iMyanmarHouse.com - Best Property Website for Myanmar
×
Credit:xyznew
ချစ်ရေးချစ်ရာ
#Unicode Version# ဖြင့်ဖတ်ပါ ။
ချစ်သူနဲ့ ချိန်းတွေ့ကြတဲ့အခါ အနည်းဆုံးတော့ အနည်းပွင့်လေးတွေ ခြွေကြမှာပါ။ ချစ်သူရဲ့ လည်တိုင်၊ ချစ်သူရဲ့ ပါးပြင်၊ ချစ်သူရဲ့ နှုတ်ခမ်းတွေဟာ အနမ်းပန်းတွေ ခြွေစိုက်ရာ မဟာပထဝီမြေကြီးတွေပါဘဲ။ ဒီတော့ အညိုကွက်ကြီးတွေ ထင်တတ်ပါတယ်။ အဲဒီမှာ တစ်ချို့ကကျတော့ ချစ်သူကို ခိုးကြောင်ခိုးဝှက် တွေ့ရတာမို့ ဒီအညိုကွက်ကြီးတွေဟာ ဟင်းခိုး စားတဲ့သူရဲ့ မျက်နှာ အိုးမည်းပေနေသလို ရိုက်မေးစရာမလိုပဲ ပေါ်တတ်ပါတယ်။ ဒီအညိုအမည်းကွက်ကြီးတွေ အမြန်ကွယ်ပျောက်ဖို့ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေနွေးနဲ့ ကြက်ထုပ်ထိုးပါ
ဒီနည်းက ရေခဲ မလွယ်ရင် သုံးနိုင်တဲ့ နည်းပါ။ ရေနွေးက အရမ်းကြီး ပူနေစရာ မလိုပါဘူး။ သန့်စင်တဲ့ ပုဝါ၊ တဘက် စတာကို ခဏစိမ်ပြီး၊ အညိုအမည်းစွဲနေတဲ့ နေရာမှာ ကပ်ပေးရတာ ဖြစ်ပါတယ်။ ဒီနည်းကတော့ နံပတ် 1 နည်းထက် ပိုထိရောက်ပြီး၊ ဘေးကင်းပါတယ်။ အကြောင်းကတော့ သွေးတည်နေတဲ့နေရာကို ရေခဲနဲ့ကပ်လိုက်ရင် သွေးခဲပြီး၊ သွေးလည်
ပတ်မှုကို ကမောက်ကမ ဖြစ်နိုင်ပါတယ်။
(၂) လျှားစောင်းလက်ပတ်လိမ်းပေးပါ
နံပတ်(3)နည်းကလည်း လူတော်တော်များများ သုံးကြပါတယ်။ လျှားစောင်းလက်ပတ် လိမ်းပေးရင် နာရီအနည်းငယ်အ
တွင်းမှာတောင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။
(၃) ငှက်ပျောခွံကလည်း၊ အစွမ်းထက်ပါတယ်
ရတဲ့နည်းနဲ့ ပျောက်အောက်လုပ်ချင်ရင်တော့ ငှက်ပျောသီးရှိလည်း ဖြစ်ပါတယ်။ ငှက်ပျောခွံကို ယူပြီး အညိုအမည်းစွဲတဲ့နေ
ရာကို ကပ်ထားလိုက်ပါက အချိန်တိုအတွင်းမှာ ပျောက်ကင်းကြောင်း လက်တွေ့လုပ်ဖူးသူတွေက မျှဝေကြပါတယ်။
(၄) လည်ရှည်အင်္ကျီကိုဝတ်ပေးပါ
အပြင်ကို ရုတ်တရက် ထွက်ဖို့ ဖြစ်လာခဲ့ရင် ခပ်တည်တည် လည်ပင်းအထိ ဖုန်းနိုင်တဲ့ လည်ရှည်အင်္ကျီကို ဝတ်ဆင်သင့်ပါ
တယ်။ များသောအားဖြင့် အညိုအမည်းစွဲတာက လည်ပင်းနေရာမှာ ဖြစ်လေ့ရှိလို့ပါ။ လည်ပင်းမှာမဟုတ်ဘဲ၊ တစ်ခြားနေရာ
မှာဆိုရင်တော့ လည်ရှည်အင်္ကျီဝတ်ဖို့ မလိုအပ်ပါဘူး။
Credit:xyznew
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top