iMyanmarHouse.com - Best Property Website for Myanmar
×


ဒီေန႔ေခတ္ အသက္ ၃၀ ေက်ာ္ အမ်ိဳးသမီး ေတြဟာ ၂၀ ေက်ာ္ အ႐ြယ္ မိန္းကေလး ေတြထက္ ပိုၿပီးလည္းလွ ပိုၿပီးလည္းစမတ္က် ၾကည့္ေကာင္း ေနၾကတာကိုေတြ႕ရပါတယ္ ။ အထူးသျဖင့္ အေပၚယံလွေနတာမ်ိဳးပဲ မဟုတ္ဘဲ သူတို႔ရဲ႕ အျပဳအမူ၊ အေျပာအဆိုနဲ႔ ခံယူခ်က္ စတာေတြကလည္း ေလးစားစရာ ေကာင္းေနၿပီး အဖက္ဖက္က ျပည့္စုံတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေနတာမ်ိဳးပါ။ အဲ့ဒီလိုမ်ိဳး အဖက္ဖက္က ျပည့္စုံလွပတဲ့ အမ်ိဳးသမီးေလးေတြျဖစ္ေနတာဟာ ဒီအေၾကာင္းရင္းေတြေၾကာင့္ျဖစ္ပါတယ္ေနာ္ …… ။

(၁) အသက္ႀကီးလာၿပီလို႔ေတြးၿပီး စိတ္ဖိစီးတာမ်ိဳးမရွိဘူး ”

အသက္ ၃၀ အ႐ြယ္ကိုေရာက္လာၿပီဆိုတာနဲ႔ ပတ္ဝန္းက်င္က အသက္ရလာၿပီ၊ အိမ္ေထာင္မျပဳေသးဘူးလား၊ ကေလးမယူေသးဘူးလား စသျဖင့္ ေမးတတ္ၾကပါတယ္။ ဒါေပမယ့္ ဒီလိုသတ္မွတ္ခ်က္ေတြကို ဂ႐ုစိုက္မေနဘဲ ေအးေအးေဆးေဆးလစ္လ်ဴရႈေနႏိုင္တဲ့အျပင္ ကိုယ့္အတြက္ အမွန္တကယ္သင့္ေတာ္တဲ့အရာ ၊ ကိုယ့္ကို စိတ္ခ်မ္းသာေစတဲ့အရာကဘာလဲဆိုတာကို ေသခ်ာသိၿပီးေ႐ြးခ်ယ္ႏိုင္တာေၾကာင့္ အပူအပင္ကင္းကင္းနဲ႔တက္ႂကြလွပေနႏိုင္တာပဲ ျဖစ္ပါတယ္ …။

(၂) ကိုယ္နဲ႔လိုက္ဖက္တဲ့ဖက္ရွင္ကဘာလဲ ေကာင္းေကာင္းသိတယ္ ”

မိန္းကေလးေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္ႏွာအေနအထား၊ ခႏၶာကိုယ္အခ်ိဳးအစား မတူၾကတာေၾကာင့္ သူနဲ႔လွေနတဲ့ ဖက္ရွင္က ကိုယ္နဲ႔ လွခ်င္မွလွတာပါ။ ဒါကို ၃၀ ေက်ာ္မတ္မတ္ေတြက ေကာင္းေကာင္းနားလည္ေနၿပီး ကိုယ္နဲ႔ ဘယ္လိုဖက္ရွင္နဲ႔ လိုက္ဖက္တယ္၊ ဘယ္ေနရာကို ဘာဝတ္သြားရင္ သင့္ေတာ္တယ္ဆိုတာကိုလည္း ေကာင္းေကာင္းႀကီးသိေနတာေၾကာင့္ ဘယ္အခ်ိန္ၾကည့္ၾကည့္ ဖက္ရွင္က်၊ ၾကည့္ေကာင္းေနတာမ်ိဳးပါ …။



(၃) အရည္အေသြးေကာင္းတာေတြေ႐ြးခ်ယ္တယ္ ”

ေဈးေပါတဲ့ပစၥည္းေတြ အမ်ားႀကီးသုံးတာထက္ အရည္အေသြးေကာင္းတဲ့ အဝတ္အထည္၊ အိတ္၊ ဖိနပ္ စတာေတြကို သုံးတာေၾကာင့္ အဆင့္အတန္းျမင့္တဲ့ ပုံစံမ်ိဳးနဲ႔ က်က္သေရရွိတဲ့ အလွမ်ိဳးကို ပိုင္ဆိုင္ထားပါတယ္ …။

(၄) ကိုယ့္ကိုယ္ကိုေလးစားတယ္ ”

မရင့္က်က္ခင္ အခ်ိန္ကလို ကိုယ့္ကို မခ်စ္ေတာ့တဲ့ သူတစ္ေယာက္ကို ေအာက္က်ေနာက္က်ခံၿပီး ဆြဲမထားတတ္ေတာ့ဘူး၊ ကိုယ့္ကို မလိုလားတဲ့ပတ္ဝန္းက်င္မွာ တြယ္ကပ္ေနတာမ်ိဳးေတြမလုပ္ေတာ့ဘူး၊ ဒီအခ်ိန္မွာ ကိုယ့္ကိုယ္ကိုေလးစားတတ္ေနၿပီး ကိုယ့္အထာေလးနဲ႔ ကိုယ္ေနတတ္လာတာကလည္း ၃၀ ေက်ာ္မမေတြ ၾကည့္ေကာင္းေနရျခင္းထဲက အခ်က္တစ္ခုပဲ ျဖစ္ပါတယ္ …။

(၅) မဝံ့မရဲပုံစံမ်ိဳးမရွိဘူး ”

ဒီအခ်ိန္မွာ သင္ယူတတ္ေျမာက္ထားတဲ့ ပညာေတြကလည္း မနည္းေတာ့ဘူး၊ အေတြ႕အႀကဳံေတြကလည္း မနည္းေတာ့ဘူး ၊ ဒါေၾကာင့္ အရင္ကလို မဝံ့မရဲပုံစံမ်ိဳးေတြ မရွိေတာ့ဘဲ ကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္ရွိတယ္၊ အဲ့ဒီလို ကိုယ့္ကိုယ္ကိုယုံၾကည္မႈ အျပည့္ရွိေနတဲ့ပုံစံကပဲ မတ္မတ္ေတြကို ဆြဲေဆာင္မႈပိုရွိေစတာပါ …။

(၆) ကိုယ့္အတြက္ထိခိုက္မယ့္ အေလ့အက်င့္ေတြကိုေရွာင္တယ္ ”

ဒီအသက္အ႐ြယ္မွာ ရင့္က်က္သင့္သေလာက္ ရင့္က်က္ေနၿပီ၊ နားလည္သင့္တာေတြကို သိနားလည္ေနၿပီျဖစ္တဲ့အတြက္ ကိုယ့္အတြက္ ထိခိုက္ေစတဲ့ မိုက္႐ူးရဲလုပ္ရပ္ေတြ မလုပ္ေတာ့ဘူး၊ စိတ္ညစ္စရာေတြထဲမွာ ကိုယ့္ကိုယ္ကို ႏွစ္ျမႇဳပ္မထားေတာ့ဘဲ ႐ုန္းထြက္တတ္လာၿပီ၊ ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ထားတတ္လာၿပီမို႔ စိတ္ညစ္၊စိတ္ဆင္းရဲေနတာမ်ိဳးေတြ မရွိဘဲ ေပါ့ပါးလန္းဆန္းေနတာပါ …။

(၇) အရွိကိုအရွိအတိုင္းလက္ခံတတ္တယ္ ”

အရင္ကေတာ့ ကိုယ့္ကိုယ္ကို မလွဘူးလို႔ထင္တဲ့ေနရာေတြကို အတင္းျပဳျပင္ဖို႔၊ ဖုံးကြယ္ဖို႔ ႀကိဳးစားခဲ့ဖူးတယ္၊ ဒါေပမယ့္ အခုေတာ့ အဲ့ဒီလိုမဟုတ္ေတာ့ဘဲ ကိုယ့္ရဲ႕ ခ်ိဳ႕ယြင္းခ်က္၊ အျပစ္အနာအဆာလို႔ ထင္ရတဲ့အရာေတြကို အရွိအတိုင္းလက္ခံၿပီးေနတတ္လာၿပီ၊ အားသာခ်က္ကို မ်ားသထက္မ်ားေအာင္ လုပ္ၿပီး အားနည္းခ်က္ေတြကို လက္ခံတတ္လာၿပီ၊ ဒီအခ်က္ကပဲ အသက္ ၃၀ ေက်ာ္ မမေတြကို ပိုၿပီးရင့္က်က္လွပတဲ့ အမ်ိဳးသမီးေလးေတြျဖစ္ေနေစတာပါပဲေနာ္ …။ ။



Credit:MTZH

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ဒီနေ့ခေတ် အသက် ၃၀ ကျော် အမျိုးသမီး တွေဟာ ၂၀ ကျော် အရွယ် မိန်းကလေး တွေထက် ပိုပြီးလည်းလှ ပိုပြီးလည်းစမတ်ကျ ကြည့်ကောင်း နေကြတာကိုတွေ့ရပါတယ် ။ အထူးသဖြင့် အပေါ်ယံလှနေတာမျိုးပဲ မဟုတ်ဘဲ သူတို့ရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ ခံယူချက် စတာတွေကလည်း လေးစားစရာ ကောင်းနေပြီး အဖက်ဖက်က ပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာမျိုးပါ။ အဲ့ဒီလိုမျိုး အဖက်ဖက်က ပြည့်စုံလှပတဲ့ အမျိုးသမီးလေးတွေဖြစ်နေတာဟာ ဒီအကြောင်းရင်းတွေကြောင့်ဖြစ်ပါတယ်နော် …… ။

(၁) အသက်ကြီးလာပြီလို့တွေးပြီး စိတ်ဖိစီးတာမျိုးမရှိဘူး ”

အသက် ၃၀ အရွယ်ကိုရောက်လာပြီဆိုတာနဲ့ ပတ်ဝန်းကျင်က အသက်ရလာပြီ၊ အိမ်ထောင်မပြုသေးဘူးလား၊ ကလေးမယူသေးဘူးလား စသဖြင့် မေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုသတ်မှတ်ချက်တွေကို ဂရုစိုက်မနေဘဲ အေးအေးဆေးဆေးလစ်လျူရှုနေနိုင်တဲ့အပြင် ကိုယ့်အတွက် အမှန်တကယ်သင့်တော်တဲ့အရာ ၊ ကိုယ့်ကို စိတ်ချမ်းသာစေတဲ့အရာကဘာလဲဆိုတာကို သေချာသိပြီးရွေးချယ်နိုင်တာကြောင့် အပူအပင်ကင်းကင်းနဲ့တက်ကြွလှပနေနိုင်တာပဲ ဖြစ်ပါတယ် …။

(၂) ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ကဘာလဲ ကောင်းကောင်းသိတယ် ”

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာအနေအထား၊ ခန္ဓာကိုယ်အချိုးအစား မတူကြတာကြောင့် သူနဲ့လှနေတဲ့ ဖက်ရှင်က ကိုယ်နဲ့ လှချင်မှလှတာပါ။ ဒါကို ၃၀ ကျော်မတ်မတ်တွေက ကောင်းကောင်းနားလည်နေပြီး ကိုယ်နဲ့ ဘယ်လိုဖက်ရှင်နဲ့ လိုက်ဖက်တယ်၊ ဘယ်နေရာကို ဘာဝတ်သွားရင် သင့်တော်တယ်ဆိုတာကိုလည်း ကောင်းကောင်းကြီးသိနေတာကြောင့် ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ကျ၊ ကြည့်ကောင်းနေတာမျိုးပါ …။

(၃) အရည်အသွေးကောင်းတာတွေရွေးချယ်တယ် ”

ဈေးပေါတဲ့ပစ္စည်းတွေ အများကြီးသုံးတာထက် အရည်အသွေးကောင်းတဲ့ အဝတ်အထည်၊ အိတ်၊ ဖိနပ် စတာတွေကို သုံးတာကြောင့် အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးနဲ့ ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားပါတယ် …။

(၄) ကိုယ့်ကိုယ်ကိုလေးစားတယ် ”

မရင့်ကျက်ခင် အချိန်ကလို ကိုယ့်ကို မချစ်တော့တဲ့ သူတစ်ယောက်ကို အောက်ကျနောက်ကျခံပြီး ဆွဲမထားတတ်တော့ဘူး၊ ကိုယ့်ကို မလိုလားတဲ့ပတ်ဝန်းကျင်မှာ တွယ်ကပ်နေတာမျိုးတွေမလုပ်တော့ဘူး၊ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုလေးစားတတ်နေပြီး ကိုယ့်အထာလေးနဲ့ ကိုယ်နေတတ်လာတာကလည်း ၃၀ ကျော်မမတွေ ကြည့်ကောင်းနေရခြင်းထဲက အချက်တစ်ခုပဲ ဖြစ်ပါတယ် …။

(၅) မဝံ့မရဲပုံစံမျိုးမရှိဘူး ”

ဒီအချိန်မှာ သင်ယူတတ်မြောက်ထားတဲ့ ပညာတွေကလည်း မနည်းတော့ဘူး၊ အတွေ့အကြုံတွေကလည်း မနည်းတော့ဘူး ၊ ဒါကြောင့် အရင်ကလို မဝံ့မရဲပုံစံမျိုးတွေ မရှိတော့ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်၊ အဲ့ဒီလို ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိနေတဲ့ပုံစံကပဲ မတ်မတ်တွေကို ဆွဲဆောင်မှုပိုရှိစေတာပါ …။

(၆) ကိုယ့်အတွက်ထိခိုက်မယ့် အလေ့အကျင့်တွေကိုရှောင်တယ် ”

ဒီအသက်အရွယ်မှာ ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပြီ၊ နားလည်သင့်တာတွေကို သိနားလည်နေပြီဖြစ်တဲ့အတွက် ကိုယ့်အတွက် ထိခိုက်စေတဲ့ မိုက်ရူးရဲလုပ်ရပ်တွေ မလုပ်တော့ဘူး၊ စိတ်ညစ်စရာတွေထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်မထားတော့ဘဲ ရုန်းထွက်တတ်လာပြီ၊ ကိုယ့်ကိုယ်ကို ပျော်အောင်ထားတတ်လာပြီမို့ စိတ်ညစ်၊စိတ်ဆင်းရဲနေတာမျိုးတွေ မရှိဘဲ ပေါ့ပါးလန်းဆန်းနေတာပါ …။

(၇) အရှိကိုအရှိအတိုင်းလက်ခံတတ်တယ် ”

အရင်ကတော့ ကိုယ့်ကိုယ်ကို မလှဘူးလို့ထင်တဲ့နေရာတွေကို အတင်းပြုပြင်ဖို့၊ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမယ့် အခုတော့ အဲ့ဒီလိုမဟုတ်တော့ဘဲ ကိုယ့်ရဲ့ ချို့ယွင်းချက်၊ အပြစ်အနာအဆာလို့ ထင်ရတဲ့အရာတွေကို အရှိအတိုင်းလက်ခံပြီးနေတတ်လာပြီ၊ အားသာချက်ကို များသထက်များအောင် လုပ်ပြီး အားနည်းချက်တွေကို လက်ခံတတ်လာပြီ၊ ဒီအချက်ကပဲ အသက် ၃၀ ကျော် မမတွေကို ပိုပြီးရင့်ကျက်လှပတဲ့ အမျိုးသမီးလေးတွေဖြစ်နေစေတာပါပဲနော် …။ ။

Credit:MTZH

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top