iMyanmarHouse.com - Best Property Website for Myanmar
×

ခရမ္းသီးက ခရမ္းခ်ဥ္သီးနဲ႔ အာလူးမ်ိဳးႏြယ္ဝင္ေတြနဲ႔ ဆက္ႏြယ္ေနတဲ့ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ပါတယ္။ ဟင္းသီးဟင္းရြက္ စားသံုးျခင္းက ေရာဂါကာကြယ္ေစႏိုင္တယ္လို႔ အၾကမ္းဖ်ဥ္းအားျဖင့္ အားလံုးသိထားၿပီးသားျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ခရမ္းသီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေလးေတြအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ႏွလံုးအားေကာင္းေစျခင္း

ခရမ္းသီးစားျခင္းရဲ႕ အက်ိဳးေက်းဇူး

ခရမ္းသီးထဲမွာ အမွ်င္ဓာတ္၊ ပိုတက္ဆီယမ္၊ ဗီတာမင္ စီနဲ႔ ဗီတာမင္ B6 တို႔ ပါဝင္ၿပီး ထိုဓာတ္မ်ားက ႏွလံုးေရာဂါခံစားရႏိုင္ေခ်ကို ေလ်ာ့ခ်ေပးရာမွာ ကူညီေပးၾကပါတယ္။ ေလ့လာခ်က္မ်ားအရ ခရမ္းသီးနည္းနည္းေလးပဲ စားမယ္ဆိုရင္ေတာင္ ႏွလံုးေရာဂါ ျဖစ္ပြားႏႈန္းကို ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ခရမ္းသီးထဲမွာ ပါဝင္တဲ့ ဗီတာမင္ ေကက ေသြးခဲျခင္းမွ ကာကြယ္ေပးၿပီး ေသြးစီးဆင္းျခင္းကို ေကာင္းမြန္ေစပါတယ္။

၂။ ေသြးေပါင္ခ်ိန္ ထိန္းညွိေပးျခင္း

ခရမ္းသီးထဲမွာ ပါဝင္တဲ့ Anthocyanin ဓာတ္က ေသြးေပါက္တက္ျခင္းကို သိသိသာသာကူညီေပးႏိုင္ပါတယ္။ ေသြးေပါင္တက္တဲ့အခါ ခံစားရတဲ့ ေနာက္ဆက္တြဲေရာဂါေတြျဖစ္တဲ့ ႏွလံုးေရာဂါနဲ႔ ေသြးခဲျခင္းတို႔ကိုလည္း လံုးဝမျဖစ္ပြားေအာင္ တားဆီးပိတ္ပင္ေပးပါတယ္။ သူ႔မွာ ပါဝင္တဲ့ ဗီတာမင္ အီးက ရင္ေခါင္းေအာင့္ျခင္း၊ နာျခင္းတို႔ကိုလည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။

၃။ ကင္ဆာေရာဂါအခ်ိဳ႕မွ ကာကြယ္ေပးျခင္း

Eggplant

ခရမ္းသီးထဲမွာ ပါဝင္တဲ့ Polyphenols ၊ Anthocyanins နဲ႔ Cholorogenic အက္စစ္ဓာတ္တို႔က ဦးေႏွာက္အႀကိတ္ျဖစ္ပြားျခင္းမွ ကာကြယ္ေပးၿပီး ကင္ဆာဆဲလ္မ်ား ျပန္႔ပြားျခင္းမွ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ဗီတာမင္ ေအ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ အဆုတ္ကင္ဆာ၊ ရင္သားကင္ဆာ၊ ဆီးအိမ္ကင္ဆာ၊ သြားဖံုးကင္ဆာနဲ႔ အေရျပားကင္ဆာတို႔ မခံစားရေအာင္ စြမ္းေဆာင္ေပးႏိုင္တာကေတာ့ ခရမ္းသီးရဲ႕ အံ့မခန္းအစြမ္းပဲျဖစ္ပါတယ္။

၄။ ေသြးအားနည္းေရာဂါခံစားရျခင္းမွ တားဆီးေပးႏိုင္

သံဓာတ္အားနည္းတဲ့သူေတြအတြက္ ခရမ္းသီးက ေဆးစြမ္းေကာင္းတစ္လက္ပဲျဖစ္ပါတယ္။ ခရမ္းသီးစားသံုးျခင္းက ေသြးနီဥဆဲလ္မ်ားကို ပြားမ်ားေစၿပီး ေသြးအားေကာင္းေစကာ အေမာခံႏိုင္ျခင္း၊ စြမ္းအင္ျပည့္ဝျခင္း၊ သန္မာျခင္း၊ စိုးရိမ္ပူပန္စိတ္ကို ဖယ္႐ွားေပးျခင္း စတဲ့ အက်ိဳးေက်းဇူးမ်ားကိုလည္း ခံစားရ႐ွိေစနိုင္ပါတယ္။

၅။ ဆီးခ်ဳိေရာဂါမွ ကာကြယ္ေပးျခင္း

ခရမ္းသီးမွာ အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ အစားအေသာက္ အာဟာရပညာ႐ွင္မ်ားက ဆီးခ်ိဳသမားမ်ား မွီဝဲစားသံုးသင့္တယ္လို႔ ညႊန္ၾကားထားပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ Phenols ဓာတ္က ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးရမွာလည္း ကြ်မ္းက်င္ပိုင္ႏိုင္လွပါတယ္။

Credit:myfoodmyanmar

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ခရမ်းသီးက ခရမ်းချဉ်သီးနဲ့ အာလူးမျိုးနွယ်ဝင်တွေနဲ့ ဆက်နွယ်နေတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် စားသုံးခြင်းက ရောဂါကာကွယ်စေနိုင်တယ်လို့ အကြမ်းဖျဉ်းအားဖြင့် အားလုံးသိထားပြီးသားဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ခရမ်းသီးရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

၁။ နှလုံးအားကောင်းစေခြင်း

ခရမ်းသီးစားခြင်းရဲ့ အကျိုးကျေးဇူး

ခရမ်းသီးထဲမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် စီနဲ့ ဗီတာမင် B6 တို့ ပါဝင်ပြီး ထိုဓာတ်များက နှလုံးရောဂါခံစားရနိုင်ချေကို လျော့ချပေးရာမှာ ကူညီပေးကြပါတယ်။ လေ့လာချက်များအရ ခရမ်းသီးနည်းနည်းလေးပဲ စားမယ်ဆိုရင်တောင် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို ရာခိုင်နှုန်းတော်တော်များများလျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းသီးထဲမှာ ပါဝင်တဲ့ ဗီတာမင် ကေက သွေးခဲခြင်းမှ ကာကွယ်ပေးပြီး သွေးစီးဆင်းခြင်းကို ကောင်းမွန်စေပါတယ်။

၂။ သွေးပေါင်ချိန် ထိန်းညှိပေးခြင်း

ခရမ်းသီးထဲမှာ ပါဝင်တဲ့ Anthocyanin ဓာတ်က သွေးပေါက်တက်ခြင်းကို သိသိသာသာကူညီပေးနိုင်ပါတယ်။ သွေးပေါင်တက်တဲ့အခါ ခံစားရတဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ နှလုံးရောဂါနဲ့ သွေးခဲခြင်းတို့ကိုလည်း လုံးဝမဖြစ်ပွားအောင် တားဆီးပိတ်ပင်ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဗီတာမင် အီးက ရင်ခေါင်းအောင့်ခြင်း၊ နာခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

၃။ ကင်ဆာရောဂါအချို့မှ ကာကွယ်ပေးခြင်း

Eggplant

ခရမ်းသီးထဲမှာ ပါဝင်တဲ့ Polyphenols ၊ Anthocyanins နဲ့ Cholorogenic အက်စစ်ဓာတ်တို့က ဦးနှောက်အကြိတ်ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပြန့်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် အေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သွားဖုံးကင်ဆာနဲ့ အရေပြားကင်ဆာတို့ မခံစားရအောင် စွမ်းဆောင်ပေးနိုင်တာကတော့ ခရမ်းသီးရဲ့ အံ့မခန်းအစွမ်းပဲဖြစ်ပါတယ်။

၄။ သွေးအားနည်းရောဂါခံစားရခြင်းမှ တားဆီးပေးနိုင်

သံဓာတ်အားနည်းတဲ့သူတွေအတွက် ခရမ်းသီးက ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ခရမ်းသီးစားသုံးခြင်းက သွေးနီဥဆဲလ်များကို ပွားများစေပြီး သွေးအားကောင်းစေကာ အမောခံနိုင်ခြင်း၊ စွမ်းအင်ပြည့်ဝခြင်း၊ သန်မာခြင်း၊ စိုးရိမ်ပူပန်စိတ်ကို ဖယ်ရှားပေးခြင်း စတဲ့ အကျိုးကျေးဇူးများကိုလည်း ခံစားရရှိစေနိုင်ပါတယ်။

၅။ ဆီးချိုရောဂါမှ ကာကွယ်ပေးခြင်း

ခရမ်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစားအသောက် အာဟာရပညာရှင်များက ဆီးချိုသမားများ မှီဝဲစားသုံးသင့်တယ်လို့ ညွှန်ကြားထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ Phenols ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရမှာလည်း ကျွမ်းကျင်ပိုင်နိုင်လှပါတယ်။

Credit:myfoodmyanmar

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top