iMyanmarHouse.com - Best Property Website for Myanmar
×


သိပ္ခ်စ္ရတဲ့သူကို ေအာ္မိတယ္ဆိုရင္ ေအာ္တာက ခဏေလးပါ။ ေအာ္ၿပီးမွ ေအာ္လိုက္မိေလျခင္းဆိုၿပီး စိတ္ထဲ တႏံုႏံုနဲ႔ ခံစားေနရမွာပဲ ျဖစ္လို႔ပါ။

Marry ရဲ႕ မဂၤလာေမာင္ႏွံေလးတို႔ေရ သိပ္ခ်စ္ရတဲ့ ခ်စ္သူေလးနဲ႔ မဂၤလာပြဲေလး ဆင္ႏႊဲလိုက္ၿပီး ႏွစ္ေယာက္တည္း ကမာၻတည္ေဆာက္လိုက္တဲ့အခ်ိန္မွာ အဆင္မေျပမႈေလးေတြ နားလည္မႈ လြဲတာေလးေတြ ျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္ စကားအေျခအတင္ ျဖစ္တာမ်ိဳး ရန္ျဖစ္တာမ်ိဳး ျဖစ္တဲ့အခ်ိန္မွာ တစ္ေယာက္ကို တစ္ေယာက္ မေအာ္မိေစဖို႔ Marry က ေျပာျပေပးခ်င္ပါတယ္။
ေအာ္တယ္ ဆိုတာ မေကာင္းဘူးေနာ္

စိတ္ဆိုးရင္ လူေတြက အသံက်ယ္လာတတ္တယ္။ စကားလံုးေတြ ျပင္းထန္ၿပီး ေျပာလာတတ္တယ္ ဆိုတာမွန္ေပမယ့္ ကိုယ္သိပ္ခ်စ္ရတဲ့ အိမ္ ေထာင္ဖက္ဆိုတာကို သတိရေပးပါ။ သိပ္ခ်စ္ရတဲ့သူကို ေအာ္မိတယ္ဆိုရင္ ေအာ္တာက ခဏေလးပါ။ ေအာ္ၿပီးမွ ေအာ္လိုက္မိေလျခင္းဆိုၿပီး စိတ္ထဲ တႏံုႏံုနဲ႔ ခံစားေနရမွာပဲ ျဖစ္လို႔ပါ။
ခဏနားလုိက္ပါ

အိမ္ေထာင္ဘက္ေတြၾကား စကားေျပာရတာ နည္းနည္းျပင္းထန္လာစ ျပဳလာရင္ ခဏ နားလိုက္ပါ။ ဘယ္ေလာက္ အေရးႀကီးတဲ့အေၾကာင္းပဲ ျဖစ္ပါေစ။ ဆက္မေျပာမိပါေစနဲ႔ေတာ့ေနာ္။  အခ်ိန္ေလး ခဏ နားလိုက္ပါ။ တခါတေလက် နားလည္မႈ လြဲတဲ့ ကိစၥေသးေသးေလးက စိတ္ဆိုးၿပီး ေသြးပူေနတဲ့အခ်ိန္ အပ္နဲ႔ ထြင္းရမယ့္ အရာကို ပုဆိန္နဲ႔ ေပါက္မိသြားသလို ျဖစ္တတ္တာကို သတိထားေပးပါ။ စိတ္ဆိုးလာတဲ့အခ်ိန္မွာဆိုရင္ စကား အေျခအတင္ ျဖစ္တာကို ျပန္လည္ ရွင္းျပတာမ်ိဳး မလုပ္ဘဲ ခဏနားပါ။ ေသြးေအးသြားတဲ့အခ်ိန္မွ ေျပာစရာ စကားေတြကို ဆက္ေျပာပါ။

တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ ယံုၾကည္မႈကို အေျခခံထားပါ
ယံုၾကည္မႈကို အေျခခံပါ

တစ္ေယာက္ကို တစ္ေယာက္ အျပည့္အဝ ယံုၾကည္ထားပါ။ ႏွစ္ေယာက္တည္း တစ္ဘဝ ေရွ႕ဆက္လွမ္းေနရတဲ့ အိမ္ေထာင္ေရးေလးမွာ ယံုၾကည္ထားပါ။ တခါတေလ မုသား ေျပာတာ သိတယ္ ဆိုရင္ေတာင္ ျဖဴစင္တဲ့မုသားလို႔ ယံုၾကည္ေပးတတ္ရမွာပါ။ ဒီလို ေျပာလို႔ ဘာေျပာေျပာ ယံုၾကည္ရမယ္လို႔ မဆိုလိုပါဘူးေနာ္။

တခ်ိဳ႔ အရာေတြအတြက္ကေတာ့ အမွန္တိုင္း ေျပာလိုက္တာက ႏွစ္ေယာက္စလံုး အတြက္ အဆင္မေျပႏိုင္တာမ်ိဳး အတြက္ကေတာ့ ယံုၾကည္မႈ အေျခခံၿပီး ယံုၾကည္မႈကို တည္ေဆာက္လိုက္တာကေတာ့ ရန္ျဖစ္လို႔ ေအာ္ေနစရာေတြကို ကင္းေစမွာပါ။ ယံုၾကည္မႈ ျပည့္ေနတဲ့အတြက္ ရန္ျဖစ္စရာမလိုေတာ့သလို ေအာ္စရာလည္း မလိုေတာ့ပါဘူး။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

သိပ်ချစ်ရတဲ့သူကို အော်မိတယ်ဆိုရင် အော်တာက ခဏလေးပါ။ အော်ပြီးမှ အော်လိုက်မိလေခြင်းဆိုပြီး စိတ်ထဲ တနုံနုံနဲ့ ခံစားနေရမှာပဲ ဖြစ်လို့ပါ။

Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့ရေ သိပ်ချစ်ရတဲ့ ချစ်သူလေးနဲ့ မင်္ဂလာပွဲလေး ဆင်နွှဲလိုက်ပြီး နှစ်ယောက်တည်း ကမ္ဘာတည်ဆောက်လိုက်တဲ့အချိန်မှာ အဆင်မပြေမှုလေးတွေ နားလည်မှု လွဲတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန် စကားအခြေအတင် ဖြစ်တာမျိုး ရန်ဖြစ်တာမျိုး ဖြစ်တဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် မအော်မိစေဖို့ Marry က ပြောပြပေးချင်ပါတယ်။
အော်တယ် ဆိုတာ မကောင်းဘူးနော်

စိတ်ဆိုးရင် လူတွေက အသံကျယ်လာတတ်တယ်။ စကားလုံးတွေ ပြင်းထန်ပြီး ပြောလာတတ်တယ် ဆိုတာမှန်ပေမယ့် ကိုယ်သိပ်ချစ်ရတဲ့ အိမ်ထောင်ဖက်ဆိုတာကို သတိရပေးပါ။ သိပ်ချစ်ရတဲ့သူကို အော်မိတယ်ဆိုရင် အော်တာက ခဏလေးပါ။ အော်ပြီးမှ အော်လိုက်မိလေခြင်းဆိုပြီး စိတ်ထဲ တနုံနုံနဲ့ ခံစားနေရမှာပဲ ဖြစ်လို့ပါ။
ခဏနားလိုက်ပါ

အိမ်ထောင်ဘက်တွေကြား စကားပြောရတာ နည်းနည်းပြင်းထန်လာစ ပြုလာရင် ခဏ နားလိုက်ပါ။ ဘယ်လောက် အရေးကြီးတဲ့အကြောင်းပဲ ဖြစ်ပါစေ။ ဆက်မပြောမိပါစေနဲ့တော့နော်။  အချိန်လေး ခဏ နားလိုက်ပါ။ တခါတလေကျ နားလည်မှု လွဲတဲ့ ကိစ္စသေးသေးလေးက စိတ်ဆိုးပြီး သွေးပူနေတဲ့အချိန် အပ်နဲ့ ထွင်းရမယ့် အရာကို ပုဆိန်နဲ့ ပေါက်မိသွားသလို ဖြစ်တတ်တာကို သတိထားပေးပါ။ စိတ်ဆိုးလာတဲ့အချိန်မှာဆိုရင် စကား အခြေအတင် ဖြစ်တာကို ပြန်လည် ရှင်းပြတာမျိုး မလုပ်ဘဲ ခဏနားပါ။ သွေးအေးသွားတဲ့အချိန်မှ ပြောစရာ စကားတွေကို ဆက်ပြောပါ။

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ယုံကြည်မှုကို အခြေခံထားပါ
ယုံကြည်မှုကို အခြေခံပါ

တစ်ယောက်ကို တစ်ယောက် အပြည့်အဝ ယုံကြည်ထားပါ။ နှစ်ယောက်တည်း တစ်ဘဝ ရှေ့ဆက်လှမ်းနေရတဲ့ အိမ်ထောင်ရေးလေးမှာ ယုံကြည်ထားပါ။ တခါတလေ မုသား ပြောတာ သိတယ် ဆိုရင်တောင် ဖြူစင်တဲ့မုသားလို့ ယုံကြည်ပေးတတ်ရမှာပါ။ ဒီလို ပြောလို့ ဘာပြောပြော ယုံကြည်ရမယ်လို့ မဆိုလိုပါဘူးနော်။

တချို့ အရာတွေအတွက်ကတော့ အမှန်တိုင်း ပြောလိုက်တာက နှစ်ယောက်စလုံး အတွက် အဆင်မပြေနိုင်တာမျိုး အတွက်ကတော့ ယုံကြည်မှု အခြေခံပြီး ယုံကြည်မှုကို တည်ဆောက်လိုက်တာကတော့ ရန်ဖြစ်လို့ အော်နေစရာတွေကို ကင်းစေမှာပါ။ ယုံကြည်မှု ပြည့်နေတဲ့အတွက် ရန်ဖြစ်စရာမလိုတော့သလို အော်စရာလည်း မလိုတော့ပါဘူး။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top