iMyanmarHouse.com - Best Property Website for Myanmar
×

 လုပ္ငန္းခြင္ထဲမွာ တစ္ေန႔တာရဲ႕ ေနာက္ဆံုးအခ်ိန္ (၁၀)မိနစ္က အေရးအႀကီးဆံုးျဖစ္ပါတယ္။ ဒီအခ်ိန္ဟာ ေနာက္တစ္ေန႔အတြက္ ျပင္ဆင္ရမယ့္အခ်ိန္၊ အလုပ္ေနရာကို စီစဥ္ရမယ့္အခ်ိန္၊ အီးေမးလ္ကို Sign out လုပ္ၿပီး အလုပ္ခ်ိန္(၈)နာရီအတြင္း ဘာေတြလုပ္ခဲ့လဲဆိုတာကို ျပန္ၾကည့္ရမယ့္အခ်ိန္ျဖစ္ပါတယ္။ ေနာက္ဆံုးမွာ လုပ္ငန္းခြင္ကေန ယုံၾကည္မႈအျပည့္နဲ႔ ထြက္သြားႏိုင္ဖို႔လိုပါတယ္။ ဒါ့ေၾကာင့္ အလုပ္ဆင္းခါနီး ေနာက္ဆံုး(၁၀)မိနစ္မွာ ဘာေတြလုပ္သင့္လဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေနာက္ေန႔လုပ္ေဆာင္ရမည့္အလုပ္စာရင္းကို ျပင္ဆင္ျဖည့္စြက္ပါ။
အလုပ္ဆင္းခါနီး ေနာက္ဆံုး(၁၀)မိနစ္အတြင္းမွာ မနက္ျဖန္မွာ လုပ္ေဆာင္ရမယ့္ အလုပ္ေတြကို စာရင္းလုပ္ပါ။ ဒီေန႔လုပ္ၿပီးသြားတဲ့အလုပ္ေတြကိုလည္း အမွတ္ျခစ္ထားလိုက္ပါ။ ဒါဆိုရင္ ေနာက္တစ္ေန႔မွာ လုပ္စရာရွိတာေတြကို ရွင္းရွင္းလင္းလင္း သိျမင္လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

၂။ အေရးမႀကီးသည့္ အစည္းအေ၀းနဲ႔ေတြ႕ဆံုပြဲေတြကို ရက္ေရႊ႕ပါ။
တစ္ေန႔တာအလုပ္လုပ္ၿပီး ညေနပိုင္းမွာ လုပ္ေဆာင္တဲ့အစည္းအေ၀းေတြ၊ ေတြ႕ဆံုပြဲေတြက အလုပ္မျဖစ္တာမ်ားပါတယ္။ အားလံုးက ပင္ပန္းေနၿပီး အိမ္ျပန္ခ်င္ေနၾကၿပီျဖစ္တာေၾကာင့္ ထိေရာက္မႈ အားနည္းပါတယ္။ ဒါ့ေၾကာင့္ ခြန္အားအျပည့္၊ စိတ္၀င္စားမႈအျပည့္နဲ႔ လုပ္ေဆာင္ႏိုင္မယ့္ ေနာက္တစ္ရက္ကို ေရႊ႕ေျပာင္းစီစဥ္ပါ။

၃။ လုပ္ေဖာ္ကိုင္ဖက္ေတြကို ႏႈတ္ဆက္ပါ။
သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကို ခင္မင္ရင္းႏွီးစြာ ႏႈတ္ဆက္စကားေျပာဆိုတာက သူတို႔နဲ႔ ဆက္ဆံေရးကို တိုးတက္ေစႏိုင္သလို ဒီေန႔အတြက္ သင့္လုပ္ငန္းတာ၀န္ၿပီးဆံုးၿပီး အလုပ္ဆင္းေတာ့မယ္အေၾကာင္း အသိေပးရာေရာက္ပါတယ္။ အလုပ္လုပ္ေနေသးတဲ့သူေတြ ရွိေနေသးရင္ေတာ့ ႏႈတ္ဆက္စကားကို အေႏွာက္အယွက္မျဖစ္ေအာင္ ေျပာဆိုပါ။

၄။ အလုပ္ေနရာကို အစီအစဥ္တက်ရွင္းလင္းပါ။
အလုပ္လုပ္တဲ့အခါမွာ လိုအပ္တဲ့အရာေတြ အနီးနားမွာမရွိတာ၊ ဘယ္နားထားမိမွန္းမသိလို႔ ျပန္ရွာေနရာတာေတြက အလုပ္လုပ္ခ်ိန္ရဲ႕ ထက္၀က္ေလာက္ကို အလဟႆျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အလုပ္ဆင္းခါနီးအခ်ိန္မွာ သင့္အလုပ္ေနရာကို အစီအစဥ္တက်ျဖစ္ေနေအာင္ ရွင္းလင္းပါ။

၅။ အလုပ္ အီးေမးလ္ေတြကို Sign Out လုပ္ပါ။
အလုပ္ၿပီးဆံုးခ်ိန္မွာ အလုပ္နဲ႔ပတ္သက္တာေတြကို အားလံုးေမ့ထားၿပီး စိတ္လြတ္ကိုယ္လြတ္အနားယူဖို႔ လိုပါတယ္။ ဒါမွသာ သင့္ရဲ႕ ဦးေႏွာက္ေရာ ခႏၶာကိုယ္အတြက္ပါ ခြန္အားျပန္လည္ျပည့္ၿဖိဳးေစမွာ ျဖစ္ပါတယ္။ အလုပ္ အီးေမးလ္ေတြကို Sign out လုပ္ထားၿပီး အလိုအေလ်ာက္ျပန္ၾကားမႈကို ဖြင့္ထားလိုက္ပါ။ ေနာက္ေန႔မွာ အားလံုးကို ျပန္လည္ဆက္သြယ္ပါ။

၆။ ဦးေႏွာက္ကို ရွင္းထုတ္ပါ။
တစ္ေန႔တာလံုး အလုပ္လုပ္ထားတဲ့အတြက္ စိတ္ထဲမွာ လုပ္စရာေတြ၊ လုပ္ၿပီးတာေတြ အမ်ားႀကီး ႐ႈပ္ပြေနမွာျဖစ္ပါတယ္။ ဒါေတြအကုန္လံုးကို ရွင္းထုတ္ၿပီး ဦးေႏွာက္ကို အနားေပးရမွာပါ။ ဒီအတြက္ စာရြက္အလြတ္တစ္ရြက္ယူၿပီး ေခါင္းထဲက ေပၚလာသမွ်ကို ခ်ေရးထားပါ။ လုပ္စရာရွိတာေတြကို အလုပ္စာရင္းထဲထည့္လိုက္ပါ။

၇။ တစ္ေန႔တာကို ျပန္လည္ဆန္းစစ္ပါ။
တစ္ေန႔တာ အလုပ္ခ်ိန္(၈)နာရီအတြင္းမွာ ဘာေတြလုပ္ခဲ့ၿပီးၿပီလဲဆိုတာကို ခ်ေရးထားျခင္းက ေရရွည္မွာ အက်ိဳးရွိေစပါတယ္။ တစ္ေန႔တာလုပ္ခဲ့သမွ်ကို ျပန္လည္ဆန္းစစ္ၾကည့္ျခင္းအားျဖင့္ ေက်နပ္မႈကို ျဖစ္ေစၿပီး ယုံၾကည္မႈအျပည့္နဲ႔ အလုပ္ဆင္းႏိုင္မွာ ျဖစ္ပါတယ္။

Credit: Gentleman Magazine
ဗဟုသုတ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လုပ်ငန်းခွင်ထဲမှာ တစ်နေ့တာရဲ့ နောက်ဆုံးအချိန် (၁၀)မိနစ်က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချိန်ဟာ နောက်တစ်နေ့အတွက် ပြင်ဆင်ရမယ့်အချိန်၊ အလုပ်နေရာကို စီစဉ်ရမယ့်အချိန်၊ အီးမေးလ်ကို Sign out လုပ်ပြီး အလုပ်ချိန်(၈)နာရီအတွင်း ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြန်ကြည့်ရမယ့်အချိန်ဖြစ်ပါတယ်။ နောက်ဆုံးမှာ လုပ်ငန်းခွင်ကနေ ယုံကြည်မှုအပြည့်နဲ့ ထွက်သွားနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် အလုပ်ဆင်းခါနီး နောက်ဆုံး(၁၀)မိနစ်မှာ ဘာတွေလုပ်သင့်လဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ နောက်နေ့လုပ်ဆောင်ရမည့်အလုပ်စာရင်းကို ပြင်ဆင်ဖြည့်စွက်ပါ။
အလုပ်ဆင်းခါနီး နောက်ဆုံး(၁၀)မိနစ်အတွင်းမှာ မနက်ဖြန်မှာ လုပ်ဆောင်ရမယ့် အလုပ်တွေကို စာရင်းလုပ်ပါ။ ဒီနေ့လုပ်ပြီးသွားတဲ့အလုပ်တွေကိုလည်း အမှတ်ခြစ်ထားလိုက်ပါ။ ဒါဆိုရင် နောက်တစ်နေ့မှာ လုပ်စရာရှိတာတွေကို ရှင်းရှင်းလင်းလင်း သိမြင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၂။ အရေးမကြီးသည့် အစည်းအဝေးနဲ့တွေ့ဆုံပွဲတွေကို ရက်ရွှေ့ပါ။
တစ်နေ့တာအလုပ်လုပ်ပြီး ညနေပိုင်းမှာ လုပ်ဆောင်တဲ့အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေက အလုပ်မဖြစ်တာများပါတယ်။ အားလုံးက ပင်ပန်းနေပြီး အိမ်ပြန်ချင်နေကြပြီဖြစ်တာကြောင့် ထိရောက်မှု အားနည်းပါတယ်။ ဒါ့ကြောင့် ခွန်အားအပြည့်၊ စိတ်ဝင်စားမှုအပြည့်နဲ့ လုပ်ဆောင်နိုင်မယ့် နောက်တစ်ရက်ကို ရွှေ့ပြောင်းစီစဉ်ပါ။

၃။ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပါ။
သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်စကားပြောဆိုတာက သူတို့နဲ့ ဆက်ဆံရေးကို တိုးတက်စေနိုင်သလို ဒီနေ့အတွက် သင့်လုပ်ငန်းတာဝန်ပြီးဆုံးပြီး အလုပ်ဆင်းတော့မယ်အကြောင်း အသိပေးရာရောက်ပါတယ်။ အလုပ်လုပ်နေသေးတဲ့သူတွေ ရှိနေသေးရင်တော့ နှုတ်ဆက်စကားကို အနှောက်အယှက်မဖြစ်အောင် ပြောဆိုပါ။

၄။ အလုပ်နေရာကို အစီအစဉ်တကျရှင်းလင်းပါ။
အလုပ်လုပ်တဲ့အခါမှာ လိုအပ်တဲ့အရာတွေ အနီးနားမှာမရှိတာ၊ ဘယ်နားထားမိမှန်းမသိလို့ ပြန်ရှာနေရာတာတွေက အလုပ်လုပ်ချိန်ရဲ့ ထက်ဝက်လောက်ကို အလဟဿဖြစ်စေပါတယ်။ ဒါ့ကြောင့် အလုပ်ဆင်းခါနီးအချိန်မှာ သင့်အလုပ်နေရာကို အစီအစဉ်တကျဖြစ်နေအောင် ရှင်းလင်းပါ။

၅။ အလုပ် အီးမေးလ်တွေကို Sign Out လုပ်ပါ။
အလုပ်ပြီးဆုံးချိန်မှာ အလုပ်နဲ့ပတ်သက်တာတွေကို အားလုံးမေ့ထားပြီး စိတ်လွတ်ကိုယ်လွတ်အနားယူဖို့ လိုပါတယ်။ ဒါမှသာ သင့်ရဲ့ ဦးနှောက်ရော ခန္ဓာကိုယ်အတွက်ပါ ခွန်အားပြန်လည်ပြည့်ဖြိုးစေမှာ ဖြစ်ပါတယ်။ အလုပ် အီးမေးလ်တွေကို Sign out လုပ်ထားပြီး အလိုအလျောက်ပြန်ကြားမှုကို ဖွင့်ထားလိုက်ပါ။ နောက်နေ့မှာ အားလုံးကို ပြန်လည်ဆက်သွယ်ပါ။

၆။ ဦးနှောက်ကို ရှင်းထုတ်ပါ။
တစ်နေ့တာလုံး အလုပ်လုပ်ထားတဲ့အတွက် စိတ်ထဲမှာ လုပ်စရာတွေ၊ လုပ်ပြီးတာတွေ အများကြီး ရှုပ်ပွနေမှာဖြစ်ပါတယ်။ ဒါတွေအကုန်လုံးကို ရှင်းထုတ်ပြီး ဦးနှောက်ကို အနားပေးရမှာပါ။ ဒီအတွက် စာရွက်အလွတ်တစ်ရွက်ယူပြီး ခေါင်းထဲက ပေါ်လာသမျှကို ချရေးထားပါ။ လုပ်စရာရှိတာတွေကို အလုပ်စာရင်းထဲထည့်လိုက်ပါ။

၇။ တစ်နေ့တာကို ပြန်လည်ဆန်းစစ်ပါ။
တစ်နေ့တာ အလုပ်ချိန်(၈)နာရီအတွင်းမှာ ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာကို ချရေးထားခြင်းက ရေရှည်မှာ အကျိုးရှိစေပါတယ်။ တစ်နေ့တာလုပ်ခဲ့သမျှကို ပြန်လည်ဆန်းစစ်ကြည့်ခြင်းအားဖြင့် ကျေနပ်မှုကို ဖြစ်စေပြီး ယုံကြည်မှုအပြည့်နဲ့ အလုပ်ဆင်းနိုင်မှာ ဖြစ်ပါတယ်။

Credit: Gentleman Magazine
ဗဟုသုတ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top