iMyanmarHouse.com - Best Property Website for Myanmar
×


လူေတာ္ေတာ္ မ်ားမ်ားကေတာ့ တစ္သက္လုံး FA ဘဝနဲ႔ေန သြားရမွာကို စိုးရိမ္ေလ့ ရွိၾကပါတယ္ ။ Singleဘဝကို ေပ်ာ္တဲ့လို႔ေျပာတဲ့ သူေတြရွိေပမယ့္ မ်ားေသာ အားျဖင့္ေတာ့ အတြဲေတြျမင္ရင္ မသိစိတ္ ထဲကေန အားက် တတ္ၾကပါတယ္ ။

လူဆိုတာလည္း ရႈပ္ေထြးေပြလီ ဒုကၡမ်ားတဲ့ဘဝကို မသိစိတ္က ႀကိဳက္တတ္တဲ့ အမ်ိဳးပါ ။ တစ္ခ်ိဳ႕ တကယ္ကို Single ဘဝနဲ႔ပဲ ေပ်ာ္တတ္တဲ့ သူေတြလည္း ရွိပါတယ္ ။

သင္ေရာ တစ္သက္လုံး Singleအျဖစ္နဲ႔ ေနသြားမွာလား ? ေအာက္ပါ လကၡာဏာရပ္ေတြသင့္မွာ ရွိေနရင္ေတာ့ သင္တစ္သက္လုံး Single အျဖစ္ေနထုုိင္သြားရဖို႔မ်ားပါတယ္ ။
(၁) သင္ဟာ သင့္ဘဝထဲကို လူအသစ္ေတြ သိပ္ေပးဝင္ေလ့ မရွိဘူး ။

သင့္အေနနဲ႔ အသစ္ တစ္ေယာက္ေယာက္ နဲ႔ အရမ္း ရင္းႏွီးမွာ ကိုလိုလားေလ့ မရွိပါဘူး ။ သူစိမ္း တစ္ေယာက္ေယာက္က ၿပဳံးျပရင္ေတာင္ သင္ဟာရွက္သလိုလို ၊ ေၾကာက္သလိုလို နဲ႔ ျပန္ၿပံဳးမျပပဲ ေရွာင္လႊဲ ထြက္သြားပါလိမ့္မယ္ ။
(၂) သင္ဟာ လက္တြဲေဖာ္နဲ႔ ပက္သက္ၿပီး အရမ္းကို ေမွ်ာ္မွန္းထားတယ္ ။

တကယ္ေတာ့ လက္တြဲေဖာ္နဲ႔ ပက္သက္ၿပီး စိတ္ထဲမွာ ေမွ်ာ္မွန္းခ်က္ေလးေတြ ရွိတာေကာင္းပါတယ္ ။ ဒါေပမယ့္ ဘယ္သူ႔မွာမွ မရွိႏိုုင္တဲ့ အရည္အခ်င္းမ်ိဳးနဲ႔ လက္တြဲေဖာ္ သို႔မဟုတ္ ၊ လူတစ္သန္းမွာ တစ္ေယာက္ေလာက္ပဲ ရွိႏိုုင္တဲ့ အရည္အခ်င္းမ်ိဳးနဲ႔ လက္တြဲေဖာ္ကို သင္ေမွ်ာ္လင့္ေနရင္ေတာ့ ဒီတစ္သက္ Single ျဖစ္ဖို႔ မ်ားပါတယ္ ။
(၃) သင္ဟာေနရာ သစ္ေတြကို သြားေလ့ မရွိသလို အသစ္သစ္ေသာ အရာေတြကိုလည္း လုပ္ေလ့ မရွိဘူး ။

သင့္ရဲ႕ အားလပ္ခ်ိန္ေတြမွာ အိပ္ရာထဲ လွဲၿပီး ႐ုုပ္ရွင္ တစ္ေနကုန္ ထိုင္ၾကည့္မယ္ ။ အျပင္ကို မသြားပဲ အိမ္ထဲမွာပဲ အခ်ိန္ျပည့္ ေအာင္းေနေလ့ ရွိၿပီး သူငယ္ခ်င္းေတြက တစ္ေနရာရာ သြားဖို႔ေခၚရင္လည္း သင္ျငင္း ပါလိမ့္မယ္ ။
(၄) သင္ပိုင္ဆိုင္တဲ့ အရာေတြကို မွ်ေဝရမွာ တြန႔္တိုေလ့ရွိတယ္ ။

သင္ပိုင္တဲ ့အိပ္ရာေပၚမွာလည္း ဘယ္သူ႔ကိုုမွ ေပးမအိပ္ေစခ်င္ဘူး ။ သင့္ရဲ႕ ကမာၻေလးထဲက ဘယ္လို အရာကိုမွ သူမ်ားနဲ႔ မွ်ေဝ ခံစားခ်င္ေလ့ မရွိဘူး ။
(၅) သင့္ကို သူငယ္ခ်င္းေတြက ေပ်ာ္ပြဲ႐ႊင္ပြဲ ပါတီေတြ မဖိတ္ေတာ့ဘူး ။

သူတိုု႔က သင့္ကို မခင္လို႔ေတာ့ မဟုတ္ပါဘူး ။ သင္ဟာ လူေတြ အမ်ားႀကီးနဲ႔ ကသိကေအာက္ ျဖစ္တတ္မွန္း သိတာက တစ္ေၾကာင္း ၊ ပါတီဆိုတဲ့ အရာနဲ႔ ႐ုပ္တည္ႀကီးနဲ႔ ေအးတိေအးစက္ မ်က္ႏွာ အမူအရာမ်ိဳးနဲ႔ မလိုက္ဖက္တာက တစ္ေၾကာင္း မဖိတ္တာပါ ။
(၆) သင္ဟာ သင့္ရဲ႕ အဆက္ေဟာင္းကို မေမ့ႏုုိင္ဘူး ။

သင္ဟာ သင့္ရဲ႕ အဆက္ေဟာင္းကို မေမ့ႏုုိင္႐ုံုတင္ မကပဲ ေန႔တိုင္းလည္း သူ႔ရဲ႕ အေကာင့္ကို ဝင္ၾကည့္တာ မ်ိဳးအရင္တုန္းက Message ေတြျပန္ဖတ္တာမ်ိဳး တစ္ေႏြ႕ေႏြ႕ တစ္အုံအုံ ေန႔တိုင္း ခံစားေန တတ္ပါတယ္ ။ ေနာက္ၿပီးသင္ဟာ သူမပါပဲလည္း ေပ်ာ္႐ႊင္ေနေၾကာင္း ဟန္ေဆာင္ပန္ေဆာင္ Status ေတြ ခဏခဏ တင္ေနပါလိမ့္မယ္ ။ ရည္႐ြယ္ခ်က္ကေတာ့ သူဝင္ၾကည့္ရင္ ေတြ႕ေအာင္ ဆိုၿပီးပါ ။ ဒါေပမယ့္လည္း သူက ဝင္ၾကည့္ဖို႔ ဆိုတာ မျဖစ္ႏုုိင္သေလာက္ပါ ။
(၇) အသစ္ တစ္ေယာက္က သင့္ကို ခ်ဥ္းကပ္လာတိုင္း အရင္ တစ္ေယက္နဲ ႔ႏႈိင္းယွဥ္ေလ့ရွိတယ္ ။

အရင္တစ္ေယာက္ကို စံထားၿပီး ခ်ဥ္းကပ္ လာတဲ့ သူေတြကို အၿမဲ တိုင္းတာေန ပါလိမ့္မယ္ ။ သင့္ရဲ႕ အရင္တစ္ေယာက္ ေပးသြားတဲ့ ဒဏ္ရာကိုေတာ့ မသိသလို ဟန္ေဆာင္ၿပီး အၿမဲ အဲ့ဒိတစ္ေယာက္နဲ႔ပဲ တိုင္းတာေန ပါလိမ့္မယ္ ။
(၈) သင္ဟာ လွဖို႔ပဖို႔ အျပင္းႀကီးတယ္ ။

သင္ဟာ ရည္းစား တစ္ေယာက္ရဖို႔ မိမိကိုယ္ကို ဂ႐ုမစိုက္ခ်င္တဲ့ သူမ်ိဳးပါ ။ သင္ဟာ အဲ့ဒိလို အလွအပေတြ ျပင္မယ့္ အစား အိပ္မယ္ ၊ စားမယ္ ၊ သို႔မဟုတ္ အလုုပ္ ပဲလုုပ္မယ္ဆိုတဲ့ လူစားမ်ိဳးပါ ။ တစ္ေန႔ေန႔ သင့္ရဲ႕ အရွိအတိုင္းကို ခ်စ္ႏိုုင္မယ့္ သူေပၚလာေကာင္း ေပၚလာမွာပဲ ဆိုုၿပီးေစာင့္ေန ပါလိမ့္မယ္ ။

အထက္ပါ အခ်က္ေတြ သင့္မွ ာရွိေနၿပီလား ? မစိုးရိမ္ပါနဲ႔ ။ သင္ေသခ်ာ ျပန္စဥ္းစားပါ ။ သင္ဟာ တစ္ေယာက္ထဲေနရတာ ေပ်ာ္တာ ေသခ်ာရင္ လြတ္လြတ္ လပ္လပ္သာေနပါ ။ ဒါေပမယ့္ သင့္တစ္ဘဝ လုံးကို တစ္ေယာက္ထဲ ျဖတ္သန္းရဖို႔ ေၾကာက္ေနတယ္ဆိုရင္ (မညာပါနဲ႔ ။ မသိစိတ္ကို ျပန္ေမးၾကည့္ပါအုံး) ေတာ့ အထက္ပါ အခ်က္ေတြကို ျပင္ဆင္သင့္ပါတယ္ ။

Credit:santhitsa

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


လူတော်တော် များများကတော့ တစ်သက်လုံး FA ဘဝနဲ့နေ သွားရမှာကို စိုးရိမ်လေ့ ရှိကြပါတယ် ။ Singleဘဝကို ပျော်တဲ့လို့ပြောတဲ့ သူတွေရှိပေမယ့် များသော အားဖြင့်တော့ အတွဲတွေမြင်ရင် မသိစိတ် ထဲကနေ အားကျ တတ်ကြပါတယ် ။

လူဆိုတာလည်း ရှုပ်ထွေးပွေလီ ဒုက္ခများတဲ့ဘဝကို မသိစိတ်က ကြိုက်တတ်တဲ့ အမျိုးပါ ။ တစ်ချို့ တကယ်ကို Single ဘဝနဲ့ပဲ ပျော်တတ်တဲ့ သူတွေလည်း ရှိပါတယ် ။

သင်ရော တစ်သက်လုံး Singleအဖြစ်နဲ့ နေသွားမှာလား ? အောက်ပါ လက္ခာဏာရပ်တွေသင့်မှာ ရှိနေရင်တော့ သင်တစ်သက်လုံး Single အဖြစ်နေထိုင်သွားရဖို့များပါတယ် ။
(၁) သင်ဟာ သင့်ဘဝထဲကို လူအသစ်တွေ သိပ်ပေးဝင်လေ့ မရှိဘူး ။

သင့်အနေနဲ့ အသစ် တစ်ယောက်ယောက် နဲ့ အရမ်း ရင်းနှီးမှာ ကိုလိုလားလေ့ မရှိပါဘူး ။ သူစိမ်း တစ်ယောက်ယောက်က ပြုံးပြရင်တောင် သင်ဟာရှက်သလိုလို ၊ ကြောက်သလိုလို နဲ့ ပြန်ပြုံးမပြပဲ ရှောင်လွှဲ ထွက်သွားပါလိမ့်မယ် ။
(၂) သင်ဟာ လက်တွဲဖော်နဲ့ ပက်သက်ပြီး အရမ်းကို မျှော်မှန်းထားတယ် ။

တကယ်တော့ လက်တွဲဖော်နဲ့ ပက်သက်ပြီး စိတ်ထဲမှာ မျှော်မှန်းချက်လေးတွေ ရှိတာကောင်းပါတယ် ။ ဒါပေမယ့် ဘယ်သူ့မှာမှ မရှိနိုင်တဲ့ အရည်အချင်းမျိုးနဲ့ လက်တွဲဖော် သို့မဟုတ် ၊ လူတစ်သန်းမှာ တစ်ယောက်လောက်ပဲ ရှိနိုင်တဲ့ အရည်အချင်းမျိုးနဲ့ လက်တွဲဖော်ကို သင်မျှော်လင့်နေရင်တော့ ဒီတစ်သက် Single ဖြစ်ဖို့ များပါတယ် ။
(၃) သင်ဟာနေရာ သစ်တွေကို သွားလေ့ မရှိသလို အသစ်သစ်သော အရာတွေကိုလည်း လုပ်လေ့ မရှိဘူး ။

သင့်ရဲ့ အားလပ်ချိန်တွေမှာ အိပ်ရာထဲ လှဲပြီး ရုပ်ရှင် တစ်နေကုန် ထိုင်ကြည့်မယ် ။ အပြင်ကို မသွားပဲ အိမ်ထဲမှာပဲ အချိန်ပြည့် အောင်းနေလေ့ ရှိပြီး သူငယ်ချင်းတွေက တစ်နေရာရာ သွားဖို့ခေါ်ရင်လည်း သင်ငြင်း ပါလိမ့်မယ် ။
(၄) သင်ပိုင်ဆိုင်တဲ့ အရာတွေကို မျှဝေရမှာ တွန့်တိုလေ့ရှိတယ် ။

သင်ပိုင်တဲ့အိပ်ရာပေါ်မှာလည်း ဘယ်သူ့ကိုမှ ပေးမအိပ်စေချင်ဘူး ။ သင့်ရဲ့ ကမ္ဘာလေးထဲက ဘယ်လို အရာကိုမှ သူများနဲ့ မျှဝေ ခံစားချင်လေ့ မရှိဘူး ။
(၅) သင့်ကို သူငယ်ချင်းတွေက ပျော်ပွဲရွှင်ပွဲ ပါတီတွေ မဖိတ်တော့ဘူး ။

သူတို့က သင့်ကို မခင်လို့တော့ မဟုတ်ပါဘူး ။ သင်ဟာ လူတွေ အများကြီးနဲ့ ကသိကအောက် ဖြစ်တတ်မှန်း သိတာက တစ်ကြောင်း ၊ ပါတီဆိုတဲ့ အရာနဲ့ ရုပ်တည်ကြီးနဲ့ အေးတိအေးစက် မျက်နှာ အမူအရာမျိုးနဲ့ မလိုက်ဖက်တာက တစ်ကြောင်း မဖိတ်တာပါ ။
(၆) သင်ဟာ သင့်ရဲ့ အဆက်ဟောင်းကို မမေ့နိုင်ဘူး ။

သင်ဟာ သင့်ရဲ့ အဆက်ဟောင်းကို မမေ့နိုင်ရုံတင် မကပဲ နေ့တိုင်းလည်း သူ့ရဲ့ အကောင့်ကို ဝင်ကြည့်တာ မျိုးအရင်တုန်းက Message တွေပြန်ဖတ်တာမျိုး တစ်နွေ့နွေ့ တစ်အုံအုံ နေ့တိုင်း ခံစားနေ တတ်ပါတယ် ။ နောက်ပြီးသင်ဟာ သူမပါပဲလည်း ပျော်ရွှင်နေကြောင်း ဟန်ဆောင်ပန်ဆောင် Status တွေ ခဏခဏ တင်နေပါလိမ့်မယ် ။ ရည်ရွယ်ချက်ကတော့ သူဝင်ကြည့်ရင် တွေ့အောင် ဆိုပြီးပါ ။ ဒါပေမယ့်လည်း သူက ဝင်ကြည့်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါ ။
(၇) အသစ် တစ်ယောက်က သင့်ကို ချဉ်းကပ်လာတိုင်း အရင် တစ်ယေက်နဲ့နှိုင်းယှဉ်လေ့ရှိတယ် ။

အရင်တစ်ယောက်ကို စံထားပြီး ချဉ်းကပ် လာတဲ့ သူတွေကို အမြဲ တိုင်းတာနေ ပါလိမ့်မယ် ။ သင့်ရဲ့ အရင်တစ်ယောက် ပေးသွားတဲ့ ဒဏ်ရာကိုတော့ မသိသလို ဟန်ဆောင်ပြီး အမြဲ အဲ့ဒိတစ်ယောက်နဲ့ပဲ တိုင်းတာနေ ပါလိမ့်မယ် ။
(၈) သင်ဟာ လှဖို့ပဖို့ အပြင်းကြီးတယ် ။

သင်ဟာ ရည်းစား တစ်ယောက်ရဖို့ မိမိကိုယ်ကို ဂရုမစိုက်ချင်တဲ့ သူမျိုးပါ ။ သင်ဟာ အဲ့ဒိလို အလှအပတွေ ပြင်မယ့် အစား အိပ်မယ် ၊ စားမယ် ၊ သို့မဟုတ် အလုပ် ပဲလုပ်မယ်ဆိုတဲ့ လူစားမျိုးပါ ။ တစ်နေ့နေ့ သင့်ရဲ့ အရှိအတိုင်းကို ချစ်နိုင်မယ့် သူပေါ်လာကောင်း ပေါ်လာမှာပဲ ဆိုပြီးစောင့်နေ ပါလိမ့်မယ် ။

အထက်ပါ အချက်တွေ သင့်မှ ာရှိနေပြီလား ? မစိုးရိမ်ပါနဲ့ ။ သင်သေချာ ပြန်စဉ်းစားပါ ။ သင်ဟာ တစ်ယောက်ထဲနေရတာ ပျော်တာ သေချာရင် လွတ်လွတ် လပ်လပ်သာနေပါ ။ ဒါပေမယ့် သင့်တစ်ဘဝ လုံးကို တစ်ယောက်ထဲ ဖြတ်သန်းရဖို့ ကြောက်နေတယ်ဆိုရင် (မညာပါနဲ့ ။ မသိစိတ်ကို ပြန်မေးကြည့်ပါအုံး) တော့ အထက်ပါ အချက်တွေကို ပြင်ဆင်သင့်ပါတယ် ။

Credit:santhitsa

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top