iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတိုင္းက အလွအပနဲ႔ ပတ္သက္လာရင္ အၿမဲတမ္းၿပီးျပည့္စံုတဲ့ အလွအပကို ပိုင္ဆိုင္ခ်င္ၾကတာပါပဲ။ ဒါ့ေၾကာင့္လည္း ထြက္သမွ်အလွကုန္ပစၥည္းေတြ ဝယ္စုရ အက်ႌဖက္ရွင္အသစ္ေတြကိုလည္း ဝယ္ရနဲ႔ မိမိကိုယ္ကိုလွပေအာင္ ဆင္ျမန္းၾကပါတယ္။

ဒါဆိုရင္ အမ်ိဳးသားေတြကို ဆြဲေဆာင္တဲ့ အမ်ိဳးသမီးေတြရဲ႕အလွအပကေရာ ဘာေတြမ်ားျဖစ္မလဲဆိုတာ အတူတူဖတ္ၾကည့္ရေအာင္ေနာ္။

ေရေမႊးန႔ံ

အမ်ိဳးသားေတြက မိန္းကေလးတစ္ေယာက္ရဲ႕ေရေမႊးနံ႔ကို အာ႐ံုစိုက္ေလ့ရွိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မိန္းကေလးေတြရဲ႕ ေရေမႊးနံ႔ေလးက သူတို႔ကို အမွတ္ရေနေစလို႔ပါပဲ။ ဒါေပမဲ့ ေရေမႊးအလြန္အကြ်ံဆြတ္တဲ့ မိန္းကေလးကိုလည္း မႀကိဳက္ၾကျပန္ပါဘူး။

လက္သည္းပံုေဖာ္ထားပံု

မိန္းကေလးေတြ လက္သည္းပံုေဖာ္ထားတာကို အမ်ိဳးသားေတြက သိပ္အာ႐ံုမထားတတ္ၾကပါဘူး။ အမ်ိဳးသားေတြက လက္သည္းအရွည္ႀကီးေတြ လက္သည္းအေရာင္ေတာက္ေတာက္ႀကီးေတြကိုလည္း မႀကိဳက္ၾကပါဘူး။ လက္သည္းေလးက သန္႔သန္႔ရွင္းရွင္းျဖစ္ေနဖို႔ကသာ အဓိကပါ။ လက္သည္းဆိုးေဆး Nude အေရာင္ေလးေတြ၊ သဘာဝဆန္တဲ့အေရာင္ေလးေတြကိုသာ ႀကိဳက္ႏွစ္သက္ၾကပါတယ္။

မ်က္ခံုးေမႊး

မ်က္ခံုးေမႊးကို ထူပိန္းေနေအာင္ သိသိသာသာမဆြဲထားပဲ သဘာဝအတိုင္းလွပေနတဲ့မ်က္ခံုးေမႊးမ်ားကိုသာ သေဘာက်ၾကပါတယ္။

မ်က္ေတာင္

မ်က္ေတာင္တုေတြတပ္ျခင္းက မိန္းကေလးတစ္ေယာက္ကို လွပေအာင္ ကူညီေပးႏိုင္ေပမယ့္ သဘာဝမ်က္ေတာင္ေလးကိုသာ သေဘာက်ၾကပါတယ္။

မိတ္ကပ္

မိတ္ကပ္လိမ္းျခယ္တဲ့အခါမွာလည္း သဘာဝဆန္ဆန္လိမ္းျခယ္ထားျခင္းကိုသာ အားေပးၾကၿပီး အေရာင္ေၾကာင္ေၾကာင္က်ားက်ားႏႈတ္ခမ္းနီမ်ားက သဘာဝမက်တဲ့အတြက္ေၾကာင့္ မႀကိဳက္ၾကပါဘူး။

ဝက္ၿခံနဲ႔ အဖုအပိမ့္မ်ား

အမ်ိဳးသားမ်ားက သင့္မ်က္ႏွာေပၚက ဝက္ၿခံကိုျမင္ေကာင္းျမင္ႏိုင္ေပမယ့္ အာ႐ံုထဲေတာ့ မထားၾကည့္ပါဘူး။ ဘာျဖစ္လို႔လဲဆိုတာ ဝက္ၿခံဆိုတာ ဒီေန႔ေပါက္ၿပီး မနက္ျဖန္ေပ်ာက္တယ္ဆိုတာ သိၾကလို႔ပါပဲ။ ဒါေပမဲ့ ဝက္ၿခံအလြန္အကြ်ံေပါက္ေနရင္ေတာ့ ဒီမိန္းကေလးက သူ႔အသားအေရကို ဂ႐ုတစိုက္ထိန္းသိမ္းေစာင့္ေရွာက္ျခင္း မရွိဘူးလု႔ိ ထင္တတ္ၾကပါတယ္။

ေခ်ာေမြ႕မႈမရွိေသာ ေျခေထာက္

မိန္းကေလးတစ္ေယာက္ရဲ႕ ေျခေထာက္က ေခ်ာေမြ႕ေနရမယ္လို႔ သူတို႔က မယူဆတဲ့အတြက္ေၾကာင့္ ဒါကလည္း ျပႆနာႀကီးႀကီးမားမားတစ္ခုမဟုတ္ပါဘူး။

ေခါင္းမေလွ်ာ္ထားေသာ ဆံပင္

အၾကာႀကီးေနလို႔မွ ေခါင္းတစ္ေခါက္မေလွ်ာ္တာေၾကာင့္ ဆံပင္ကဆီအလိမ္းလိမ္းနဲ႔ ေပပြေနတာမ်ိဳးက မိန္းကေလးတစ္ေယာက္ရဲ႕ ဆြဲေဆာင္မႈကို ေလ်ာ့က်ေစပါတယ္။ ေန႔တိုင္းေခါင္းေလွ်ာ္ရမယ္လို႔ ဆိုလိုတာမဟုတ္ဘဲ ေခါင္းမေလွ်ာ္ထားလည္း ဆံေကသာသပ္သပ္ရပ္ရပ္ျဖစ္ေနဖို႔ပဲ လိုတာပါ။

ေၾကမြေနေသာ အက်ႌ

မီးပူမတိုက္ထားဘဲ တြန္႔ေၾကေနတဲ့အဝတ္အစားဝတ္ဆင္ထားတဲ့ မိန္းကေလးမ်ားက ဆြဲေဆာင္မႈမရွိဘူးလု႔ိ ယူဆၾကပါတယ္။

Credit: mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိန်းကလေးတိုင်းက အလှအပနဲ့ ပတ်သက်လာရင် အမြဲတမ်းပြီးပြည့်စုံတဲ့ အလှအပကို ပိုင်ဆိုင်ချင်ကြတာပါပဲ။ ဒါ့ကြောင့်လည်း ထွက်သမျှအလှကုန်ပစ္စည်းတွေ ဝယ်စုရ အင်္ကျီဖက်ရှင်အသစ်တွေကိုလည်း ဝယ်ရနဲ့ မိမိကိုယ်ကိုလှပအောင် ဆင်မြန်းကြပါတယ်။

ဒါဆိုရင် အမျိုးသားတွေကို ဆွဲဆောင်တဲ့ အမျိုးသမီးတွေရဲ့အလှအပကရော ဘာတွေများဖြစ်မလဲဆိုတာ အတူတူဖတ်ကြည့်ရအောင်နော်။

ရေမွှေးနံ့

အမျိုးသားတွေက မိန်းကလေးတစ်ယောက်ရဲ့ရေမွှေးနံ့ကို အာရုံစိုက်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတွေရဲ့ ရေမွှေးနံ့လေးက သူတို့ကို အမှတ်ရနေစေလို့ပါပဲ။ ဒါပေမဲ့ ရေမွှေးအလွန်အကျွံဆွတ်တဲ့ မိန်းကလေးကိုလည်း မကြိုက်ကြပြန်ပါဘူး။

လက်သည်းပုံဖော်ထားပုံ

မိန်းကလေးတွေ လက်သည်းပုံဖော်ထားတာကို အမျိုးသားတွေက သိပ်အာရုံမထားတတ်ကြပါဘူး။ အမျိုးသားတွေက လက်သည်းအရှည်ကြီးတွေ လက်သည်းအရောင်တောက်တောက်ကြီးတွေကိုလည်း မကြိုက်ကြပါဘူး။ လက်သည်းလေးက သန့်သန့်ရှင်းရှင်းဖြစ်နေဖို့ကသာ အဓိကပါ။ လက်သည်းဆိုးဆေး Nude အရောင်လေးတွေ၊ သဘာဝဆန်တဲ့အရောင်လေးတွေကိုသာ ကြိုက်နှစ်သက်ကြပါတယ်။

မျက်ခုံးမွှေး

မျက်ခုံးမွှေးကို ထူပိန်းနေအောင် သိသိသာသာမဆွဲထားပဲ သဘာဝအတိုင်းလှပနေတဲ့မျက်ခုံးမွှေးများကိုသာ သဘောကျကြပါတယ်။

မျက်တောင်

မျက်တောင်တုတွေတပ်ခြင်းက မိန်းကလေးတစ်ယောက်ကို လှပအောင် ကူညီပေးနိုင်ပေမယ့် သဘာဝမျက်တောင်လေးကိုသာ သဘောကျကြပါတယ်။

မိတ်ကပ်

မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာလည်း သဘာဝဆန်ဆန်လိမ်းခြယ်ထားခြင်းကိုသာ အားပေးကြပြီး အရောင်ကြောင်ကြောင်ကျားကျားနှုတ်ခမ်းနီများက သဘာဝမကျတဲ့အတွက်ကြောင့် မကြိုက်ကြပါဘူး။

ဝက်ခြံနဲ့ အဖုအပိမ့်များ

အမျိုးသားများက သင့်မျက်နှာပေါ်က ဝက်ခြံကိုမြင်ကောင်းမြင်နိုင်ပေမယ့် အာရုံထဲတော့ မထားကြည့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ ဝက်ခြံဆိုတာ ဒီနေ့ပေါက်ပြီး မနက်ဖြန်ပျောက်တယ်ဆိုတာ သိကြလို့ပါပဲ။ ဒါပေမဲ့ ဝက်ခြံအလွန်အကျွံပေါက်နေရင်တော့ ဒီမိန်းကလေးက သူ့အသားအရေကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိဘူးလု့ိ ထင်တတ်ကြပါတယ်။

ချောမွေ့မှုမရှိသော ခြေထောက်

မိန်းကလေးတစ်ယောက်ရဲ့ ခြေထောက်က ချောမွေ့နေရမယ်လို့ သူတို့က မယူဆတဲ့အတွက်ကြောင့် ဒါကလည်း ပြဿနာကြီးကြီးမားမားတစ်ခုမဟုတ်ပါဘူး။

ခေါင်းမလျှော်ထားသော ဆံပင်

အကြာကြီးနေလို့မှ ခေါင်းတစ်ခေါက်မလျှော်တာကြောင့် ဆံပင်ကဆီအလိမ်းလိမ်းနဲ့ ပေပွနေတာမျိုးက မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။ နေ့တိုင်းခေါင်းလျှော်ရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ ခေါင်းမလျှော်ထားလည်း ဆံကေသာသပ်သပ်ရပ်ရပ်ဖြစ်နေဖို့ပဲ လိုတာပါ။

ကြေမွနေသော အင်္ကျီ

မီးပူမတိုက်ထားဘဲ တွန့်ကြေနေတဲ့အဝတ်အစားဝတ်ဆင်ထားတဲ့ မိန်းကလေးများက ဆွဲဆောင်မှုမရှိဘူးလု့ိ ယူဆကြပါတယ်။

Credit: mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top