iMyanmarHouse.com - Best Property Website for Myanmar
×

 ကမာၻတစ္ဝွမ္းမွာ အျဖစ္မ်ားေနတဲ့ ဆီးခ်ိဳေရာဂါကို ခံစားရၿပီဆိုတဲ့အခါ အသက္အႏၱရာယ္မရွိေစဖို႕အတြက္ အစားအေသာက္ကို အထူးဆင္ျခင္ရပါတယ္။ ဒါ့အျပင္ ေဆးကိုလည္း အၿမဲမွီဝဲေနရၿပီး ဘယ္ေတာ့မွ ေမ့ထားလို႕မရပါဘူး။

ဒါေပမယ့္ ရံုးပေတသီးရဲ႕ အသားနဲ႕ အေစ့ေတြမွာ ဆီးခ်ိဳကို ဟန္႕တားေပးႏိုင္တဲ့ အစြမ္းသတၱိေတြရွိပါတယ္။ ဒီလိုရံုးပေတသီးကို ေရနဲ႕စိမ္ၿပီး ေသာက္သံုးေပးျခင္းက ေသြးခ်ိဳကိုေလ်ာ့နည္းေစပါတယ္။

ဒါေၾကာင့္ ဆီးခ်ိဳကိုသက္သာေစမယ့္ ရံုးပေတသီးအရည္ကို အိမ္မွာ ကိုယ္တိုင္ေဖ်ာ္ေသာက္ၾကည့္လိုက္ရေအာင္ပါ။

ပါဝင္ပစၥည္းမ်ား

    ရံုးပေတသီး (အလယ္အလတ္အရြယ္) – ၄ – ၅ ေတာင့္
    ေရ – တစ္ခြက္
    ဆား
    ငရုပ္ေကာင္း

ျပင္ဆင္ပံု

၁။ ရံုးပေတသီးေတာင့္မ်ားကို ေသခ်ာေျပာင္စင္သြားေအာင္ ေရနဲ႕ေဆးလိုက္ပါ။

၂။ ဖင္ပိုင္းေတြကို လွီးထုတ္ပစ္လိုက္ၿပီး အလယ္ကေန ထက္ျခမ္းျခမ္းလိုက္ပါ။ ေနာက္ထပ္အလယ္ကေန ထက္ျခမ္းလိုက္ပါ။

၃။ ေရထည့္ထားတဲ့ ခြက္တစ္ခြက္ကိုယူလိုက္ၿပီး ရံုးပေတသီးစိတ္ေတြကို ထည့္ပါ။

၄။ ရံုးပေတသီးေတြကို ေရထဲမွာ ၈ နာရီၾကာစိမ္ထားလိုက္ပါ။ ဆႏၵရွိပါက တစ္ရက္ၾကာလည္း ထားေပးႏိုင္ပါတယ္။

၅။ ေနာက္တစ္ေန႕မနက္ေရာက္သည့္အခါ ရံုးပေတသီးေတြကို ဆယ္လိုက္ၿပီး ခြက္ထဲကိုအရည္ျပန္ညွစ္ခ်လိုက္ပါ။ ၿပီးရင္ေတာ့ အဖတ္ေတြကို လႊင့္ပစ္ႏိုင္ပါတယ္။

၆။ ရလာတဲ့အရည္ကို ဖန္ခြက္တစ္ခုထဲေျပာင္းထည့္ၿပီးရင္ အာဟာရဓာတ္ေတြျပည့္တဲ့ ရံုးပေတသီးအရည္ကို ေသာက္သံုးႏိုင္ပါၿပီ။ ေပါ့တယ္လို႕ထင္ပါက ဆား၊ ငရုပ္ေကာင္းတို႕ကို ထည့္သြင္းေပးႏိုင္ပါတယ္။

Credit:myfoodmyanmar

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များနေတဲ့ ဆီးချိုရောဂါကို ခံစားရပြီဆိုတဲ့အခါ အသက်အန္တရာယ်မရှိစေဖို့အတွက် အစားအသောက်ကို အထူးဆင်ခြင်ရပါတယ်။ ဒါ့အပြင် ဆေးကိုလည်း အမြဲမှီဝဲနေရပြီး ဘယ်တော့မှ မေ့ထားလို့မရပါဘူး။

ဒါပေမယ့် ရုံးပတေသီးရဲ့ အသားနဲ့ အစေ့တွေမှာ ဆီးချိုကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ဒီလိုရုံးပတေသီးကို ရေနဲ့စိမ်ပြီး သောက်သုံးပေးခြင်းက သွေးချိုကိုလျော့နည်းစေပါတယ်။

ဒါကြောင့် ဆီးချိုကိုသက်သာစေမယ့် ရုံးပတေသီးအရည်ကို အိမ်မှာ ကိုယ်တိုင်ဖျော်သောက်ကြည့်လိုက်ရအောင်ပါ။

ပါဝင်ပစ္စည်းများ

    ရုံးပတေသီး (အလယ်အလတ်အရွယ်) – ၄ – ၅ တောင့်
    ရေ – တစ်ခွက်
    ဆား
    ငရုပ်ကောင်း

ပြင်ဆင်ပုံ

၁။ ရုံးပတေသီးတောင့်များကို သေချာပြောင်စင်သွားအောင် ရေနဲ့ဆေးလိုက်ပါ။

၂။ ဖင်ပိုင်းတွေကို လှီးထုတ်ပစ်လိုက်ပြီး အလယ်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ နောက်ထပ်အလယ်ကနေ ထက်ခြမ်းလိုက်ပါ။

၃။ ရေထည့်ထားတဲ့ ခွက်တစ်ခွက်ကိုယူလိုက်ပြီး ရုံးပတေသီးစိတ်တွေကို ထည့်ပါ။

၄။ ရုံးပတေသီးတွေကို ရေထဲမှာ ၈ နာရီကြာစိမ်ထားလိုက်ပါ။ ဆန္ဒရှိပါက တစ်ရက်ကြာလည်း ထားပေးနိုင်ပါတယ်။

၅။ နောက်တစ်နေ့မနက်ရောက်သည့်အခါ ရုံးပတေသီးတွေကို ဆယ်လိုက်ပြီး ခွက်ထဲကိုအရည်ပြန်ညှစ်ချလိုက်ပါ။ ပြီးရင်တော့ အဖတ်တွေကို လွှင့်ပစ်နိုင်ပါတယ်။

၆။ ရလာတဲ့အရည်ကို ဖန်ခွက်တစ်ခုထဲပြောင်းထည့်ပြီးရင် အာဟာရဓာတ်တွေပြည့်တဲ့ ရုံးပတေသီးအရည်ကို သောက်သုံးနိုင်ပါပြီ။ ပေါ့တယ်လို့ထင်ပါက ဆား၊ ငရုပ်ကောင်းတို့ကို ထည့်သွင်းပေးနိုင်ပါတယ်။

Credit:myfoodmyanmar

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top