iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရ မၾကာခဏ ယားယံျခင္းဟာ အလြန္စိတ္ညစ္ညဴးေစေၾကာင္း ၾကံဳဖူးသူတိုင္း သိၾကပါတယ္။အထူးသျဖင့္ အခုလုိ ေႏြရာသီမ်ိဳးမွာဆို ေခြ်းထြက္လြန္ၿပီး အေရျပားယားယံျခင္းေၾကာင့္ အနီကြက္မ်ား အင္ျပင္မ်ား ထြက္ေလ့ရွိတာမို႔ စိတ္ပ်က္စရာ ေကာင္းလွပါတယ္။ သင့္အေရျပားကို ယားယံေစတဲ့ အေၾကာင္းရင္းမ်ားစြာကို ေဖာ္ျပေပးမွာျဖစ္လို႔ ဆက္လက္ဖတ္႐ႈၾကည့္ေပးပါ။

(၁)    အသားအေရ အလြန္ေျခာက္ေသြ႕ျခင္း

          အလြန္ေျခာက္ေသြ႕ေသာ အသားအေရဟာ အလြယ္တကူ ယားယံမႈကို ျဖစ္ေစပါတယ္။

(၂)    ၾကမ္းပိုးကိုက္ျခင္း

          ျခင္ကိုက္ျခင္းေၾကာင့္ ယားယံျခင္းဟာ သိသာလြယ္ၿပီး ေပ်ာက္ကင္းဖို႔လည္း ျမန္ဆန္ပါတယ္။ ၾကမ္းပိုး ကိုက္ခံရတဲ့အခါမွာေတာ့ ေနထိုင္မရေအာင္ ယားေစတဲ့အျပင္ ေပ်ာက္ကင္းဖို႔လည္း ၾကာတတ္ပါတယ္။ ၾကမ္းပိုးအျပင္ ႂကြက္သန္း၊ ေခြးသန္းတို႔လည္း အပါအ၀င္ျဖစ္ပါတယ္။

(၃)    အေရျပားယားယံေစေသာေရာဂါမ်ား

●        အေရျပားေရာင္ရမ္းေရာဂါ

●        ၀က္သက္ေရာဂါ

●        ၀ဲ၊ ႏွင္းခူေရာဂါ

●        အေရျပားေမြးညႇင္းေပါက္ ေရာင္ရမ္းေရာဂါ

●        မသန္႔ရွင္းေသာအရာမ်ားကို ကိုင္မိျခင္းေၾကာင့္ အေရျပားပိုး၀င္ေရာဂါ

●        အင္ျပင္

●        အာ႐ံုေၾကာႏွင့္ အေရျပားေရာင္ရမ္းေရာဂါ

●        သန္ထျခင္း

●        ကာလသားေရာဂါ

(၄)    အေရျပားကင္ဆာ

          အေရျပားကင္ဆာရဲ႕ တစ္ခုတည္းေသာလကၡဏာကေတာ့ အေရျပားေပၚတြင္ အစက္အေပ်ာက္ ထြက္ေပၚျခင္း ျဖစ္ပါတယ္။ ထိုအစက္မွာ အလြန္ယားယံေစတာမို႔ သတိထားမိျခင္း ျဖစ္ပါတယ္။

(၅)    နာတာရွည္ေရာဂါမ်ားရွိျခင္းကို မီးေမာင္းထိုးျပေနျခင္း

          အျမဲလိုလုိ ယားယံေနတတ္ပါက သင့္တြင္ ေအာက္ပါေရာဂါမ်ား ရွိေနသလားဆိုတာ ဆန္းစစ္သင့္ပါတယ္။

●        ေသြးေရာဂါ

●        ဆီးခ်ိဳ

●        ေက်ာက္ကပ္ေရာဂါ

●        အသည္းေရာဂါ

●        ေအအိုင္ဒီအက္စ္

●        သိုင္းရြိဳက္ေရာဂါ

(၆)    ဓာတ္မတည့္ျခင္းေၾကာင့္ အေရျပား ယားယံျခင္း

          လူတစ္ေယာက္ခ်င္းစီေပၚ မူတည္ၿပီး ဓာတ္မတည့္ေစေသာအရာမ်ာ းကြဲျပားပါတယ္။အခ်ိဳ႕က ဖုန္၊ သဲမ်ားကို ထိေတြ႕ရင္ ယားယံတတ္ၿပီး အခ်ိဳ႕အေနျဖင့္ နစ္ကယ္ဆိုေသာ သတၱဳတစ္မ်ိဳးကို ထိေတြ႕ျခင္းေၾကာင့္လည္း ယားယံတတ္ပါတယ္။ ဓာတုပစည္းမ်ားေၾကာင့္လည္း ယားေစတတ္သလို ပင္လယ္စားကဲ့သို႔ မတည့္ေသာ အစာမ်ား စားမိေသာအခါလည္း ယားယံေစပါလိမ့္မယ္။ ဓာတ္မတည့္ျခင္းေၾကာင့္ ယားယံျခင္းဟာ အင္ျပင္ထြက္ျခင္းႏွင့္ တြဲဖက္ျဖစ္တတ္ပါတယ္။

(၇)    အပင္ သို႔မဟုတ္ ပင္လယ္တြင္းရွိသတၱ၀ါမ်ားႏွင့္ ထိေတြ႕ျခင္း

          အဆိပ္ရွိႏြယ္ပင္မ်ားႏွင့္ ထိေတြ႕ျခင္းေၾကာင့္ အသားအေရ ယားတတ္သလို ေရကန္၊ ပင္လယ္အစရွိေသာ ေရမ်ားတြင္ရွိ ပါရာဆိုက္မ်ားေၾကာင့္လည္း  ယားယံံျခင္းကို ျဖစ္ေပၚေစတတ္ပါတယ္။

(၈)    အသက္ ၆၅ ႏွစ္ႏွင့္အထက္ လူႀကီးမ်ား

          အသက္ႀကီးလာတာႏွင့္အမ်ွ အေရျပားက ေျပာင္းလဲလာပါတယ္။ အသက္ ၆၅ ေရာက္တဲ့အခါမွာ အေရျပားက ပိုပါးလာၿပီး အစိုဓာတ္လည္း နည္းပါးလာတာမို႔ ယားယံတတ္ပါတယ္။

(၉)    ကင္ဆာေဆးမ်ားႏွင့္ အျခားေဆးမ်ား မွီ၀ဲေနျခင္း

          အက္စ္ပရင္ႏွင့္ အျခားအကိုက္အခဲေပ်ာက္ေဆးမ်ား၊ ေသြးေပါင္က်ေဆးမ်ားကို မွီ၀ဲျခင္းေၾကာင့္လည္း အေရျပားယားတတ္ၿပီး ကင္ဆာေဆးမ်ားရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔လည္း အေရျပားယားေစတတ္ပါတယ္။

(၁၀)  အာ႐ံုေၾကာဆိုင္ရာျပႆနာမ်ား

          အာ႐ံုေၾကာ ေကာင္းစြာ အလုပ္မလုပ္ျခင္းေၾကာင့္လည္း အေရျပာ းယားယံတတ္ပါတယ္။ ေရာဂါ သို႔မဟုတ္ ဒဏ္ရာတစ္ခုေၾကာင့္ အာ႐ံုေၾကာပ်က္စီးပါက အေရျပားယားျခင္းျဖစ္ေပၚေစပါတယ္။

          အာ႐ံုေၾကာပ်က္စီးျခင္းေၾကာင့္ အေရျပားယားျခင္းျဖစ္ေစေသာေရာဂါမ်ားမွာ -

●        ကာလသားေရာဂါ

●        ေလျဖတ္ျခင္း

●        ဦးေႏွာက္ႏွင့္ ေက်ာ႐ိုးဆစ္ အာ႐ံုေၾကာမဆိုင္ရာ ေရာဂါမ်ား

          နာတာရွည္ ယားယံျခင္းဟာ သင့္အတြက္ ေပ်ာ္ရြင္ဖြယ္ လူေနမႈဘ၀ကိုပါ ထိခိုက္ေစလာမွာ အမွန္ပါ။ အိပ္ေရးပ်က္ေစျခင္း၊ အာ႐ံုစူးစိုက္မရျခင္းႏွင့္ အျမဲကုတ္ေနရျခင္းေၾကာင့္ အနာမ်ားျဖစ္ျခင္းႏွင့္ အျခားလူမႈေရးျပႆနာမ်ားကိုပါ ပိုင္ဆိုင္ေစပါလိမ့္မယ္။ဒါေၾကာင့္ အေရျပားယားယံျခင္း စတင္ျဖစ္ေပၚပါက အေရျပားဆရာ၀န္ႏွင့္ အျမန္ျပသၿပီး ကုသမႈ ခံယူသင့္ပါတယ္။

Credit: drmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အသားအရေ မကြာခဏ ယားယံခြင်းဟာ အလွန်စိတ်ညစ်ညူးစေကြောင်း ကြုံဖူးသူတိုင်း သိကြပါတယ်။အထူးသဖြင့် အခုလို နွေရာသီမျိုးမှာဆို ချွေးထွက်လွန်ပြီး အရေပြားယားယံခြင်းကြောင့် အနီကွက်များ အင်ပြင်များ ထွက်လေ့ရှိတာမို့ စိတ်ပျက်စရာ ကောင်းလှပါတယ်။ သင့်အရေပြားကို ယားယံစေတဲ့ အကြောင်းရင်းများစွာကို ဖော်ပြပေးမှာဖြစ်လို့ ဆက်လက်ဖတ်ရှုကြည့်ပေးပါ။

(၁)    အသားအရေ အလွန်ခြောက်သွေ့ခြင်း

          အလွန်ခြောက်သွေ့သော အသားအရေဟာ အလွယ်တကူ ယားယံမှုကို ဖြစ်စေပါတယ်။

(၂)    ကြမ်းပိုးကိုက်ခြင်း

          ခြင်ကိုက်ခြင်းကြောင့် ယားယံခြင်းဟာ သိသာလွယ်ပြီး ပျောက်ကင်းဖို့လည်း မြန်ဆန်ပါတယ်။ ကြမ်းပိုး ကိုက်ခံရတဲ့အခါမှာတော့ နေထိုင်မရအောင် ယားစေတဲ့အပြင် ပျောက်ကင်းဖို့လည်း ကြာတတ်ပါတယ်။ ကြမ်းပိုးအပြင် ကြွက်သန်း၊ ခွေးသန်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။

(၃)    အရေပြားယားယံစေသောရောဂါများ

●        အရေပြားရောင်ရမ်းရောဂါ

●        ဝက်သက်ရောဂါ

●        ဝဲ၊ နှင်းခူရောဂါ

●        အရေပြားမွေးညှင်းပေါက် ရောင်ရမ်းရောဂါ

●        မသန့်ရှင်းသောအရာများကို ကိုင်မိခြင်းကြောင့် အရေပြားပိုးဝင်ရောဂါ

●        အင်ပြင်

●        အာရုံကြောနှင့် အရေပြားရောင်ရမ်းရောဂါ

●        သန်ထခြင်း

●        ကာလသားရောဂါ

(၄)    အရေပြားကင်ဆာ

          အရေပြားကင်ဆာရဲ့ တစ်ခုတည်းသောလက္ခဏာကတော့ အရေပြားပေါ်တွင် အစက်အပျောက် ထွက်ပေါ်ခြင်း ဖြစ်ပါတယ်။ ထိုအစက်မှာ အလွန်ယားယံစေတာမို့ သတိထားမိခြင်း ဖြစ်ပါတယ်။

(၅)    နာတာရှည်ရောဂါများရှိခြင်းကို မီးမောင်းထိုးပြနေခြင်း

          အမြဲလိုလို ယားယံနေတတ်ပါက သင့်တွင် အောက်ပါရောဂါများ ရှိနေသလားဆိုတာ ဆန်းစစ်သင့်ပါတယ်။

●        သွေးရောဂါ

●        ဆီးချို

●        ကျောက်ကပ်ရောဂါ

●        အသည်းရောဂါ

●        အေအိုင်ဒီအက်စ်

●        သိုင်းရွိုက်ရောဂါ

(၆)    ဓာတ်မတည့်ခြင်းကြောင့် အရေပြား ယားယံခြင်း

          လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး ဓာတ်မတည့်စေသောအရာမျာ းကွဲပြားပါတယ်။အချို့က ဖုန်၊ သဲများကို ထိတွေ့ရင် ယားယံတတ်ပြီး အချို့အနေဖြင့် နစ်ကယ်ဆိုသော သတ္တုတစ်မျိုးကို ထိတွေ့ခြင်းကြောင့်လည်း ယားယံတတ်ပါတယ်။ ဓာတုပစည်းများကြောင့်လည်း ယားစေတတ်သလို ပင်လယ်စားကဲ့သို့ မတည့်သော အစာများ စားမိသောအခါလည်း ယားယံစေပါလိမ့်မယ်။ ဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်းဟာ အင်ပြင်ထွက်ခြင်းနှင့် တွဲဖက်ဖြစ်တတ်ပါတယ်။

(၇)    အပင် သို့မဟုတ် ပင်လယ်တွင်းရှိသတ္တဝါများနှင့် ထိတွေ့ခြင်း

          အဆိပ်ရှိနွယ်ပင်များနှင့် ထိတွေ့ခြင်းကြောင့် အသားအရေ ယားတတ်သလို ရေကန်၊ ပင်လယ်အစရှိသော ရေများတွင်ရှိ ပါရာဆိုက်များကြောင့်လည်း  ယားယံံခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

(၈)    အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ

          အသက်ကြီးလာတာနှင့်အမျှ အရေပြားက ပြောင်းလဲလာပါတယ်။ အသက် ၆၅ ရောက်တဲ့အခါမှာ အရေပြားက ပိုပါးလာပြီး အစိုဓာတ်လည်း နည်းပါးလာတာမို့ ယားယံတတ်ပါတယ်။

(၉)    ကင်ဆာဆေးများနှင့် အခြားဆေးများ မှီဝဲနေခြင်း

          အက်စ်ပရင်နှင့် အခြားအကိုက်အခဲပျောက်ဆေးများ၊ သွေးပေါင်ကျဆေးများကို မှီဝဲခြင်းကြောင့်လည်း အရေပြားယားတတ်ပြီး ကင်ဆာဆေးများရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း အရေပြားယားစေတတ်ပါတယ်။

(၁၀)  အာရုံကြောဆိုင်ရာပြဿနာများ

          အာရုံကြော ကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့်လည်း အရေပြာ းယားယံတတ်ပါတယ်။ ရောဂါ သို့မဟုတ် ဒဏ်ရာတစ်ခုကြောင့် အာရုံကြောပျက်စီးပါက အရေပြားယားခြင်းဖြစ်ပေါ်စေပါတယ်။

          အာရုံကြောပျက်စီးခြင်းကြောင့် အရေပြားယားခြင်းဖြစ်စေသောရောဂါများမှာ -

●        ကာလသားရောဂါ

●        လေဖြတ်ခြင်း

●        ဦးနှောက်နှင့် ကျောရိုးဆစ် အာရုံကြောမဆိုင်ရာ ရောဂါများ

          နာတာရှည် ယားယံခြင်းဟာ သင့်အတွက် ပျော်ရွင်ဖွယ် လူနေမှုဘဝကိုပါ ထိခိုက်စေလာမှာ အမှန်ပါ။ အိပ်ရေးပျက်စေခြင်း၊ အာရုံစူးစိုက်မရခြင်းနှင့် အမြဲကုတ်နေရခြင်းကြောင့် အနာများဖြစ်ခြင်းနှင့် အခြားလူမှုရေးပြဿနာများကိုပါ ပိုင်ဆိုင်စေပါလိမ့်မယ်။ဒါကြောင့် အရေပြားယားယံခြင်း စတင်ဖြစ်ပေါ်ပါက အရေပြားဆရာဝန်နှင့် အမြန်ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

Credit: drmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top