iMyanmarHouse.com - Best Property Website for Myanmar
×

ၿဖဳိးေငြစုိးက စီနီယာသရုပ္ေဆာင္ေတြအေပၚ ေလးေလးစားစားဆက္ဆံတတ္တဲ့ ေနျခည္ဦးရဲ႕ စိတ္ဓာတ္ကုိ ခ်ီးက်ဴးေျပာဆုိခဲ့ပါတယ္။ ေနျခည္ဦး ေၾကာင့္ပဲ ရႈတင္အျပန္ေနာက္က်ခဲ့တဲ့ အမွတ္တရကုိ ေျပာျပလာပါေသးတယ္ၿဖဳိးေငြစိုး တစ္ေယာက္ ရုိက္ကြင္းေပၚမွာ ငုိမရျဖစ္ေနတဲ့ ေနျခည္ဦး အေၾကာင္းကုိ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။ ဒါကလည္းရုိက္ကြင္းေပၚက သူ႔အတြက္ အမွတ္တရ တစ္ခုပဲလုိ႔ မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျဖဆုိခဲ့ပါတယ္။

‘’ အခန္းတစ္ခန္းဆုိရင္ ကၽြန္ေတာ္ အိမ္ျပန္ရေတာ့မယ္။ ရႈတင္ၿပီးလုိ႔ ကၽြန္ေတာ္ ျပန္ရေတာ့မယ္ေပါ့။ သူငိုတာၾကာလုိ႔ ကၽြန္ေတာ္ မျပန္ရဘူး။ သူ႔ကုိ ကၽြန္ေတာ္ သြားၿပီးေတာ့ အႀကံေပးလုိက္တယ္။ ညီမေလး ဘယ္လုိ ၊ ဘယ္လုိေလးလုပ္ၾကည့္ပါလားလုိ႔ေျပာလုိက္မွ သူလည္း အဆင္ေျပသြားပါတယ္’’ ဆုိၿပီးေတာ့ ‘’ဧည့္သည္’’ရုပ္ရွင္ကားႀကီး အထူးျပပြဲမွာ ရယ္ရယ္ေမာေမာနဲ႔ ေျဖဆုိခဲ့တာ ေတြ႔ရပါတယ္။

အဲဒီေနာက္ စီနီယာေတြအေပၚ ေလးေလးစားစား ဆက္ဆံတတ္တ့ဲ ေနျခည္ဦးရဲ႕ စိတ္ဓာတ္ကုိလည္း ၿဖိဳးေငြစုိးက ခ်ီးက်ဴးခဲ့ရပါေသးတယ္တဲ့။

‘’ အဲဒါနဲ႔ ျပန္ခါနီးက်ေတာ့မွ အစ္ကုိ ေက်းဇူးပဲ ဘာညာ ျပန္လာေျပာသြားတယ္။ အဲဒါနဲ႔ ေၾသာ္.. မဆုိးပါဘူးေပါ့။ သူ႔အထာနဲ႔သူေတာ့ ရွိသားပဲေပါ့။ နားလည္တတ္သားပဲေပါ့။ ဒီဇာတ္ကားမွာပါတဲ့ ကေလး ၃ ေယာက္စလုံးက ကၽြန္ေတာ္တုိ႔နဲ႔ အဆင္ေျပတယ္။ အခ်ဳိးမေျပဘူးလုိ႔လည္း မခံစားရဘူး’’ လုိ႔ သူကဆုိပါတယ္။

ဧည့္သည္ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ေမလ ၃၀ ရက္ေန႔က စၿပီး ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားကုိေတာ့ ဒါရုိက္တာ ညႊန္႔ျမန္မာ ညီညီေအာင္က ရုိက္ကူးပုံေဖာ္ထားတာပါ။ ေရႊထူး၊ ေရႊမႈန္ရတီ၊ ေနျခည္ဦးနဲ႔ ဧည့္သည္ သရုပ္ေဆာင္ ၿဖဳိးေငြစုိး တုိ႔က ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ ဒီဇာတ္ကားကေတာ့ အခ်စ္ဇာတ္ကားေလး တစ္ကားပါပဲ။

ၿဖဳိးေငြစုိးဟာ အႏုပညာအလုပ္ေတြ ဆက္တုိက္မလုပ္ျဖစ္ေပမယ့္ ကမ္းလွမ္းလာတဲ့ ကာရုိက္တာ တုိင္းကုိေတာ့ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳး စားသရုပ္ေဆာင္ေလ့ရွိပါတယ္။ အခုေနာက္ပုိင္းမွာလည္း ကာရုိက္တာ မေရြးပဲ ရုိက္ကူးလာတဲ့ ဇာတ္ကားေတြ ရွိပါတယ္။ သူရုိက္ခ်င္တဲ့ ကာရုိက္တာမ်ဳိးကေတာ့ စိတ္ကူးထဲမွာပဲ ရွိေသးတယ္လုိ႔ Duwun Media ရဲ႕ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္


Credit:burmese.asia
အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဖြိုးငွေစိုးက စီနီယာသရုပ်ဆောင်တွေအပေါ် လေးလေးစားစားဆက်ဆံတတ်တဲ့ နေခြည်ဦးရဲ့ စိတ်ဓာတ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ နေခြည်ဦး ကြောင့်ပဲ ရှုတင်အပြန်နောက်ကျခဲ့တဲ့ အမှတ်တရကို ပြောပြလာပါသေးတယ်ဖြိုးငွေစိုး တစ်ယောက် ရိုက်ကွင်းပေါ်မှာ ငိုမရဖြစ်နေတဲ့ နေခြည်ဦး အကြောင်းကို သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ ဒါကလည်းရိုက်ကွင်းပေါ်က သူ့အတွက် အမှတ်တရ တစ်ခုပဲလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ အခန်းတစ်ခန်းဆိုရင် ကျွန်တော် အိမ်ပြန်ရတော့မယ်။ ရှုတင်ပြီးလို့ ကျွန်တော် ပြန်ရတော့မယ်ပေါ့။ သူငိုတာကြာလို့ ကျွန်တော် မပြန်ရဘူး။ သူ့ကို ကျွန်တော် သွားပြီးတော့ အကြံပေးလိုက်တယ်။ ညီမလေး ဘယ်လို ၊ ဘယ်လိုလေးလုပ်ကြည့်ပါလားလို့ပြောလိုက်မှ သူလည်း အဆင်ပြေသွားပါတယ်’’ ဆိုပြီးတော့ ‘’ဧည့်သည်’’ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ရယ်ရယ်မောမောနဲ့ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် စီနီယာတွေအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့ နေခြည်ဦးရဲ့ စိတ်ဓာတ်ကိုလည်း ဖြိုးငွေစိုးက ချီးကျူးခဲ့ရပါသေးတယ်တဲ့။

‘’ အဲဒါနဲ့ ပြန်ခါနီးကျတော့မှ အစ်ကို ကျေးဇူးပဲ ဘာညာ ပြန်လာပြောသွားတယ်။ အဲဒါနဲ့ သြော်.. မဆိုးပါဘူးပေါ့။ သူ့အထာနဲ့သူတော့ ရှိသားပဲပေါ့။ နားလည်တတ်သားပဲပေါ့။ ဒီဇာတ်ကားမှာပါတဲ့ ကလေး ၃ ယောက်စလုံးက ကျွန်တော်တို့နဲ့ အဆင်ပြေတယ်။ အချိုးမပြေဘူးလို့လည်း မခံစားရဘူး’’ လို့ သူကဆိုပါတယ်။

ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၃၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံဖော်ထားတာပါ။ ရွှေထူး၊ ရွှေမှုန်ရတီ၊ နေခြည်ဦးနဲ့ ဧည့်သည် သရုပ်ဆောင် ဖြိုးငွေစိုး တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကတော့ အချစ်ဇာတ်ကားလေး တစ်ကားပါပဲ။

ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေ ဆက်တိုက်မလုပ်ဖြစ်ပေမယ့် ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တိုင်းကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုး စားသရုပ်ဆောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာလည်း ကာရိုက်တာ မရွေးပဲ ရိုက်ကူးလာတဲ့ ဇာတ်ကားတွေ ရှိပါတယ်။ သူရိုက်ချင်တဲ့ ကာရိုက်တာမျိုးကတော့ စိတ်ကူးထဲမှာပဲ ရှိသေးတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်


Credit:burmese.asia
အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top