ။ သူစလြန္းလို႔ငိုေတာ့မွသူကေခ်ာ့တယ္”လို႔လည္းရယ္ေမာရင္းေျဖၾကားထားပါေသးတယ္႔ပရိသတ္ၾကီးေရာ ဝုိင္းစုကုိခ်စ္ၾကလား။ ဝုိင္းစုနဲ႔ ေအာင္လနဲ႔ နွစ္ေယာက္အတူလက္တြဲျပီးလုပ္ထားတဲ့အနုပညာေတြထြက္လာရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး

Credit:mystylemyanmar
အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝိုင်းစုခိုင်သိန်းဟာ သရုပ်ဆောင်ပညာမှာလည်းထူးချွန်ပြီး သီချင်းဆိုရာမှာလည်း အေးချမ်းတဲ့အသံလေးနဲ့ ပရိသတ်တွေရင်ထဲရောက်တဲ့သီချင်းတွေဆိုတတ်တာကြောင့် လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက အောင်မြင်မှုရရှိထားပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဝိုင်းစုကလက်ရှိမှာ ငယ်ငယ်ကတည်းက ချစ်ခဲ့တဲ့ချစ်သူ အောင်လနဲ့ ပြန်လည်လက်တွဲပြီး ပျော်ရွှင်တဲ့ ချစ်သူဘဝလေးကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

ဝိုင်းစုက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာလက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အောင်လနဲ့အချစ်ရေးအခြေအနေကိုဖြေကြားပေးသွားပါတယ်။ဝိုင်းစုက ပရိသတ်တွေသိချင်နေကြတဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “ဝိုင်းစု ဒီကြားထဲမှာ သီချင်းခွေမထွက်ဖြစ်ဘူးပေါ့နော်။ ဝိုင်းစုကို ရုပ်ရှင်ပြန်ရိုက်စေချင်နေကြတဲ့ပရိသတ်တွေလည်းရှိတယ်။ ရုပ်ရှင်ကတော့လာမယ်ကြာမယ်ပေါ့။

ရုပ်ရှင်ရိုက်ဖို့လည်းဝိုင်းစုပြန်စဉ်းစားပါတယ်။ ကြာဦးမယ်လို့။ ဝိုင်းစုသီချင်းဘက်နဲ့ပတ်သက်ပြီးတော့ ဒီနစ်ထဲမှာမရရအောင်အခွေထွက်ဖို့ကြိုးစားနေပါတယ်။ အဲဒီအခွေကိုလည်းအကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်နေတယ်။ နောက်ပြီးတော့ ဝိုင်းစု မယ်သီတာအခွေထဲကသီချင်းတွေလည်း ဒီရက်ပိုင်းမှာအချို့ဟာတွေချပြဖို့ရှိတယ်။ စိတ်ကူးပေါ်ရင်ပေါ်သလိုပေါ့နော်။

ဝိုင်းစု သီချင်းအသစ်တွေထုတ်သွားဖို့လည်းရှိတယ်”လို့ ဖြေကြားထားပါတယ်။ရုပ်ရှင်ဘက်နဲ့ပတ်သက်ပြီးတော့ ခံစားချက်ကိုလည်း ဝိုင်းစုက “ဝိုင်းစု သိသိသာသာ တစ်ကားဆိုတစ်ကား ကိုယ်လုပ်ချင်တဲ့ကာရိုက်တာကို ချပြချင်တဲ့စိတ်တွေ ဝိုင်းစုအခုတလောဖြစ်ပေါ်နေလို့ အဲဒီဟာကို မဖြစ်ဖြစ်အောင်လုပ်မယ်လို့စဉ်းစားထားတယ်။ ဒါပေမယ့် ပြင်ဆင်နေတုန်းပေါ့နော်။ ဟုတ်”လို့ ပြောပြထားပါသေးတယ်။

ဝို်င်းစုကအချစ်ရေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုတကယ်ချစ်တဲ့လူကိုပိုင်ဆိုင်ထားလို့ ပျော်နေတဲ့အကြောင်း “ကိုယ့်ကိုတကယ်ချစ်တဲ့လူကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့အတွက်အရမ်းပျော်တယ်။ တစ်ခါတစ်လေ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ရှိမယ်။ အဲဒါလေးကလည်း ပီတိတစ်ခုပေါ့နော်။အဲဒါလေးကလည်း မရိုးသွားတဲ့အရာပေါ့။ အမြဲတမ်းကြီးရန်မဖြစ်ပဲတစ်ချိန်လုံးတည့််နေတော့လည်း အဆင်မပြေဘူးပေါ့နော်။

ရန်ဖြစ်လိုက်ပြောလိုက်ဆိုလိုက်စလိုက်နောက်လိုက် အဲ့လိုမျိုးကပိုပြီးတော့အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ် အစ်မ ဒီ life မှာပျော်တယ်။ ကိုယ့်ကိုတကယ်ချစ်တဲ့လူကိုပိုင်ဆိုင်ထားတယ်။ ကိုယ်ကလည်းချစ်တဲ့လူပေါ့နော်။အဲဒီအတွက်ဘာပဲဖြစ်ဖြစ်အစ်မတို့နှစ်ယောက် အရမ်းပျော်နေပါတယ်လို့”ဆိုပြီး ပရိသတ်ကိုအပျော်တွေမျှဝေထားပါတယ်။မကြာသေးမီကပဲ သာသနာ့ဘောင်ကိုနှစ်ယောက်အတူဝင်ထားတဲ့ ဝိုင်းစုနဲ့အောင်လက နောက်ထပ်လည်းကုသိုလ်တွေအတူတူပြုဖြစ်မယ်လို့ “နောက်ပိုင်းတော့ သူတရားစခန်းဝင်ချင်လည်းဝင်၊ ဘုန်းကြီးဝတ်ရင်လည်း အစ်မကတရားစခန်းဝင်ဖြစ်မယ်။

စိတ်ကူးပေါ်လာရင် အခုလည်း သီလရှင်ဝတ်ဖို့စိတ်ကူးပေါ်လာလို့ ဝတ်လိုက်တာဆိုတော့ လိုက်ဝတ်ချင်လည်းဝတ်မယ်။ အစ်မက Mood နဲ့သွားတဲ့လူဆိုတော့အဲဒီအပေါ်မှာဖြစ်လာတာကိုအစ်မလုပ်လိုက်တာပဲ။ သူကလည်း mood သမားဆိုတော့ အစ်မနဲ့သူနဲ့ပေါင်းမိမှပိုဆိုးသွားတာ”လို့ရယ်မောရင်းပြောပြထားပါတယ်။နောက်ပိုင်းမှာချစ်စရာကောင်းလွန်းတဲ့အတွဲပုံလေးတွေမကြာခဏတင်လာတဲ့ ဝိုင်းစုက personal photographer အကြောင်းကို “သူ့ကိုအတင်းဆွဲခေါ်ပြီးရိုက်ခိုင်းတာ။

ဓာတ်ပုံလှလှလေးရိုက်ပေးပါလို့။ ဘယ်သွားသွား သူက အမြဲတမ်းပါတယ်။ သူ့ကိုအမြဲဆွဲထားရတယ်။ သူကအရမ်းစတာ ။ရုပ်တည်ကြီးနဲ့စတာ။ သူစလွန်းလို့ငိုတော့မှသူကချော့တယ်”လို့လည်းရယ်မောရင်းဖြေကြားထားပါသေးတယ့်ပရိသတ်ကြီးရော ဝိုင်းစုကိုချစ်ကြလား။ ဝိုင်းစုနဲ့ အောင်လနဲ့ နှစ်ယောက်အတူလက်တွဲပြီးလုပ်ထားတဲ့အနုပညာတွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး

Credit:mystylemyanmar
အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top