iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ ဓမၼာ ေသာက အင္းဝ ရာဇာ အိမ္ ေထာင္ျပဳမယ္ဆုိရင္ အိမ္ေထာင္ေရး အညံ့ေတြ ကင္းေအာင္ လုပ္လို႔ ရတဲ့ နည္းလမ္းေလးေတြ ေျပာျပေပးမယ္ေနာ္။

စံုတြဲေလး ေတာ္ေတာ္မ်ားမ်ား ဓမၼာ ေသာက အင္းဝ ရာဇာ ဆိုတဲ့ စကားေလးကို ၾကားဖူးၾကမွာပါ။ အိမ္ေထာင္ျပဳမယ္လို႔ ေတြးထားတဲ့ စံုတြဲေလးေတြက ဓမၼာ ေသာက အင္း၀ ရာဇာ အိမ္ေထာင္ဘက္ အသက္မရွည္ရာလို႔ သိထားၾကၿပီး လက္မထပ္ေကာင္းဘူး၊ လက္ထပ္မယ္ဆိုရင္လည္း အိမ္ေထာင္သက္ မၾကာရွည္ဘူးလို႔ ယူဆထားၾကပါတယ္။

အဲဒီလို စေနနဲ႔ ၾကာသပေတး၊ ေသာၾကာနဲ႔ တနလာၤ၊ တနဂၤေႏြနဲ႔ ဗုဒၶဟူး၊ ရာဟုနဲ႔ အဂၤါ အိမ္ေထာင္ျပဳမယ္ဆုိရင္ အိမ္ေထာင္ေရး အညံ့ေတြ ကင္းေအာင္ လုပ္လို႔ ရတဲ့ နည္းလမ္းေလးေတြ ေျပာျပေပးမယ္ေနာ္။

ဓမၼာ ေသာက အင္းဝ ရာဇာ ျဖစ္တဲ့ စံုတြဲေလးတို႔ အိမ္ေထာင္ျပဳမယ္ဆိုရင္

ဓမၼာ

စေနသားသမီးနဲ႔ ၾကသပေတး သားသမီး အိမ္ေထာင္ျပဳမယ္ဆိုရင္ ပိေတာက္သားကို တစ္ေပခန္႔ အလ်ားျဖတ္ပါ။ သစ္သားေခ်ာင္း (၁) ေခ်ာင္းျဖတ္ပါ။ အဲဒီ သစ္သားေခ်ာင္း (၂) ေခ်ာင္းကို ပူးၿပီး ေရႊခ်ပါ။ ထိပ္ပိုင္းေနရာေတြမွာ ဖဲႀကိဳးနီနဲ႔ ရစ္ပတ္ၿပီး စံုတြဲေလးတို႔ေနမယ့္ ေနရာရဲ႕ အျမင့္မွာ ထားထားပါ။ တနဂၤေႏြေန႔ ေန႔လည္ (၁၁) နာရီ(၄၅)မိနစ္မွာ ခ်ိတ္ဆြဲရမွာျဖစ္ပါတယ္။
ေသာက

ေသာၾကာသားသမီးနဲ႔ တနလာၤ သားသမီးဆိုရင္ ရန္ဓါတ္ပ်ယ္ဖုိ႔အတြက္ ကသစ္သားကို (၈) လက္မ အလ်ားျဖတ္ပါ။ သစ္သားေခ်ာင္းတစ္ေခ်ာင္း ျဖတ္ပါ။ ႏွစ္ခုကို ေပါင္းၿပီး ေရႊခ်ပါ။ ထိပ္ပိုင္းေနရာမွာ ဖဲႀကိဳးအဝါနဲ႔ ရစ္ပတ္ၿပီး စံုတြဲေလးတို႔  ႔ေနမယ့္ ေနရာရဲ႕ အျမင့္မွာ ထားထားပါ။ တနလၤာေန႔ နံက္(၆)နာရီ မိနစ္(၂၀) မွာ ခ်ိတ္ဆြဲရမွာ ျဖစ္ပါတယ္။

အင္းဝ

တနဂၤေႏြ သားသမီးနဲ႔ ဗုဒၶဟူးသားသမီး အိမ္ေထာင္ျပဳထားတဲ့သူေတြကေတာ့ ဝင္အူသားကို (၅) လက္မ အလ်ားျဖတ္ပါ။ သစ္သားေခ်ာင္းတစ္ေခ်ာင္းျဖတ္ပါ။ ႏွစ္ခုေပါင္းခ်ည္ၿပီး ေရႊခ်ပါ။ ထိပ္ပိုင္းမွာ ဖဲႀကိဳးအျပာနဲ႔ ရစ္ပတ္ၿပီး စံုတြဲေလးတို႔ ေနမယ့္ ေနရာရဲ႕ အျမင့္မွာ ထားထားပါ။ ဗုဒၶဟူးေန႔ မြန္းလြဲ (၁)နာရီ (၄၅)မိနစ္မွာ ထားရမွာပါေနာ္။

ရာဇာ

ရာဟုသားသမီးနဲ႔ အဂၤါသားသမီးတို႔ကေတာ့ ေစာင္းလ်ားသားကို (၁၁) လက္မ အလ်ားျဖတ္ပါ။ သစ္သားေခ်ာင္း တစ္ေခ်ာင္းျဖတ္ၿပီး ႏွစ္ခုေပါင္းခ်ည္ၿပီး ထိပ္ပိုင္းမွာ အစိမ္းေရာင္ဖဲႀကိဳးနဲ႔ ခ်ည္ၿပီး  စံုတြဲေလးတို႔ ေနမယ့္ ေနရာရဲ႕ အျမင့္မွာ ထားထားပါ။ အဂၤါေန႔ (၉)နာရီ (၉)မိနစ္မွာ ခ်ိတ္ဆြဲပါေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


စုံတွဲလေးတို့ ဓမ္မာ သောက အင်းဝ ရာဇာ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်ရေး အညံ့တွေ ကင်းအောင် လုပ်လို့ ရတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

စုံတွဲလေး တော်တော်များများ ဓမ္မာ သောက အင်းဝ ရာဇာ ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ အိမ်ထောင်ပြုမယ်လို့ တွေးထားတဲ့ စုံတွဲလေးတွေက ဓမ္မာ သောက အင်း၀ ရာဇာ အိမ်ထောင်ဘက် အသက်မရှည်ရာလို့ သိထားကြပြီး လက်မထပ်ကောင်းဘူး၊ လက်ထပ်မယ်ဆိုရင်လည်း အိမ်ထောင်သက် မကြာရှည်ဘူးလို့ ယူဆထားကြပါတယ်။

အဲဒီလို စနေနဲ့ ကြာသပတေး၊ သောကြာနဲ့ တနလာၤ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့ အင်္ဂါ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်ထောင်ရေး အညံ့တွေ ကင်းအောင် လုပ်လို့ ရတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

ဓမ္မာ သောက အင်းဝ ရာဇာ ဖြစ်တဲ့ စုံတွဲလေးတို့ အိမ်ထောင်ပြုမယ်ဆိုရင်

ဓမ္မာ

စနေသားသမီးနဲ့ ကြသပတေး သားသမီး အိမ်ထောင်ပြုမယ်ဆိုရင် ပိတောက်သားကို တစ်ပေခန့် အလျားဖြတ်ပါ။ သစ်သားချောင်း (၁) ချောင်းဖြတ်ပါ။ အဲဒီ သစ်သားချောင်း (၂) ချောင်းကို ပူးပြီး ရွှေချပါ။ ထိပ်ပိုင်းနေရာတွေမှာ ဖဲကြိုးနီနဲ့ ရစ်ပတ်ပြီး စုံတွဲလေးတို့နေမယ့် နေရာရဲ့ အမြင့်မှာ ထားထားပါ။ တနင်္ဂနွေနေ့ နေ့လည် (၁၁) နာရီ(၄၅)မိနစ်မှာ ချိတ်ဆွဲရမှာဖြစ်ပါတယ်။
သောက

သောကြာသားသမီးနဲ့ တနလာၤ သားသမီးဆိုရင် ရန်ဓါတ်ပျယ်ဖို့အတွက် ကသစ်သားကို (၈) လက်မ အလျားဖြတ်ပါ။ သစ်သားချောင်းတစ်ချောင်း ဖြတ်ပါ။ နှစ်ခုကို ပေါင်းပြီး ရွှေချပါ။ ထိပ်ပိုင်းနေရာမှာ ဖဲကြိုးအဝါနဲ့ ရစ်ပတ်ပြီး စုံတွဲလေးတို့နေမယ့် နေရာရဲ့ အမြင့်မှာ ထားထားပါ။ တနင်္လာနေ့ နံက်(၆)နာရီ မိနစ်(၂၀) မှာ ချိတ်ဆွဲရမှာ ဖြစ်ပါတယ်။

အင်းဝ

တနင်္ဂနွေ သားသမီးနဲ့ ဗုဒ္ဓဟူးသားသမီး အိမ်ထောင်ပြုထားတဲ့သူတွေကတော့ ဝင်အူသားကို (၅) လက်မ အလျားဖြတ်ပါ။ သစ်သားချောင်းတစ်ချောင်းဖြတ်ပါ။ နှစ်ခုပေါင်းချည်ပြီး ရွှေချပါ။ ထိပ်ပိုင်းမှာ ဖဲကြိုးအပြာနဲ့ ရစ်ပတ်ပြီး စုံတွဲလေးတို့ နေမယ့် နေရာရဲ့ အမြင့်မှာ ထားထားပါ။ ဗုဒ္ဓဟူးနေ့ မွန်းလွဲ (၁)နာရီ (၄၅)မိနစ်မှာ ထားရမှာပါနော်။

ရာဇာ

ရာဟုသားသမီးနဲ့ အင်္ဂါသားသမီးတို့ကတော့ စောင်းလျားသားကို (၁၁) လက်မ အလျားဖြတ်ပါ။ သစ်သားချောင်း တစ်ချောင်းဖြတ်ပြီး နှစ်ခုပေါင်းချည်ပြီး ထိပ်ပိုင်းမှာ အစိမ်းရောင်ဖဲကြိုးနဲ့ ချည်ပြီး  စုံတွဲလေးတို့ နေမယ့် နေရာရဲ့ အမြင့်မှာ ထားထားပါ။ အင်္ဂါနေ့ (၉)နာရီ (၉)မိနစ်မှာ ချိတ်ဆွဲပါနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top