iMyanmarHouse.com - Best Property Website for Myanmar
×


လူအမ်ိဳးမ်ိဳး စိတ္အေထြေထြရွိတယ္ဆိုတဲ့ စကားအတုိင္းပဲ လူတိုင္းမွာ မတူညီတဲ့ ပင္ကုိယ္စရုိက္ေတြ၊ စိတ္ေနစိတ္ထားေတြ ရွိေနတတ္ပါတယ္။ လူတစ္ေယာက္ရဲ႕ ပင္ကိုယ္စရိုက္ဟာ သူ႔ရဲ႕ ေသြးအမ်ိဳးအစားနဲ႔လည္း ဆိုင္ေနပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ ေသြးအမ်ိဳးအစားအလိုက္ ေမြးရာပါ ပင္ကုိယ္စရိုက္ေတြပဲျဖစ္ပါတယ္။ သင္ဟာ ဘယ္အမ်ိဳးအစားလဲဆိုတာ ၾကည့္လိုက္ပါဦးေနာ္။

(၁) A ေသြးအမ်ိဳးအစား

ေအေသြးေလးေတြဟာ အရမ္းကို ေစ့စပ္ေသခ်ာတဲ့သူေတြျဖစ္ျပီး လုပ္သမွ်တုိင္းကို အေသးစိတ္ကအစ ေသေသခ်ာခ်ာ ဂရုစိုက္တတ္သူေတြပါ။ အေသးအမႊားေလးေတြကအစ ဂရုစိုက္တတ္လြန္းလို႔ တစ္ခ်ိဳ႕ေတြရဲ႕အျမင္မွာ ဇီဇာေၾကာင္ေနတတ္ပါတယ္။ အေနေအးျပီး အရမး္ရွက္တတ္တဲ့သူေလးေတြပါ။ စိတ္ထိခိုက္ခံစားလြယ္သူေလးေတြျဖစ္ျပီး ခံစားခ်က္ေတြ ထုတ္မျပဘဲ ရင္ထဲမွာပဲ သိမ္းထားတတ္သူေတြျဖစ္ပါတယ္။

(၂) B ေသြးအမ်ိဳးအစား

ဘီေသြးေလးေတြဟာ ေပါ့ေပါးပါးပါး၊ လြတ္လြတ္လပ္လပ္နဲ႔ သက္ေတာင့္သက္သာ လုပ္တတ္သူေတြ တစ္နည္းအားျဖင့္ Free-spirit ေတြပါ။ သူတုိ႔ေတြဟာ အရမး္ရိုးသားျပီး ပြင့္လင္းတဲ့အတြက္ စိတ္ထဲရွိတဲ့အတိုင္း ထုတ္ေျပာတတ္ၾကပါတယ္။ ဒီအက်င့္ေလးေၾကာင့္ပဲ လူတစ္ခ်ိဳ႕ရဲ႕အျမင္မွာ သူတုိ႔ဟာ အရမး္ခ်စ္စရာေကာင္းသေလာက္ တစ္ခ်ိဳ႕အျမင္မွာက်ေတာ့ တစ္ကိုယ္ေကာင္းဆန္တယ္လုိ႔ ျမင္တတ္ၾကပါတယ္။ သူတုိ႔ စိတ္ဝင္စားတဲ့အရာေပၚမွာေတာ့ အာရံုစူးစိုက္မႈအျပည့္ ေပးႏိုင္သေလာက္ စိတ္မဝင္စားတဲ့အရာေပၚမွာေတာ့ လံုးဝကုိ စိတ္မႏွစ္ႏိုင္ပါဘူး။ သူတုိ႔စိတ္ဟာ လံုးဝခန္႔မွန္းလို႔ မရပါဘူး။

(၃) O ေသြးအမ်ိဳးအစား

အိုေသြးေလးေတြဟာ လူတုိင္းနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနႏိုင္ၾကတဲ့သူေတြပါ။ ဒါေၾကာင့္ပဲ သူတို႔ဟာ ျပႆနာေတြကို ေျဖရွင္းရာမွာ အရမး္ကိုအားကိုးရတဲ့သူေတြျဖစ္ပါတယ္။ အလုပ္လုပ္တဲ့အခါ အရမး္အေသးစိတ္တဲ့သူေတြ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈ အျပည့္ရွိသူေတြျဖစ္ျပီး အေမွ်ာ္အျမင္ၾကီးတဲ့သူေတြျဖစ္ပါတယ္။ တစ္ခါတေလ သူတစ္ပါးရဲ႕ အျမင္မွာ ေဒါသၾကီးသူ၊ မာနၾကီးသူတစ္ေယာက္လုိ႔ ျမင္တတ္ၾကပါတယ္။

(၄) AB ေသြးအမ်ိဳးအစား

အရွားပါးဆံုးေသြးအမ်ိဳးအစားျဖစ္တဲ့ AB ေသြးေလးေတြဟာ စိတ္ႏွစ္ခုရွိတဲ့သူေတြျဖစ္ပါတယ္။ ေအေသြးေတြလို အရမး္အေသးစိတ္တဲ့သူေတြျဖစ္ျပီး ဘီေသြးေတြလို Free-spirit ေတြျဖစ္ၾကပါတယ္။ သူတုိ႔လုပ္ခ်င္တဲ့အရာတစ္ခုကုိ တားလို႔မရပါဘူး။

တီထြင္ဖန္တီးႏိုင္စြမး္ အရမး္ျမင့္တဲ့သူေတြျဖစ္ျပီး ဥာဏ္ရည္ျမင့္မားတဲ့သူေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ပညာရွင္ေတြ ေတာ္ေတာ္မ်ားမ်ားက ေအဘီေသြးေတြ ျဖစ္ေနရတာပါ။


Credit:lwinpyin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူအမျိုးမျိုး စိတ်အထွေထွေရှိတယ်ဆိုတဲ့ စကားအတိုင်းပဲ လူတိုင်းမှာ မတူညီတဲ့ ပင်ကိုယ်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ ရှိနေတတ်ပါတယ်။ လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ဟာ သူ့ရဲ့ သွေးအမျိုးအစားနဲ့လည်း ဆိုင်နေပါတယ်။ ခုဖော်ပြပေးမှာကတော့ သွေးအမျိုးအစားအလိုက် မွေးရာပါ ပင်ကိုယ်စရိုက်တွေပဲဖြစ်ပါတယ်။ သင်ဟာ ဘယ်အမျိုးအစားလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

(၁) A သွေးအမျိုးအစား

အေသွေးလေးတွေဟာ အရမ်းကို စေ့စပ်သေချာတဲ့သူတွေဖြစ်ပြီး လုပ်သမျှတိုင်းကို အသေးစိတ်ကအစ သေသေချာချာ ဂရုစိုက်တတ်သူတွေပါ။ အသေးအမွှားလေးတွေကအစ ဂရုစိုက်တတ်လွန်းလို့ တစ်ချို့တွေရဲ့အမြင်မှာ ဇီဇာကြောင်နေတတ်ပါတယ်။ အနေအေးပြီး အရမ်းရှက်တတ်တဲ့သူလေးတွေပါ။ စိတ်ထိခိုက်ခံစားလွယ်သူလေးတွေဖြစ်ပြီး ခံစားချက်တွေ ထုတ်မပြဘဲ ရင်ထဲမှာပဲ သိမ်းထားတတ်သူတွေဖြစ်ပါတယ်။

(၂) B သွေးအမျိုးအစား

ဘီသွေးလေးတွေဟာ ပေါ့ပေါးပါးပါး၊ လွတ်လွတ်လပ်လပ်နဲ့ သက်တောင့်သက်သာ လုပ်တတ်သူတွေ တစ်နည်းအားဖြင့် Free-spirit တွေပါ။ သူတို့တွေဟာ အရမ်းရိုးသားပြီး ပွင့်လင်းတဲ့အတွက် စိတ်ထဲရှိတဲ့အတိုင်း ထုတ်ပြောတတ်ကြပါတယ်။ ဒီအကျင့်လေးကြောင့်ပဲ လူတစ်ချို့ရဲ့အမြင်မှာ သူတို့ဟာ အရမ်းချစ်စရာကောင်းသလောက် တစ်ချို့အမြင်မှာကျတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ မြင်တတ်ကြပါတယ်။ သူတို့ စိတ်ဝင်စားတဲ့အရာပေါ်မှာတော့ အာရုံစူးစိုက်မှုအပြည့် ပေးနိုင်သလောက် စိတ်မဝင်စားတဲ့အရာပေါ်မှာတော့ လုံးဝကို စိတ်မနှစ်နိုင်ပါဘူး။ သူတို့စိတ်ဟာ လုံးဝခန့်မှန်းလို့ မရပါဘူး။

(၃) O သွေးအမျိုးအစား

အိုသွေးလေးတွေဟာ လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြတဲ့သူတွေပါ။ ဒါကြောင့်ပဲ သူတို့ဟာ ပြဿနာတွေကို ဖြေရှင်းရာမှာ အရမ်းကိုအားကိုးရတဲ့သူတွေဖြစ်ပါတယ်။ အလုပ်လုပ်တဲ့အခါ အရမ်းအသေးစိတ်တဲ့သူတွေ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသူတွေဖြစ်ပြီး အမျှော်အမြင်ကြီးတဲ့သူတွေဖြစ်ပါတယ်။ တစ်ခါတလေ သူတစ်ပါးရဲ့ အမြင်မှာ ဒေါသကြီးသူ၊ မာနကြီးသူတစ်ယောက်လို့ မြင်တတ်ကြပါတယ်။

(၄) AB သွေးအမျိုးအစား

အရှားပါးဆုံးသွေးအမျိုးအစားဖြစ်တဲ့ AB သွေးလေးတွေဟာ စိတ်နှစ်ခုရှိတဲ့သူတွေဖြစ်ပါတယ်။ အေသွေးတွေလို အရမ်းအသေးစိတ်တဲ့သူတွေဖြစ်ပြီး ဘီသွေးတွေလို Free-spirit တွေဖြစ်ကြပါတယ်။ သူတို့လုပ်ချင်တဲ့အရာတစ်ခုကို တားလို့မရပါဘူး။

တီထွင်ဖန်တီးနိုင်စွမ်း အရမ်းမြင့်တဲ့သူတွေဖြစ်ပြီး ဉာဏ်ရည်မြင့်မားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်တွေ တော်တော်များများက အေဘီသွေးတွေ ဖြစ်နေရတာပါ။


Credit:lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top