iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိန္တုန္းက ပရိသတ္ေတြ ရယ္ေမာေပ်ာ္ရႊင္ေအာင္ သူတတ္ထားတဲ့ ဟာသအႏုပညာစြမ္းရည္ေတြလုပ္ေဆာင္ေပးခဲ့သလုိ အခုအခ်ိန္မွာ သူ႔မွာ႐ွိတဲ့ စြမ္းရည္ေလးနဲ႔ အသည္းအေယာင္အသားဝါ B ပုိး C ပုိး သမားေတြအတြက္ တစ္ဖက္တစ္လွမ္းကေန ကူညီေဆာင္ရြက္ေပးေနတဲ့ လူရႊင္ေတာ္ ဦးဖုိးျဖဴကေတာ့ ဆင္းရဲႏြမ္းပါးၿပီး B ပုိး C ပုိးသမားေတြအတြက္ ေဆးခန္းတစ္ခု ဖြင့္ထားတဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး Cele 7 ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ဦးဖုိးျဖဴက “ဒီေဆးခန္းဖြင့္ရတဲ့အေၾကာင္း လုိရင္းေျပာရရင္ လြန္ခဲ့တဲ့ ၅ႏွစ္၆ႏွစ္ေလာက္က အစ္ကုိက အသည္းေယာင္အသားဝါ C ပုိးကုိ ေတာ္ေတာ္ ျပင္းျပင္းထန္ထန္ ျဖစ္ခဲ့တယ္။ ဆရာဝန္ကေတာင္ သုံးရက္ပဲ ခံမယ္ဆုိတဲ့ အေျခအေနကေတာင္ ျပန္ေကာင္းလာတယ္။ ျပန္ေကာင္းလာတဲ့ အခ်ိန္မွာ B ပုိး C ပုိးရဲ႕ ဆုိးက်ိဳးကုိ သိလုိ႔ ဆင္းရဲႏြမ္းပါးတဲ့သူေတြ သီလ႐ွင္ေတြ ဘုန္းႀကီးေတြ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ၿပီး ျပန္လာတဲ့သူေတြကုိ ကူညီေပးေနတာ။ တာဝန္ယူၿပီး ကုသေပးေနတဲ့ အသည္းဆရာဝန္ႀကီးကုိ စမ္းသပ္ခ လုံးဝေပးစရာမလုိပါဘူး။ ဒီေရာဂါေတြျဖစ္ရင္ ေသြးေတြစစ္ရတယ္ ဥပမာ B ပုိး C ပုိး ျဖစ္ရင္ အေကာင္ေရ ခႏၶာကုိယ္ထဲမွာဘယ္ေလာက္႐ွိလဲ B ပုိး C ပုိး ဖ်က္ဆီးလုိ႔ အသည္းဘယ္ေလာက္ ပ်က္စီးေနၿပီလဲ။ စသည္ျဖင့္ စစ္ရတယ္ အဲ့လုိ စစ္ရရင္လည္းပဲ အစ္ကိုလက္မွတ္နဲ႔ တံဆိပ္တုန္းပါရင္ ျမန္မာျပည္ရဲ႕ အႀကီးဆုံးျဖစ္တဲ့ ဓာတ္ခြဲခန္းတစ္ခ်ိဳ႕မွာ တစ္ဝက္ခနဲ႔ ရေအာင္လုပ္ေပးထားတယ္။ ေဆးခန္းဖြင့္တဲ့ေန႔ဆုိရင္ သူတုိ႔ကုိယ္တုိင္လာၿပီးေတာ့ လူနာေတြကုိ ခ်က္ခ်င္းစစ္ေပးတယ္။ အသည္းေယာင္အသားဝါ B ပုိး႐ွိမ႐ွိကုိ အခမဲ့ စစ္ေဆးေပးတယ္ မည္သူ႔ကုိမဆုိ အခမဲ့ စစ္ေဆးေပးတယ္။ သုံးမိတစ္ေသြးေဖာက္မယ္ ၁၂ မိနစ္စက္ Run မယ္ ၁၅ မိနစ္အတြင္းမွာ B ပုိး C ပုိး ႐ွိမ႐ွိသိရမယ္။ မ႐ွိဘူးဆုိရင္ ကာကြယ္ေဆးထုိးခ်င္ ေစ်းႏႈန္းသက္သက္သာသာနဲ႔ ထုိးေပးတယ္။ ႐ွိတယ္ဆုိရင္လည္းပဲ ေစ်းႏႈန္းသက္သက္သာသာနဲ႔ ကုေပးတယ္။ တခ်ိဳ႕C ပုိးျဖစ္လာတဲ့ ဆင္းရဲႏြမ္းပါးေတြကို စာရိတ္မွ်ေပးဆုိတဲ့ ပုံစံ မ်ိဴးေလးေပါ့ ျပန္လွဴေပးတယ္ သူတတ္ႏုိင္သေလာက္ လွဴတဲ့ဟာကုိ လုိအပ္တဲ့ ေဆးဖုိးကုိ စုိက္ၿပီး လွဴေပးတယ္။ တကယ္ဆင္းရဲ ႏြမ္းပါးတဲ့လူျဖစ္ရမယ္ေပါ့ေနာ္။

ပရဟိတဆုိတဲ့ စကားလုံးႀကီးကေတာ့ ႀကီးက်ယ္ပါတယ္ အဲ့ေလာက္ႀကီးႀကီးက်ယ္က်ယ္လုပ္တာ မဟုတ္ဘူး။ သုိ႔ေသာ္လည္းပဲ တတ္ႏုိင္သေလာက္ေလးေပါ့ စြမ္းအား ႐ွိသေလာက္ေလး ႐ုိးသားစြာ ကူညီေပးတယ္ ဒီေဆးခန္းအေပၚမွာ ဘာအက်ိဳးအျမတ္မွ မခံစားဘဲနဲ႔ တကယ္ဆင္းရဲႏြမ္းပါးတဲ့သူေတြ ပုိက္ဆံမ႐ွိတဲ့လူေတြကုိ ကူညီေပးတယ္ ဒီသေဘာပါပဲ။ သူမ်ားကုိ ေနေကာင္းေအာင္ လုပ္ေပးရင္ ကုိယ္ေနေကာင္းတယ္ဆုိတဲ့ ယုံၾကည္ခ်က္ တစ္ခုတည္းနဲ႔ လုပ္တာ က်န္တာ ဘာမွမပါဘူး။ တကယ္လည္း ေကာင္းလာတယ္ အရင္တုန္းကဆုိ လူေတြ ကုိယ္႔ကုိ ရေတာင္မရေတာ့ဘူး ေသမ်ားေသမလားေတာင္မသိဘူးေပါ့ ေျပာၾကတာေလ ၁၅ ရက္ေလာက္ေမ့ေနတဲ့ အေျခအေနကေန တေျဖးေျဖး ျပန္ေကာင္းလာတယ္။ Bပုိး Cပုိး ျဖစ္တဲ့ ေဝဒနာ႐ွင္ေတြ အယုတ္အလတ္အျမတ္မေရြး အစစအရာရာသက္သာေအာင္ ေရာဂါေပ်ာက္ေအာင္ တတ္ႏုိင္သမွ်ေလး ကုိယ္စြမ္းသေလာက္ေလးနဲ႔ ကူညီေပးေနပါတယ္။ ဘာပဲေျပာေျပာ ကြၽန္ေတာ့္ဆီက အကူအညီလုိခဲ့တယ္ ကြၽန္ေတာ္နဲ႔ ဆက္သြယ္ခ်င္တယ္ဆုိရင္ ကြၽန္ေတာ့္ဖုန္းေလးကုိ ဆက္ေပးပါ ကြၽန္ေတာ့္ဖုန္းနံပါတ္ေလးက ၀၉ ၅၁၈၃၉၁၇ အခ်ိန္မေရြးဆက္သြယ္လုိက္ပါေနာ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

Credit:Nanmalgyi
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တစ်ချိန်တုန်းက ပရိသတ်တွေ ရယ်မောပျော်ရွှင်အောင် သူတတ်ထားတဲ့ ဟာသအနုပညာစွမ်းရည်တွေလုပ်ဆောင်ပေးခဲ့သလို အခုအချိန်မှာ သူ့မှာရှိတဲ့ စွမ်းရည်လေးနဲ့ အသည်းအယောင်အသားဝါ B ပိုး C ပိုး သမားတွေအတွက် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ပေးနေတဲ့ လူရွှင်တော် ဦးဖိုးဖြူကတော့ ဆင်းရဲနွမ်းပါးပြီး B ပိုး C ပိုးသမားတွေအတွက် ဆေးခန်းတစ်ခု ဖွင့်ထားတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး Cele 7 ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဦးဖိုးဖြူက “ဒီဆေးခန်းဖွင့်ရတဲ့အကြောင်း လိုရင်းပြောရရင် လွန်ခဲ့တဲ့ ၅နှစ်၆နှစ်လောက်က အစ်ကိုက အသည်းယောင်အသားဝါ C ပိုးကို တော်တော် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ ဆရာဝန်ကတောင် သုံးရက်ပဲ ခံမယ်ဆိုတဲ့ အခြေအနေကတောင် ပြန်ကောင်းလာတယ်။ ပြန်ကောင်းလာတဲ့ အချိန်မှာ B ပိုး C ပိုးရဲ့ ဆိုးကျိုးကို သိလို့ ဆင်းရဲနွမ်းပါးတဲ့သူတွေ သီလရှင်တွေ ဘုန်းကြီးတွေ ယုံကြည်ချက်ကြောင့် အကျဉ်းကျပြီး ပြန်လာတဲ့သူတွေကို ကူညီပေးနေတာ။ တာဝန်ယူပြီး ကုသပေးနေတဲ့ အသည်းဆရာဝန်ကြီးကို စမ်းသပ်ခ လုံးဝပေးစရာမလိုပါဘူး။ ဒီရောဂါတွေဖြစ်ရင် သွေးတွေစစ်ရတယ် ဥပမာ B ပိုး C ပိုး ဖြစ်ရင် အကောင်ရေ ခန္ဓာကိုယ်ထဲမှာဘယ်လောက်ရှိလဲ B ပိုး C ပိုး ဖျက်ဆီးလို့ အသည်းဘယ်လောက် ပျက်စီးနေပြီလဲ။ စသည်ဖြင့် စစ်ရတယ် အဲ့လို စစ်ရရင်လည်းပဲ အစ်ကိုလက်မှတ်နဲ့ တံဆိပ်တုန်းပါရင် မြန်မာပြည်ရဲ့ အကြီးဆုံးဖြစ်တဲ့ ဓာတ်ခွဲခန်းတစ်ချို့မှာ တစ်ဝက်ခနဲ့ ရအောင်လုပ်ပေးထားတယ်။ ဆေးခန်းဖွင့်တဲ့နေ့ဆိုရင် သူတို့ကိုယ်တိုင်လာပြီးတော့ လူနာတွေကို ချက်ချင်းစစ်ပေးတယ်။ အသည်းယောင်အသားဝါ B ပိုးရှိမရှိကို အခမဲ့ စစ်ဆေးပေးတယ် မည်သူ့ကိုမဆို အခမဲ့ စစ်ဆေးပေးတယ်။ သုံးမိတစ်သွေးဖောက်မယ် ၁၂ မိနစ်စက် Run မယ် ၁၅ မိနစ်အတွင်းမှာ B ပိုး C ပိုး ရှိမရှိသိရမယ်။ မရှိဘူးဆိုရင် ကာကွယ်ဆေးထိုးချင် ဈေးနှုန်းသက်သက်သာသာနဲ့ ထိုးပေးတယ်။ ရှိတယ်ဆိုရင်လည်းပဲ ဈေးနှုန်းသက်သက်သာသာနဲ့ ကုပေးတယ်။ တချို့C ပိုးဖြစ်လာတဲ့ ဆင်းရဲနွမ်းပါးတွေကို စာရိတ်မျှပေးဆိုတဲ့ ပုံစံ မျိူးလေးပေါ့ ပြန်လှူပေးတယ် သူတတ်နိုင်သလောက် လှူတဲ့ဟာကို လိုအပ်တဲ့ ဆေးဖိုးကို စိုက်ပြီး လှူပေးတယ်။ တကယ်ဆင်းရဲ နွမ်းပါးတဲ့လူဖြစ်ရမယ်ပေါ့နော်။

ပရဟိတဆိုတဲ့ စကားလုံးကြီးကတော့ ကြီးကျယ်ပါတယ် အဲ့လောက်ကြီးကြီးကျယ်ကျယ်လုပ်တာ မဟုတ်ဘူး။ သို့သော်လည်းပဲ တတ်နိုင်သလောက်လေးပေါ့ စွမ်းအား ရှိသလောက်လေး ရိုးသားစွာ ကူညီပေးတယ် ဒီဆေးခန်းအပေါ်မှာ ဘာအကျိုးအမြတ်မှ မခံစားဘဲနဲ့ တကယ်ဆင်းရဲနွမ်းပါးတဲ့သူတွေ ပိုက်ဆံမရှိတဲ့လူတွေကို ကူညီပေးတယ် ဒီသဘောပါပဲ။ သူများကို နေကောင်းအောင် လုပ်ပေးရင် ကိုယ်နေကောင်းတယ်ဆိုတဲ့ ယုံကြည်ချက် တစ်ခုတည်းနဲ့ လုပ်တာ ကျန်တာ ဘာမှမပါဘူး။ တကယ်လည်း ကောင်းလာတယ် အရင်တုန်းကဆို လူတွေ ကိုယ့်ကို ရတောင်မရတော့ဘူး သေများသေမလားတောင်မသိဘူးပေါ့ ပြောကြတာလေ ၁၅ ရက်လောက်မေ့နေတဲ့ အခြေအနေကနေ တဖြေးဖြေး ပြန်ကောင်းလာတယ်။ Bပိုး Cပိုး ဖြစ်တဲ့ ဝေဒနာရှင်တွေ အယုတ်အလတ်အမြတ်မရွေး အစစအရာရာသက်သာအောင် ရောဂါပျောက်အောင် တတ်နိုင်သမျှလေး ကိုယ်စွမ်းသလောက်လေးနဲ့ ကူညီပေးနေပါတယ်။ ဘာပဲပြောပြော ကျွန်တော့်ဆီက အကူအညီလိုခဲ့တယ် ကျွန်တော်နဲ့ ဆက်သွယ်ချင်တယ်ဆိုရင် ကျွန်တော့်ဖုန်းလေးကို ဆက်ပေးပါ ကျွန်တော့်ဖုန်းနံပါတ်လေးက ၀၉ ၅၁၈၃၉၁၇ အချိန်မရွေးဆက်သွယ်လိုက်ပါနော်။”လို့ပြောသွားခဲ့ပါတယ်။


Credit:Nanmalgyi

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top