iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြမွမဟုတ္ဘဲ ေယာက်ာ္းေလးေတြလည္း ကိုယ့္ရဲ႕အသားအေရကို အေကာင္းဆံုးနဲ့အလွဆံုးျဖစ္ခ်င္ၾကပါတယ္။ ဒါေပမယ့္ တကယ္တမ္းလက္ေတြ႕မွာ ျပန္စဥ္းစားၾကည့္မယ္ဆိုရင္ေတာ့ အခ်ိန္မေပးႏိုင္တာရယ္၊ ေစ်းႀကီးတာေတြေၾကာင့္ ဂရုမစိုက္ျဖစ္ၾကေတာ့ပါဘူး။

ဒီလိုေငြကုန္ေၾကးက်မခံခ်င္သူေတြ၊ အျပင္သီးသန္႕မသြားခ်င္သူေတြအတြက္ အခုတစ္ခါ MyStyle Myanmar ကေန ေဖာ္ျပေပးခ်င္တာကေတာ့ အိမ္လုပ္မ်က္ႏွာေပါင္းတင္နည္းေတြပါပဲ။ အခ်ိန္ေရာေငြပါ သက္သာတဲ့အျပင္ ျပဳလုပ္ပံုျပဳလုပ္နည္းေတြကလည္း ရိုးရွင္းလြန္းတာေၾကာင့္ ကိုယ့္အသားအေရကို သဘာဝအတိုင္း ဂရုစိုက္ႏိုင္ဖို့အတြက္ေတာ့ နည္းလမ္းေကာင္းေတြပါပဲ။

သေဘၤာသီး

ကိုယ့္အသားအေရက ေျခာက္ေသြ႕ၿပီး ညိဳညစ္ညစ္ျဖစ္ေနတယ္ဆိုရင္ သေဘၤာသီးမ်က္ႏွာေပါင္းတင္နည္းက ကူညီေပးႏိုင္ပါတယ္။ သေဘၤာသီးကိုအရည္ညွစ္ကာ ဘာမွမပါဝင္တဲ့ ဒိန္ခ်ဥ္ သို႕မဟုတ္ ႏို့ကိုထည့္သြင္းေရာေမႊကာ မ်က္ႏွာေပၚတင္ေပးလိုက္ပါ။ ၁၀ မိနစ္ျပည့္ပါက ေရေဆးခ်လိုက္ပါ။

ေျခာက္ေသြ႕ေသာအသားအေရအတြက္ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးတစ္လံုးကို ႀကိတ္ေျခလိုက္ကာ ပ်ားရည္လက္ဖက္ရည္ဇြန္း ၁ ဇြန္းထည့္၍ေမႊပါ။ ရလာတဲ့အႏွစ္ကို မ်က္ႏွာေပၚလိမ္းေပးၿပီး ၁၀ မိနစ္ၾကာၿပီးေနာက္မွာ မ်က္ႏွာသစ္လိုက္ပါ။ အသားအေရေလးႏူးညံ့အိစက္ေနတာကို ျမင္ေတြ႕ရပါလိမ့္မယ္။

ေခ်ာမြတ္တဲ့အသားအေရအတြက္ သၾကားမုန္လာ

စီးတီးမတ္ေတြမွာ ရွာေဖြဝယ္ယူႏိုင္တဲ့ သၾကားမုန္လာက မ်က္ႏွာအသားအေရေပၚက အမည္းစက္ေတြကို သက္သာေစရံုသာမက ေခၽြးေပါက္ေတြကိုလည္း က်ဥ္းေစႏိုင္ပါတယ္။ လတ္လတ္ဆတ္ဆတ္ႀကိတ္ေျခထားတဲ့ သၾကားမုန္လာကို ဘာမွမပါဝင္တဲ့ ဒိန္ခ်ဥ္ေရာစပ္ကာ မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ ၅ မိနစ္ သို႕မဟုတ္ ၁၀ မိနစ္ ၾကာၿပီးေနာက္မွာေတာ့ ေရေႏြးေႏြးေလးနဲ႕ အသာအယာေဆးခ်ႏိုင္ပါတယ္။

အသားအေရညီညာဖို႕အတြက္ လီမြန္နဲ႕မုန္လာဥနီ
ဒီေပါင္းတင္နည္းကေတာ့ ညဖက္မွာျပဳလုပ္ေပးတာအေကာင္းဆံုးပါပဲ။ မုန္လာဥနီကိုျခစ္ကာ ပ်ားရည္နဲ့လီမြန္ရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစီေရာလိုက္ပါ။ အႏွစ္ကို မ်က္ႏွာေပၚမွာ လိမ္းေပးၿပီး ၅ မိနစ္ထားပါ။ ၿပီးေနာက္ မ်က္ႏွာေလးသစ္ေပးလိုက္ပါ။

Credit:MyStyle Myanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။
မိန်းကလေးတွေမှမဟုတ်ဘဲ ယောကျာ်းလေးတွေလည်း ကိုယ့်ရဲ့အသားအရေကို အကောင်းဆုံးနဲ့အလှဆုံးဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာ ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ အချိန်မပေးနိုင်တာရယ်၊ ဈေးကြီးတာတွေကြောင့် ဂရုမစိုက်ဖြစ်ကြတော့ပါဘူး။

ဒီလိုငွေကုန်ကြေးကျမခံချင်သူတွေ၊ အပြင်သီးသန့်မသွားချင်သူတွေအတွက် အခုတစ်ခါ MyStyle Myanmar ကနေ ဖော်ပြပေးချင်တာကတော့ အိမ်လုပ်မျက်နှာပေါင်းတင်နည်းတွေပါပဲ။ အချိန်ရောငွေပါ သက်သာတဲ့အပြင် ပြုလုပ်ပုံပြုလုပ်နည်းတွေကလည်း ရိုးရှင်းလွန်းတာကြောင့် ကိုယ့်အသားအရေကို သဘာဝအတိုင်း ဂရုစိုက်နိုင်ဖို့အတွက်တော့ နည်းလမ်းကောင်းတွေပါပဲ။

သင်္ဘောသီး

ကိုယ့်အသားအရေက ခြောက်သွေ့ပြီး ညိုညစ်ညစ်ဖြစ်နေတယ်ဆိုရင် သင်္ဘောသီးမျက်နှာပေါင်းတင်နည်းက ကူညီပေးနိုင်ပါတယ်။ သင်္ဘောသီးကိုအရည်ညှစ်ကာ ဘာမှမပါဝင်တဲ့ ဒိန်ချဉ် သို့မဟုတ် နို့ကိုထည့်သွင်းရောမွှေကာ မျက်နှာပေါ်တင်ပေးလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ရေဆေးချလိုက်ပါ။

ခြောက်သွေ့သောအသားအရေအတွက် ငှက်ပျောသီး

ငှက်ပျောသီးတစ်လုံးကို ကြိတ်ခြေလိုက်ကာ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်၍မွှေပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်လိမ်းပေးပြီး ၁၀ မိနစ်ကြာပြီးနောက်မှာ မျက်နှာသစ်လိုက်ပါ။ အသားအရေလေးနူးညံ့အိစက်နေတာကို မြင်တွေ့ရပါလိမ့်မယ်။

ချောမွတ်တဲ့အသားအရေအတွက် သကြားမုန်လာ

စီးတီးမတ်တွေမှာ ရှာဖွေဝယ်ယူနိုင်တဲ့ သကြားမုန်လာက မျက်နှာအသားအရေပေါ်က အမည်းစက်တွေကို သက်သာစေရုံသာမက ချွေးပေါက်တွေကိုလည်း ကျဉ်းစေနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ကြိတ်ခြေထားတဲ့ သကြားမုန်လာကို ဘာမှမပါဝင်တဲ့ ဒိန်ချဉ်ရောစပ်ကာ မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ် ကြာပြီးနောက်မှာတော့ ရေနွေးနွေးလေးနဲ့ အသာအယာဆေးချနိုင်ပါတယ်။

အသားအရေညီညာဖို့အတွက် လီမွန်နဲ့မုန်လာဥနီ
ဒီပေါင်းတင်နည်းကတော့ ညဖက်မှာပြုလုပ်ပေးတာအကောင်းဆုံးပါပဲ။ မုန်လာဥနီကိုခြစ်ကာ ပျားရည်နဲ့လီမွန်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီရောလိုက်ပါ။ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးပြီး ၅ မိနစ်ထားပါ။ ပြီးနောက် မျက်နှာလေးသစ်ပေးလိုက်ပါ။

Credit:MyStyle Myanmar
အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top