iMyanmarHouse.com - Best Property Website for Myanmar
×







Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #


တစ်ယောက်နဲ့တစ်ယောက် စတင်လက်တွဲတဲ့နေ့ရက်တွေဟာ ချစ်စကားတွေပြောမကုန်အောင် ရှိနေတတ်တာမို့ အများစု ကတော့ ကြည်နူးစရာ Relationship လေးတွေဖြစ်နေမှာ အသေအချာပါပဲ။ ဒီလိုနေ့ရက်တွေမှာ ချစ်စကားတီတီ တာတာ တွေချည်းပြောမနေပဲ တစ်ယောက်အကြောင်းတစ်ယောက် ပိုပြီးထဲထဲဝင်ဝင် လေးလေး နက်နက်သိသွားအောင် ပွင့်ပွင့် လင်းလင်းပြောဆိုသင့်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် စတင်ပက်သက်ခြင်းမှာ အပြစ် ဆိုတာကိုသိပ်မမြင်ပဲ ရင်ထဲမှာအချစ်ဆိုတဲ့ ပမာဏများနေတတ် တာမို့ ဒီအချိန်မှာ ကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေအားလုံးကို သူသိအောင် ပွင့်ပွင့်လင်းလင်းပြောပြသင့်ပါတယ်။

ဒါမှာသာ နှစ်ယောက်သားရှေ့ဆက်လျောက်မယ့်ခရီးလမ်းမှာ ဘာအဖု အထစ်မှာမရှိပဲ အဆင်ပြေချောမွေ့မှာပါ။ ဒီလိုမဟုတ်ပဲ အချိန် ကြာကြာလက်တွဲလာတဲ့အခါမှ ကိုယ်မကြိုက်တဲ့အချက်ဖြစ်ဖြစ် သူမကြိုက်တာဖြစ်ဖြစ် ကြုံလာခဲ့ရင် အခြေအနေတွေက ရှုပ်ထွေး သွားတတ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်မပြတ်နိုင်လို့ဆက်ပြီးလက်တွဲခဲ့မယ်ဆိုရင်တောင် စိတ်ထဲမှာအောင့်သီး အောင့်သက်နဲ့နေနေရမှာပါ။ စတင်လက်တွဲတဲ့အချိန်ကတည်းက ကိုယ့်ရဲ့ကောင်းခြင်း ဆိုးခြင်းတွေ အားလုံးကို လက်သင့်ခံနိုင်မှသာ နှစ်ယောက်သား ရှေ့ဆက်ဖို့အဆင်ပြေမှာပါ။ အရေးကြီးတာတစ်ခုက ချစ်ရင် ရိုးသားပါ။

ကိုယ့်မှာရှိတဲ့အကြောင်းအချက်တွေအားလုံးကို ပွင့်ပွင့် လင်းလင်းပြောပြပြီး လက်တွဲခဲ့မယ်ဆိုရင် နောက်ပိုင်းမှာအဆင် ပြေတဲ့ Relationship လေးတစ်ခုအဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်မယ်ဆိုတာ အသေအချာပါပဲ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top