iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္ ေထာင္ေရးတစ္ခုစတင္ျဖစ္တည္လာျပီဆိုတာနဲ႔ ႏွစ္ဦးသား နားလည္မႈေတြနဲ႔အတူ ယံုၾကည္ခ်က္ေတြနဲ႔ ေရရွည္ ရိုးသားၾကရမွာျဖစ္ပါတယ္… ထို႔ေၾကာင့္ ခ်စ္ျခင္းကိုထိခိုက္လာနိုင္ေစတဲ့ တခ်ိဳ႕ေသာအရာမ်ားကို မျမင္ခ်င္ေယာင္မသိခ်င္ေယာင္ေဆာင္ေပးလိုက္ရပါမယ္…..

လူတိုင္းမွာ အတၱမာန္မာနေတြ ကိုယ္စီရိွတတ္ၾကပါတယ္….. မိန္းမမာန၊ေယာက်္ားမာန၊ပညာမာန၊ဥစၥာမာန အစရိွသျဖင့္ ကိုယ္ပိုင္ဆိုင္ထားတဲ့
အရာေတြနဲ႕ ပတ္သက္ျပီး ဂုဏ္ေမာက္ေနတတ္ၾကပါတယ္….ကိုယ္လက္ထပ္ရယူလိုက္တဲ့သူကို ကုိယ္ပိုင္ဆိုင္တယ္ဆိုျပီး အတၱ ေရွ႕တန္းတင္ ခ်ဳပ္ခ်ယ္မႈေတြျပင္လို႕ အျပစ္ျမင္လာျပီဆို အေသးအမႊားက စလို႕ျပႆနာတက္လာႏိုင္ပါတယ္….

ဘယ္သူမဆို ဘယ္သူကိုမွ မပိုင္ပါဘူး။လက္ထပ္ရယူလိုက္တယ္ဆိုပါကလည္း အမ်ားသိ ဆိုင္သာဆိုင္ေနၾကရတာပါ….ကိုယ့္ကိုကိုယ္သာ ပိုင္ပါတယ္…လင္ရယ္မယား ျဖစ္လာျပီဆိုမွေတာ့လဲ သူ႕အႀကိဳက္ ကိုယ့္အလိုက္ သင့္တင္မွ်တစြာ ေနထိုင္ေနၾကေပမဲ့ တရားလြန္ မတရားတင္းၾကပ္တာမ်ိဳးေတြ ကို ေရွာင္ရွားၿပီး မသိမသာ မသိခ်င္ေယာင္ ေဆာင္ေပးရမဲ့ အရာေတြကေတာ့…….

အေပါင္းအသင္းမ်ားနဲ႕ဆိုင္ထိုင္ျခင္း

မိန္းကေလးမ်ား အေနျဖင့္ ေယာက်ာ္းေလးတို႕ သေဘာ သဘာဝ အရ သူ၏ အေပါင္းအသင္းမ်ားနဲ႕ လဖၻက္ရည္ဆိုင္တိုင္ျပီး ဟိုဟိုဒီဒီ ေျပာတာမ်ိဳးေတြ၊ စားေသာက္ဆိုင္ထိုင္ျပီး အလုပ္အေၾကာင္း ႀကီးပြားတိုးတက္ေရး ေဆြးေႏြးေျပာဆိုခ်ိန္မ်ားကို အတင္းအၾကပ္ အခ်ိန္လိုက္ကန္႕သတ္တာမ်ိဳးေတြ မလုပ္သင့္ပါဘူး…လင္ရယ္ မယားရယ္ ျဖစ္လာမွေတာ့ ဇနီးမယားထံ အခ်ိန္တန္ အိမ္ျပန္လာပါလိမ့္မယ္….အေပါင္းအသင္းေၾကာင့္ တခါတေလ အိမ္ျပန္ေနာက္က်တတ္တာမ်ိဳးကို နားလည္ေပးလိုက္ပါ…..

အလုပ္သေဘာအရ ျပဳမႈေျပာဆိုျခင္း

ဘယ္လုပ္ငန္းမွာ မဆို အလုပ္သေဘာအရ ေယာက်္ား မိန္းမ မေရြးေျပာဆို ဆက္ဆံေနၾကရတာပဲ ျဖစ္ပါတယ္….စိတ္ထဲကပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ အလုပ္ျပီးေျမာက္ဖို႕အတြက္သာ ေပါင္းသင္းေျပာဆိုလုပ္ကိုင္ေနၾကရတာ ျဖစ္တဲ့အတြက္ ခ်စ္ျခင္းကို မထိခိုက္ႏိုင္တဲ႔ အရာမ်ားကိုလင္မယားၾကားတြင္ အတတ္ႏိုင္ဆံုး နားလည္ခြင့္လႊတ္ေပးႏိုင္ရပါမယ္….

ေစ်းဝယ္ထြက္ျခင္း

ေယာက်ာ္းေလးမ်ား အေနျဖင့္ မိန္းကေလးလည္း သူ႔အေပါင္းအသင္းမ်ားႏွင့္ ေစ်းဝယ္ထြက္ျပီး မုန္႔စားတာမ်ိဳး၊သူငယ္ခ်င္း မိန္းကေလး အိမ္သြားျပီး စကားစျမည္ေျပာဆိုကာ ရံဖန္ရံခါ အိမ္လည္ျခင္းမ်ားကို အျပစ္မျမင္ခ်စ္ခင္ေနရပါမယ္…..သူ႕ဘက္ ကိုယ့္ဘက္ ငဲ့ကြက္ကာ သစၥာတရား နားလည္မႈထားလို႕ ေရွ႕ဆက္မယ္ဆိုသာယာေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ အိမ္ေထာင္ေရး ျဖစ္ေနမွာပါ….

စားပြဲေသာက္ပြဲမ်ား

ေယာက်္ား မိန္းမျဖစ္ေစ ယေန႔အခ်ိန္အခါတြင္ လုပ္ငန္း ကိုယ္စီ လုပ္ကိုင္ေနၾကရာ လုပ္ငန္း ႏွစ္ပတ္လည္ စားပြဲမ်ား၊ မိတ္ဆံုစားပြဲမ်ားဆိုတာ မျဖစ္မေနအလုပ္အေျခအေနအရ လိုက္ပါဆင္ႏႊဲၾကရပါတယ္…ထိုသို႕ ပါတီပြဲမ်ား တက္ေရာက္ေနမႈမ်ားကိုလည္း အတတ္ႏိုင္ဆံုးနားလည္လက္ခံေပးကာ ကိုယ္လြတ္လပ္ သေလာက္သူ႔ကိုလည္း မသိမသာ ျပန္လည္ လြတ္လပ္ခြင့္ေပးလိုက္ပါ…….

စကားမ်ားမ်ား နားေထာင္ေပးပါ

ပတ္ဝန္းက်င္တြင္ျဖစ္ပ်က္ေနပံုအရ မသြားခိုင္းမွာစိုးလို႔ ၊ မရမွာ စိုးလို႔ နဲ႔ မေျပာမဆို အျဖဴေရာင္ လိမ္လည္မႈနဲ႔  ျပဳလုပ္ေဆာင္ရြက္ေနၾကတာမ်ိဳးေတြရိွပါတယ္အမွန္ေတာ့ မွားပါတယ္။ ႏွစ္ေယာက္အတူ တစ္ေလွတည္းစီး တစ္ခရီးသြားေနၿပီ ဆိုရင္ေတာ့ ေရရွည္အတြက္ လိမ္လည္ျခင္း မဟုတ္တဲ့ ညာေျပာတာေလးေတြကိုျပင္ဆင္ၾကရပါမယ္….

ဒါေၾကာင့္ သူအမွန္အတိုင္းေျပာလာႏိုင္ေအာင္ ေျပာထြက္လာေအာင္ သင္က လမ္းေၾကာင္းဖြင့္ေပးဖို႔ ေမးဖို႔ကို မေမ့သင့္ပါဘူး။တခါတေလ အမွန္အတိုင္းေျပာလိုက္မွ ပိုစိုးေနမွာ စိုးလို႔ စိတ္ပူေနမွာ စိုးလို႔ ဆိုတာမ်ိဳးေတြ ျဖစ္မလာေအာင္ သူပတ္သက္ေနတဲ့ အသိုင္းအဝိုင္းအေၾကာင္းကိုလည္း သင္က ေကာင္းေကာင္းက်င္လည္ထားမွသာ အဆင္ေျပႏိုင္ပါလိမ့္မယ္……သာယာေပ်ာ္ရႊင္ဖြယ္ ေန႔ရက္မ်ားကို ျဖတ္သန္းရင္း ေရရွည္အတြက္ ယံုၾကည္မႈမ်ားႏွင့္ မသိခ်င္ေယာင္ေဆာင္ လိုက္ေရာေပးလိုက္ၾကရေအာင္…..

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အိမ်ထောင်ရေးတစ်ခုစတင်ဖြစ်တည်လာပြီဆိုတာနဲ့ နှစ်ဦးသား နားလည်မှုတွေနဲ့အတူ ယုံကြည်ချက်တွေနဲ့ ရေရှည် ရိုးသားကြရမှာဖြစ်ပါတယ်… ထို့ကြောင့် ချစ်ခြင်းကိုထိခိုက်လာနိုင်စေတဲ့ တချို့သောအရာများကို မမြင်ချင်ယောင်မသိချင်ယောင်ဆောင်ပေးလိုက်ရပါမယ်…..

လူတိုင်းမှာ အတ္တမာန်မာနတွေ ကိုယ်စီရှိတတ်ကြပါတယ်….. မိန်းမမာန၊ယောကျ်ားမာန၊ပညာမာန၊ဥစ္စာမာန အစရှိသဖြင့် ကိုယ်ပိုင်ဆိုင်ထားတဲ့
အရာတွေနဲ့ ပတ်သက်ပြီး ဂုဏ်မောက်နေတတ်ကြပါတယ်….ကိုယ်လက်ထပ်ရယူလိုက်တဲ့သူကို ကိုယ်ပိုင်ဆိုင်တယ်ဆိုပြီး အတ္တ ရှေ့တန်းတင် ချုပ်ချယ်မှုတွေပြင်လို့ အပြစ်မြင်လာပြီဆို အသေးအမွှားက စလို့ပြဿနာတက်လာနိုင်ပါတယ်….

ဘယ်သူမဆို ဘယ်သူကိုမှ မပိုင်ပါဘူး။လက်ထပ်ရယူလိုက်တယ်ဆိုပါကလည်း အများသိ ဆိုင်သာဆိုင်နေကြရတာပါ….ကိုယ့်ကိုကိုယ်သာ ပိုင်ပါတယ်…လင်ရယ်မယား ဖြစ်လာပြီဆိုမှတော့လဲ သူ့အကြိုက် ကိုယ့်အလိုက် သင့်တင်မျှတစွာ နေထိုင်နေကြပေမဲ့ တရားလွန် မတရားတင်းကြပ်တာမျိုးတွေ ကို ရှောင်ရှားပြီး မသိမသာ မသိချင်ယောင် ဆောင်ပေးရမဲ့ အရာတွေကတော့…….

အပေါင်းအသင်းများနဲ့ဆိုင်ထိုင်ခြင်း

မိန်းကလေးများ အနေဖြင့် ယောကျာ်းလေးတို့ သဘော သဘာဝ အရ သူ၏ အပေါင်းအသင်းများနဲ့ လဖ္ဘက်ရည်ဆိုင်တိုင်ပြီး ဟိုဟိုဒီဒီ ပြောတာမျိုးတွေ၊ စားသောက်ဆိုင်ထိုင်ပြီး အလုပ်အကြောင်း ကြီးပွားတိုးတက်ရေး ဆွေးနွေးပြောဆိုချိန်များကို အတင်းအကြပ် အချိန်လိုက်ကန့်သတ်တာမျိုးတွေ မလုပ်သင့်ပါဘူး…လင်ရယ် မယားရယ် ဖြစ်လာမှတော့ ဇနီးမယားထံ အချိန်တန် အိမ်ပြန်လာပါလိမ့်မယ်….အပေါင်းအသင်းကြောင့် တခါတလေ အိမ်ပြန်နောက်ကျတတ်တာမျိုးကို နားလည်ပေးလိုက်ပါ…..

အလုပ်သဘောအရ ပြုမှုပြောဆိုခြင်း

ဘယ်လုပ်ငန်းမှာ မဆို အလုပ်သဘောအရ ယောကျ်ား မိန်းမ မရွေးပြောဆို ဆက်ဆံနေကြရတာပဲ ဖြစ်ပါတယ်….စိတ်ထဲကပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အလုပ်ပြီးမြောက်ဖို့အတွက်သာ ပေါင်းသင်းပြောဆိုလုပ်ကိုင်နေကြရတာ ဖြစ်တဲ့အတွက် ချစ်ခြင်းကို မထိခိုက်နိုင်တဲ့ အရာများကိုလင်မယားကြားတွင် အတတ်နိုင်ဆုံး နားလည်ခွင့်လွှတ်ပေးနိုင်ရပါမယ်….

ဈေးဝယ်ထွက်ခြင်း

ယောကျာ်းလေးများ အနေဖြင့် မိန်းကလေးလည်း သူ့အပေါင်းအသင်းများနှင့် ဈေးဝယ်ထွက်ပြီး မုန့်စားတာမျိုး၊သူငယ်ချင်း မိန်းကလေး အိမ်သွားပြီး စကားစမြည်ပြောဆိုကာ ရံဖန်ရံခါ အိမ်လည်ခြင်းများကို အပြစ်မမြင်ချစ်ခင်နေရပါမယ်…..သူ့ဘက် ကိုယ့်ဘက် ငဲ့ကွက်ကာ သစ္စာတရား နားလည်မှုထားလို့ ရှေ့ဆက်မယ်ဆိုသာယာပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်ရေး ဖြစ်နေမှာပါ….

စားပွဲသောက်ပွဲများ

ယောကျ်ား မိန်းမဖြစ်စေ ယနေ့အချိန်အခါတွင် လုပ်ငန်း ကိုယ်စီ လုပ်ကိုင်နေကြရာ လုပ်ငန်း နှစ်ပတ်လည် စားပွဲများ၊ မိတ်ဆုံစားပွဲများဆိုတာ မဖြစ်မနေအလုပ်အခြေအနေအရ လိုက်ပါဆင်နွှဲကြရပါတယ်…ထိုသို့ ပါတီပွဲများ တက်ရောက်နေမှုများကိုလည်း အတတ်နိုင်ဆုံးနားလည်လက်ခံပေးကာ ကိုယ်လွတ်လပ် သလောက်သူ့ကိုလည်း မသိမသာ ပြန်လည် လွတ်လပ်ခွင့်ပေးလိုက်ပါ…….

စကားများများ နားထောင်ပေးပါ

ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေပုံအရ မသွားခိုင်းမှာစိုးလို့ ၊ မရမှာ စိုးလို့ နဲ့ မပြောမဆို အဖြူရောင် လိမ်လည်မှုနဲ့  ပြုလုပ်ဆောင်ရွက်နေကြတာမျိုးတွေရှိပါတယ်အမှန်တော့ မှားပါတယ်။ နှစ်ယောက်အတူ တစ်လှေတည်းစီး တစ်ခရီးသွားနေပြီ ဆိုရင်တော့ ရေရှည်အတွက် လိမ်လည်ခြင်း မဟုတ်တဲ့ ညာပြောတာလေးတွေကိုပြင်ဆင်ကြရပါမယ်….

ဒါကြောင့် သူအမှန်အတိုင်းပြောလာနိုင်အောင် ပြောထွက်လာအောင် သင်က လမ်းကြောင်းဖွင့်ပေးဖို့ မေးဖို့ကို မမေ့သင့်ပါဘူး။တခါတလေ အမှန်အတိုင်းပြောလိုက်မှ ပိုစိုးနေမှာ စိုးလို့ စိတ်ပူနေမှာ စိုးလို့ ဆိုတာမျိုးတွေ ဖြစ်မလာအောင် သူပတ်သက်နေတဲ့ အသိုင်းအဝိုင်းအကြောင်းကိုလည်း သင်က ကောင်းကောင်းကျင်လည်ထားမှသာ အဆင်ပြေနိုင်ပါလိမ့်မယ်……သာယာပျော်ရွှင်ဖွယ် နေ့ရက်များကို ဖြတ်သန်းရင်း ရေရှည်အတွက် ယုံကြည်မှုများနှင့် မသိချင်ယောင်ဆောင် လိုက်ရောပေးလိုက်ကြရအောင်…..

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top