iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version#
 မန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတွေထဲက တယောက်ဖြစ်တဲ့ အကယ်ဒမီမြင့်မြတ်ကတော့ သူ့ရဲ့ ရိုးသားတဲ့ အပြုအမူနဲ့ ပရိသတ်တွေအပေါ် လေးလေးစားစား ဆက်ဆံမှုတွေကြောင့် အားပေးမှု အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ အကြမ်းအရမ်း၊ အလွမ်းအဆွေး၊ ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသားမြင့်မြတ်တယောက်ကတော့ အလှူအတန်းဖက်မှာလည်း ရက်ရက်ရောရော လှူတတ်တဲ့ မင်းသားတယောက်ဖြစ်ပါတယ်။
မင်းသားမြင့်မြတ်ကတော့ ယခုတခါမှာလည်း အဆိုတော် ထူးအယ်လင်းတို့ရဲ့ ဆိုင်ကယ်စီးအဖွဲ့နဲ့ ပူးပေါင်းပြီး စေတီတဆူ ဆောက်လုပ်ဖို့အတွက် ငွေကျပ် သိန်း ၅၀ ကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။ ဒီအလှူအတန်းလေးကိုတော့ မြင့်မြတ်ရဲ့ ပရိသတ်တွေကတော့ ချီးကျုးထားကြပြီး အဆိုတော် ထူးအယ်လင်းကတော့ သူ့အကောင့်မှာတင်ထားပြီးတော့ မင်းသားမြင့်မြတ်ကိုလည်း လေးစားကြောင့် ရေးသားထားပါသေးတယ်။
ထူးအယ်လင်းကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ “ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအုပ်စု လှေတော်ရွာ ကျောက်တောင်ကြီးပေါ်တွင် တည်ထားကိုးကွယ်မည့် ၃၁ ဘုံသားများအတွက်ရည်စူးပြီး ၃၁ တောင်ပြည့် အောင်သိန္ဒိစေတီ တည်ဖို့ရာအတွက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီမြင့်မြတ်မှ မတည်ငွေ သိန်းငါးဆယ်(၅,၀၀၀,၀၀၀) ၊ ကျွန်တော်နှင့်ဆိုင်ကယ်ချစ်သူညီအကိုများမှ သိန်းသုံးဆယ်(၃,၀၀၀,၀၀၀) ၊ စုစုပေါင်းသိန်းရှစ်ဆယ်(၈,၀၀၀,၀၀၀)ဖြင့် စေတီတည်ဆောက်ဖို့ မတည်လှူဒါန်းပါတယ်ဗျ လှေတော်ရွာသူ ရွာသားတွေ သာသနာရေးက ဘုန်းတော်ကြီးတွေ တအားကို ဝမ်းသာပီတိဖြစ်နေကြတယ်။ ကျွန်တော်တို့လည်း ဇာတ်လိုက်(မြင့်မြတ်)ကို ကျေးဇူးတင် ဝမ်းသာမိတယ် ယခု ကုသိုလ်အမျှကို နတ် လူ ဘီလူး မုဒိတာပွားများ၍ ပီတိဝမ်းသာဖြင့် သာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ သာဓု သာဓု သာဓု လေးစားပါတယ်မြင့်မြတ်ရာ” ဆိုပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှု ဓါတ်ပုံလေးတွေနဲ့ တင်ထားတာ ဖြစ်ပါတယ်။
ပရိသတ်ကြီးထဲမှာလည်း မင်းသား မြင့်မြတ်ရဲ့ ပရိသတ်တွေတော်တော်များများ ရှိကြမယ်လို့ထင်ပါတယ်။ မင်းသားရဲ့ လေးစားဖွယ်ကောင်းတဲ့ အလှူလေးကိုလည်း ထပ်တူထပ်မျှသာဓုခေါ်ပြီး ကုသိုလ်ယူနိုင်ကြမယ်ထင်တယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:ပြောချင်လွန်းလို့
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top