iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Nanmalgyi
#Unicode Version#
 ပြည်သူချစ် အဆိုတော် သရုပ်ဆောင် တယောက် ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ကလေးက အစ လူကြီး အဆုံး အားလုံး သိကြပြီး မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အေနုပညာရှင် တယောက်ဆိုလည်း မမှားပါဘူး။ စိုင်းစိုင်း ခမ်းလှိုင်ကတော့ ကမ္ဘာကသိတဲ့ အနုပညာရှင် တယောက်ဖြစ်ပြီး Brand တော်တော်များများနဲ့လည်း စာချုပ်ချုပ်ထားတဲ့ အဆိုတော် တယောက် ဖြစ်ပါတယ်။

လက်ရှိမှာလည်း စိုင်းစိုင်းခမ်းလှိုင်ကတော့ ကမ္ဘာအနှံကို ခရီးထွက်နေပြီး လက်ရှိမှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကြည့်ဖို့အတွက် စပိန် မက်ဒရစ်မြို့ကို ရောက်နေတာလည်း ဖြစ်ပါတယ်။ သူကတော့ မက်ဒရစ်ကို ရောက်ပြီးနောက် မက်ဒရစ်ကို ရောက်နေတဲ့ ဂန္ဓဝင်ဘောလုံး ကစားသမားတွေနဲ့လည်း ဓါတ်ပုံတွဲရိုက်ထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေကိုလည်း ပရိသတ်တွေရဲ့ အားပေးမှု အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။

ထို့နောက် စိုင်းစိုင်းခမ်းလှိုင်ကိုတော့ ဥရောပချန်ပီယံလိဂ် ဘောလုံးအဖွဲ့ချုပ်ရဲ့ official page မှာတော့ စိုင်းစိုင်းခမ်းလှိုင်တယောက် စပိန်မြို့ မက်ဒရစ်ကို ရောက်နေတဲ့ အကြောင်းကို တင်ပေးထားတာ ဖြစ်ပါတယ်။ UEFA Champions League ရဲ့ Official Page ကတော့ စိုင်းစိုင်းခမ်းလှိုင်ကို ရည်ရွယ်ပြီး “Hello Myanmar Sai Sai Kham Leng is here at the UCLFinal in Madrid, Spain” ဆိုပြီးတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဗီဒီယိုလေးကို  တင်ထားတာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကလည်း ဒီဗီဒီယိုလေးမှာတော့ သူ့အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို လာရောက်ကြည့်ရှုတာဖြစ်တယ်လို့ ပြောကြားထားပြီး ဖိုင်နယ်မှာ တွေ့မယ့် လီဗာပူးလ်နဲ့ စပါးအသင်းရဲ့ ရလဒ်ကိုလည်း ခန့်မှန်းထားတာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ လီဗာပူးလ် ၂ – ၁ ဆိုပြီးတော့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ ဥရောပ ချန်ပီယံလိဂ် ဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးတယူ လုပ်ခံရတာကတော့ မြန်မာတွေအတွက် ဂုဏ်ယူစရာပါပဲ။ ကိုယ့်နိုင်ငံက အနပညာရှင်တယောက် ကမ္ဘာ့အလယ်မှာ အသိအမှတ်ပြုခံရတာ လေးစားစရာကောင်းလှပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ လက်ရှိချိန်ထိလည်း အောင်မြင်နေပြီး ကလေးလူကြီး မရွေးအားပေးမှုကို ခံနေရတုန်းပါပဲ။

Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top