iMyanmarHouse.com - Best Property Website for Myanmar
×

သံပုရာရည္ ေသာက္သုံးျခင္းသည္ ေက်ာက္ကပ္ေက်ာက္တည္ျခင္းအား ကာကြယ္ ေပးသည့္နည္းလမ္းငါးခုထဲမွ တစ္ခုျဖစ္ေၾကာင္း သိရသည္။

သံပရာရည္ အမ်ားအျပား ေသာက္သုံးေပးျခင္း အားျဖင့္ အစားအစာတြင္ပါဝင္ေသာ ကယ္လ္စီယမ္၊ ပ႐ိုတိန္းႏွင့္ ဆားဓာတ္ပမာဏမ်ားကို ေလွ်ာ့ခ်ေပးသြားႏိုင္ေၾကာင္း

ယူစီဆန္ဒီယာဂိုေက်ာက္တည္ ဌာနမွ ၫႊန္ၾကားေရးမႉး ေဒါက္တာ႐ိုဂါအယ္လ္ဆာက ေျပာၾကားလိုက္သည္။

သံပရာရည္တြင္ ဆီထရစ္အက္စစ္ (အခ်ဥ္ဓာတ္အက္စစ္) ပါဝင္မႈပမာဏျမင့္မားေၾကာင္း ေတြ႕ရသည္။

ထိုသံပုရာရည္ ေလးေအာင္စကို ေရႏွစ္လီတာျဖင့္ေရာ၍ ေန႔စဥ္ေသာက္သုံး ေပးျခင္းအားျဖင့္ လူနာတစ္ဦးခ်င္းစီတြင္ ေက်ာက္ကပ္ေက်ာက္တည္မႈ ဖြဲ႕စည္းခ်င္းႏႈန္းကို

၁ ဒႆမ ၀၀ မွ ၀ ဒႆမ ၁၃ အထိ ေလ်ာ့က်သြားေစႏိုင္ေၾကာင္း သိရသည္။

အျခား သစ္သီးေဖ်ာ္ရည္မ်ားတြင္ ဆီထရစ္အက္စစ္ပါဝင္မႈ ပမာဏနည္းပါးၿပီး မ်ားေသာအားျဖင့္ ထိုအရည္မ်ားတြင္ ေက်ာက္ကပ္ေက်ာက္တည္မႈျဖစ္ေစသည့္

အဓိက အစိတ္အပိုင္း တစ္ရပ္ျဖစ္ေသာ ေအာက္ဆဲလ္လိတ္ႏွင့္ ထုံးဓာတ္မ်ားအ ပိုပါဝင္ေနေၾကာင္း သိရသည္။

‘ဆာ’၏ အဆိုအရ အခ်ိဳ႕ေသာသူမ်ားသည္ မိမိတို႔၏ ေက်ာက္ကပ္တဲတြင္ ေသးငယ္ေသာ ထုံးေက်ာက္ အတုံးကေလးမ်ား ဖြဲ႕စည္းျဖစ္ေပၚေနျခင္းကိုပင္ သိရွိျခင္း မရွိေၾကာင္း၊

၎တို႔သည္ေက်ာက္ကပ္ႏွင့္ ဆီးလမ္းေၾကာင္းအတြင္းသို႔ ဝင္ေရာက္ကာ ျပင္းထန္ေသာ နာက်င္မႈ ျဖစ္ေပၚလာသည္အထိပင္ သိရွိျခင္းမရွိေၾကာင္း ေျပာၾကားခဲ့သည္။

ေက်ာက္ကပ္ထဲတြင္ ေက်ာက္တည္အခါ ျဖစ္ေပၚလာသည့္ အရိပ္လကၡဏာသုံးရပ္မွာ ေက်ာႏွင့္ ဝမ္းဗိုက္ပိုင္းနာက်င္ျခင္း၊ ဆီးထဲေသြးပါျခင္းႏွင့္ ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္ျခင္း တို႔ျဖစ္ေၾကာင္း သိရသည္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: burmese.asia

#Unicode Version#
သံပုရာရည် သောက်သုံးခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းအား ကာကွယ် ပေးသည့်နည်းလမ်းငါးခုထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။

သံပရာရည် အများအပြား သောက်သုံးပေးခြင်း အားဖြင့် အစားအစာတွင်ပါဝင်သော ကယ်လ်စီယမ်၊ ပရိုတိန်းနှင့် ဆားဓာတ်ပမာဏများကို လျှော့ချပေးသွားနိုင်ကြောင်း

ယူစီဆန်ဒီယာဂိုကျောက်တည် ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရိုဂါအယ်လ်ဆာက ပြောကြားလိုက်သည်။

သံပရာရည်တွင် ဆီထရစ်အက်စစ် (အချဉ်ဓာတ်အက်စစ်) ပါဝင်မှုပမာဏမြင့်မားကြောင်း တွေ့ရသည်။

ထိုသံပုရာရည် လေးအောင်စကို ရေနှစ်လီတာဖြင့်ရော၍ နေ့စဉ်သောက်သုံး ပေးခြင်းအားဖြင့် လူနာတစ်ဦးချင်းစီတွင် ကျောက်ကပ်ကျောက်တည်မှု ဖွဲ့စည်းချင်းနှုန်းကို

၁ ဒဿမ ၀၀ မှ ၀ ဒဿမ ၁၃ အထိ လျော့ကျသွားစေနိုင်ကြောင်း သိရသည်။

အခြား သစ်သီးဖျော်ရည်များတွင် ဆီထရစ်အက်စစ်ပါဝင်မှု ပမာဏနည်းပါးပြီး များသောအားဖြင့် ထိုအရည်များတွင် ကျောက်ကပ်ကျောက်တည်မှုဖြစ်စေသည့်

အဓိက အစိတ်အပိုင်း တစ်ရပ်ဖြစ်သော အောက်ဆဲလ်လိတ်နှင့် ထုံးဓာတ်များအ ပိုပါဝင်နေကြောင်း သိရသည်။

‘ဆာ’၏ အဆိုအရ အချို့သောသူများသည် မိမိတို့၏ ကျောက်ကပ်တဲတွင် သေးငယ်သော ထုံးကျောက် အတုံးကလေးများ ဖွဲ့စည်းဖြစ်ပေါ်နေခြင်းကိုပင် သိရှိခြင်း မရှိကြောင်း၊

၎င်းတို့သည်ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ကာ ပြင်းထန်သော နာကျင်မှု ဖြစ်ပေါ်လာသည်အထိပင် သိရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ကျောက်ကပ်ထဲတွင် ကျောက်တည်အခါ ဖြစ်ပေါ်လာသည့် အရိပ်လက္ခဏာသုံးရပ်မှာ ကျောနှင့် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းနှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: burmese.asia
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top