iMyanmarHouse.com - Best Property Website for Myanmar
×

သင္က သြားဆရာဝန္ကို သူငယ္ခ်င္းအျဖစ္ပိုင္ဆိုင္ထားရတဲ့သူဆိုရင္ေတာ့ သိပ္ကို ကံေကာင္းတဲ့သူတစ္ေယာက္ပါပဲ။ သင့္သူငယ္ခ်င္းက သင့္ကို အလကားကုသေပးမွာေတာ့ မဟုတ္ေပမယ့္ သင့္သြားက်န္းမာေရးအတြက္ အႀကံဥာဏ္ေကာင္းေတြ၊ ေဆာင္ရန္ ေ႐ွာင္ရန္အခ်က္ေလးေတြကိုေတာ့ သတိေပးေျပာၾကားႏိုင္တာေပါ့။

သင္ဂ႐ုမစိုက္မိလိုက္တဲ့ ကိစၥအေသးအဖြဲေလးေတြကအစ သင့္သြားက်န္းမာေရးနဲ႔ သြားအလွအပကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္သြားေလးေတြကို ျဖဴေဖြးဝင္းပၿပီး ညီညာလွပခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို ေ႐ွာင္ၾကဥ္ဖို႔ လိုပါလိမ့္မယ္။

အစား စားၿပီးၿပီးခ်င္း သြားမတိုက္ပါနဲ႔

အစား စားၿပီးတဲ့အခါ မိနစ္ ၃၀၊ မိနစ္ ၄၀ ၾကာမွ သြားတိုက္ေပးပါ။ အစား စားၿပီးၿပီးခ်င္း ခ်က္ခ်င္းသြားတိုက္မယ္ဆိုရင္ သြားေၾကြလႊာေတြကို ပ်က္စီးေစႏိုင္ပါတယ္။

ေရကူးသူမ်ား ေ႐ွာင္ၾကဥ္ရန္

ေရကူးကန္ထဲက ပိုးမႊားမ်ားကို သန္႔စင္ေပးဖို႔ရန္အတြက္ ခပ္ထားတဲ့ ဓာတုေဆးမ်ားက သင့္သြားက်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ ၁၉၈၀ ျပည့္ႏွစ္မ်ားမွာ အေမရိကန္ သိပၸံပညာ႐ွင္မ်ားရဲ႕ ေလ့လာခ်က္အရ ၄၀ ရာခိုင္ႏႈန္းေသာ ေရကူးသမားမ်ားက ေရကူးကန္ထဲက ပိုးသတ္ေဆးေရမ်ားေၾကာင့္ သြားေၾကြလႊာပ်က္စီးသြားၾကပါတယ္။ ဒါ့ေၾကာင့္ ေရကူးသမားမ်ားအေနနဲ႔ ေရကူးတဲ့အခ်ိန္ အထူးသတိထားဖို႔ လိုအပ္ပါတယ္။

ေဖ်ာ္ထားေသာ ေကာ္ဖီခြက္ကို ခ်က္ခ်င္း ေသာက္ပစ္ရပါမယ္။ မိနစ္ ၃၀ အထိ ပိုမေသာက္သင့္ပါဘူး။

အလုပ္ လုပ္တဲ့အခါ၊ စာလုပ္ေနတဲ့အခါမ်ိဳးမွာ ေကာ္ဖီကို နည္းနည္းခ်င္းစီေသာက္တတ္ၾကပါတယ္။ အထူးသျဖင့္ ေကာ္ဖီထဲမွာ ခရင္မ္ေတြ၊ သၾကားအမ်ားႀကီးထည့္ထားတယ္ဆိုရင္ သင့္သြားက်န္းမာေရးအတြက္ ပိုမိုဆိုးရြားႏိုင္ပါတယ္။

သားဖြားမီးယပ္အထူးကုဆရာဝန္ေတြကလည္း သင္ကေလးမယူခင္မွာ သင့္သြားက်န္းမာေရးကို ေသခ်ာကုသမႈခံယူထားသင့္တယ္လို႔ အႀကံေပးၾကပါလိမ့္မယ္။

ဒါက ဘာ့ေၾကာင့္လည္းဆိုရင္ သင့္သြားတစ္သွ်ဴးမ်ားမွတစ္ဆင့္ သြားဖံုးဆီသို႔ ေရာဂါပိုးမႊားမ်ား ကူးစက္ပ်ံ႕ႏွံ႔သြားၿပီး သြားမွတစ္ဆင့္ ေသြးေၾကာမ်ားဆီသို႔၊ ထိုမွတစ္ဆင့္ သေႏၶသားဆီသို႔ ကူးစက္ပ်ံ႕ႏွံ႔သြားႏိုင္လို႔ပါပဲ။ ေမြးဖြားလာတဲ့ကေလးမ်ားအဖို႔ အခ်ိန္မတိုင္မွီ ေစာစီးစြာေမြးျခင္းအျပင္ ေမြးရာပါေရာဂါမ်ားလည္း ခံစားရႏိုင္ပါတယ္။

ေရခဲတံုးမ်ား ဝါးစားျခင္း၊ လွ်ာေဖာက္ထားျခင္းမ်ား မျပဳလုပ္ပါနဲ႔

ေရခဲတံုးနဲ႔ အျခားမာေသာအေစ့အဆံမ်ား ကိုက္ဝါးျခင္းက သြားဖံုးနဲ႔ သြားေၾကြလႊာကို ပ်က္စီးေစႏိုင္ပါတယ္။ လွ်ာေဖာက္ျခင္းနဲ႔ လွ်ာမွာတပ္ဆင္ထားတဲ့သတၱဳပစၥည္းေတြကလည္း သင့္သြားအတြက္မေကာင္းပါဘူး။ ဒါ့အျပင္ မုန္႔ထုပ္မ်ားကို သြားနဲ႔ ကိုက္ေဖာက္ျခင္း၊ သံဘူးမ်ားကိုလည္း သြားနဲ႔ဖြင့္ေဖာက္ျခင္းကို ေ႐ွာင္ၾကဥ္သင့္ပါတယ္။

သင့္သြားက်န္းမာေရးက သင့္မွတ္ဥာဏ္နဲ႔ ဆက္စပ္ေနပါတယ္။

သိပၸံပညာ႐ွင္မ်ားက အသက္ ၅၅ ႏွစ္နဲ႔ အထက္႐ွိတဲ့ လူႀကီး ၂၇၃ ေယာက္ကို ေလ့လာစမ္းစစ္ခ်က္အရ သြားေဆြးျမည့္ၿပီး သြားမ႐ွိေတာ့တဲ့သူေတြက စိတ္အေျပာင္းအလဲအတက္အက်ျမန္ၾကၿပီး သည္းခံႏိုင္စြမ္းေလ်ာ့နည္းကာ စိတ္တိုေဒါသထြက္လြယ္ၾကပါတယ္။ ဒါ့အျပင္ ခဏခဏလည္း အေမ့သန္ၾကပါတယ္။

Credit: mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သင်က သွားဆရာဝန်ကို သူငယ်ချင်းအဖြစ်ပိုင်ဆိုင်ထားရတဲ့သူဆိုရင်တော့ သိပ်ကို ကံကောင်းတဲ့သူတစ်ယောက်ပါပဲ။ သင့်သူငယ်ချင်းက သင့်ကို အလကားကုသပေးမှာတော့ မဟုတ်ပေမယ့် သင့်သွားကျန်းမာရေးအတွက် အကြံဉာဏ်ကောင်းတွေ၊ ဆောင်ရန် ရှောင်ရန်အချက်လေးတွေကိုတော့ သတိပေးပြောကြားနိုင်တာပေါ့။

သင်ဂရုမစိုက်မိလိုက်တဲ့ ကိစ္စအသေးအဖွဲလေးတွေကအစ သင့်သွားကျန်းမာရေးနဲ့ သွားအလှအပကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်သွားလေးတွေကို ဖြူဖွေးဝင်းပပြီး ညီညာလှပချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို ရှောင်ကြဉ်ဖို့ လိုပါလိမ့်မယ်။

အစား စားပြီးပြီးချင်း သွားမတိုက်ပါနဲ့

အစား စားပြီးတဲ့အခါ မိနစ် ၃၀၊ မိနစ် ၄၀ ကြာမှ သွားတိုက်ပေးပါ။ အစား စားပြီးပြီးချင်း ချက်ချင်းသွားတိုက်မယ်ဆိုရင် သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။

ရေကူးသူများ ရှောင်ကြဉ်ရန်

ရေကူးကန်ထဲက ပိုးမွှားများကို သန့်စင်ပေးဖို့ရန်အတွက် ခပ်ထားတဲ့ ဓာတုဆေးများက သင့်သွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များမှာ အမေရိကန် သိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ ၄၀ ရာခိုင်နှုန်းသော ရေကူးသမားများက ရေကူးကန်ထဲက ပိုးသတ်ဆေးရေများကြောင့် သွားကြွေလွှာပျက်စီးသွားကြပါတယ်။ ဒါ့ကြောင့် ရေကူးသမားများအနေနဲ့ ရေကူးတဲ့အချိန် အထူးသတိထားဖို့ လိုအပ်ပါတယ်။

ဖျော်ထားသော ကော်ဖီခွက်ကို ချက်ချင်း သောက်ပစ်ရပါမယ်။ မိနစ် ၃၀ အထိ ပိုမသောက်သင့်ပါဘူး။

အလုပ် လုပ်တဲ့အခါ၊ စာလုပ်နေတဲ့အခါမျိုးမှာ ကော်ဖီကို နည်းနည်းချင်းစီသောက်တတ်ကြပါတယ်။ အထူးသဖြင့် ကော်ဖီထဲမှာ ခရင်မ်တွေ၊ သကြားအများကြီးထည့်ထားတယ်ဆိုရင် သင့်သွားကျန်းမာရေးအတွက် ပိုမိုဆိုးရွားနိုင်ပါတယ်။

သားဖွားမီးယပ်အထူးကုဆရာဝန်တွေကလည်း သင်ကလေးမယူခင်မှာ သင့်သွားကျန်းမာရေးကို သေချာကုသမှုခံယူထားသင့်တယ်လို့ အကြံပေးကြပါလိမ့်မယ်။

ဒါက ဘာ့ကြောင့်လည်းဆိုရင် သင့်သွားတစ်သျှူးများမှတစ်ဆင့် သွားဖုံးဆီသို့ ရောဂါပိုးမွှားများ ကူးစက်ပျံ့နှံ့သွားပြီး သွားမှတစ်ဆင့် သွေးကြောများဆီသို့၊ ထိုမှတစ်ဆင့် သန္ဓေသားဆီသို့ ကူးစက်ပျံ့နှံ့သွားနိုင်လို့ပါပဲ။ မွေးဖွားလာတဲ့ကလေးများအဖို့ အချိန်မတိုင်မှီ စောစီးစွာမွေးခြင်းအပြင် မွေးရာပါရောဂါများလည်း ခံစားရနိုင်ပါတယ်။

ရေခဲတုံးများ ဝါးစားခြင်း၊ လျှာဖောက်ထားခြင်းများ မပြုလုပ်ပါနဲ့

ရေခဲတုံးနဲ့ အခြားမာသောအစေ့အဆံများ ကိုက်ဝါးခြင်းက သွားဖုံးနဲ့ သွားကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ လျှာဖောက်ခြင်းနဲ့ လျှာမှာတပ်ဆင်ထားတဲ့သတ္တုပစ္စည်းတွေကလည်း သင့်သွားအတွက်မကောင်းပါဘူး။ ဒါ့အပြင် မုန့်ထုပ်များကို သွားနဲ့ ကိုက်ဖောက်ခြင်း၊ သံဘူးများကိုလည်း သွားနဲ့ဖွင့်ဖောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

သင့်သွားကျန်းမာရေးက သင့်မှတ်ဉာဏ်နဲ့ ဆက်စပ်နေပါတယ်။

သိပ္ပံပညာရှင်များက အသက် ၅၅ နှစ်နဲ့ အထက်ရှိတဲ့ လူကြီး ၂၇၃ ယောက်ကို လေ့လာစမ်းစစ်ချက်အရ သွားဆွေးမြည့်ပြီး သွားမရှိတော့တဲ့သူတွေက စိတ်အပြောင်းအလဲအတက်အကျမြန်ကြပြီး သည်းခံနိုင်စွမ်းလျော့နည်းကာ စိတ်တိုဒေါသထွက်လွယ်ကြပါတယ်။ ဒါ့အပြင် ခဏခဏလည်း အမေ့သန်ကြပါတယ်။

Credit: mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top