iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ေရ ကိုယ့္ရဲ႕ ေယာကၡမ ခ်စ္တာကို ခံခ်င္ၾကတယ္မလား၊ ဒီလိုဆိုရင္ေတာ့ ေယာကၡမ အခ်စ္ေတြ ကိုယ္တစ္ေယာက္တည္း ရေအာင္ ႀကိဳးစားရမွာပါ။ မေတာ္ရေသးခင္မွာေရာ၊ ေတာ္ၿပီးတဲ့အခ်ိန္မွာေရာ ေယာကၡမက ကိုယ့္ကို ခ်စ္ေနဖုိ႔အတြက္ လုပ္ေဆာင္သင့္တာေတြ ေျပာျပမယ္ေနာ္။

ေယာကၡမေလာင္းနဲ႔ ေတြ႔တဲ့အခါ

ေယာကၡမေလာင္းနဲ႔ အမွတ္မထင္ပဲေတြ႔တာပဲျဖစ္ျဖစ္၊ ေတြ႔ဆံုတာပဲ ျဖစ္ျဖစ္ သူ႔မ်က္စိထဲမွာ ကိုယ္က ယဥ္ေက်းတဲ့သူေလး ျဖစ္ေနဖို႔ လိုပါတယ္။ အဝတ္အစားဆိုရင္လည္း ယဥ္ယဥ္ေက်းေက်းေလး ဝတ္တာမ်ိဳးေပါ့ေနာ္။ အရမ္းႀကီး ေခတ္ဆန္တာမ်ိဳး မဟုတ္ရင္ ရပါၿပီ။
ဂရုစိုက္ပါ

ေယာကၡမေလာင္းကို က်န္းမာေရး  ဂရုစိုက္ေပးပါေနာ္။ တိုက္ရိုက္ မဟုတ္ရင္ေတာင္ ကိုယ့္ခ်စ္သူကေန တဆင့္ ဂရုစိုက္ေပးတာမ်ိဳးေပါ့။ ဥပမာ ေဆာင္းတြင္းက ေအးလို႔ အေႏြးထည္ေလး ဝယ္ထည့္ေပးလိုက္တာမ်ိဳးေပါ့။ ဒါေတြက အမွတ္ျပည့္ ကြက္တိ ရမယ့္အကြက္ေလးေတြပါေနာ္။

ေယာကၡမ ၾကည္ျဖဴေအာင္

ကိုယ့္ကိုယ္သာ ေရြးခ်ယ္လိုက္မယ္ဆုိရင္ ေမေမ့ရဲ႕ အခ်စ္ေတာ္ျဖစ္လာေစမယ္ဆိုတာ သိေအာင္ ေျပာျပထားဖို႔ေတာ့ လိုပါတယ္ေနာ္။ ေနာက္ၿပီး ေယာကၡမရဲ႕ သား ဒါမွမဟုတ္ သမီးကိုလည္း ေမေမ့ရင္ခြင္ထဲက ဆြဲထုတ္တာမ်ိဳး လုပ္မွာ မဟုတ္ေၾကာင္း ေျပာျပေနာ္။ ဒါမွ ေယာကၡမေလာင္းက ၾကည္ျဖဴသေဘာက်လာမွာပါ။

ေယာကၡမနဲ႔ အိမ္အလုပ္ေတြ ကူလုပ္ပါ

အိမ္ရွင္မေလးတို႔က အျပင္မွာ အလုပ္ထြက္လုပ္တယ္ဆိုရင္လည္း ေယာကၡမနဲ႔ အတူ အိမ္မႈကိစၥေလးေတြ ကူလုပ္ပါ။ အိမ္မႈကိစၥေတြ ကူလုပ္တာကို ေယာကၡမတိုင္း ႀကိဳက္ပါတယ္ေနာ္။ အကယ္လုိ႔ အိမ္မႈကိစၥ လုပ္ေပးတာမ်ိဳး မဟုတ္ရင္ေတာင္ ကိုယ့္ရဲ႕ တစ္ကိုယ္ရည္စာ ကိစၥေတြကိုေတာ့ ကိုယ္တိုင္လုပ္ပါေနာ္။

အိမ္ေထာင္ဖက္နဲ႔ ေယာကၡမၾကား

အိမ္ရွင္မေလးတို႔ေရ ေယာကၡမနဲ႔ အဆင္ေျပဖို႔ဆိုရင္ ႏွစ္ဦးႏွစ္ဖက္ၾကားထဲမွာ ေနတတ္ဖုိ႔ လိုပါတယ္ေနာ္။ ေမေမကေတာ့ ဘယ္လုိေျပာလို႔ဆိုၿပီး ရွိသမွ် ကိစၥေတြ အကုန္လံုး ျပန္တိုင္တာမ်ိဳး မလုပ္ပါနဲ႔ေနာ္။ ျပန္တိုင္တဲ့ သေဘာမ်ိဳး မဟုတ္ဘဲ ေအးေအးေဆးေဆး ရွင္းျပေျပာဆိုတာမ်ိဳး လုပ္ပါ။ အရင္ဆံုး ကိုယ့္ဘက္က အေကာင္းျမင္တဲ့ စိတ္နဲ႔ပဲ အမ်ိဳးသားကို ေျပာျပေပးပါ။ ဒါဆို ဘာျပႆနာမွ ျဖစ္မွာ မဟုတ္ေတာ့ဘူးေနာ္။ ဒါဆို အခ်စ္ေတြ ရၿပီေပါ့။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စုံတွဲလေးတို့ရေ ကိုယ့်ရဲ့ ယောက္ခမ ချစ်တာကို ခံချင်ကြတယ်မလား၊ ဒီလိုဆိုရင်တော့ ယောက္ခမ အချစ်တွေ ကိုယ်တစ်ယောက်တည်း ရအောင် ကြိုးစားရမှာပါ။ မတော်ရသေးခင်မှာရော၊ တော်ပြီးတဲ့အချိန်မှာရော ယောက္ခမက ကိုယ့်ကို ချစ်နေဖို့အတွက် လုပ်ဆောင်သင့်တာတွေ ပြောပြမယ်နော်။

ယောက္ခမလောင်းနဲ့ တွေ့တဲ့အခါ

ယောက္ခမလောင်းနဲ့ အမှတ်မထင်ပဲတွေ့တာပဲဖြစ်ဖြစ်၊ တွေ့ဆုံတာပဲ ဖြစ်ဖြစ် သူ့မျက်စိထဲမှာ ကိုယ်က ယဉ်ကျေးတဲ့သူလေး ဖြစ်နေဖို့ လိုပါတယ်။ အဝတ်အစားဆိုရင်လည်း ယဉ်ယဉ်ကျေးကျေးလေး ဝတ်တာမျိုးပေါ့နော်။ အရမ်းကြီး ခေတ်ဆန်တာမျိုး မဟုတ်ရင် ရပါပြီ။
ဂရုစိုက်ပါ

ယောက္ခမလောင်းကို ကျန်းမာရေး  ဂရုစိုက်ပေးပါနော်။ တိုက်ရိုက် မဟုတ်ရင်တောင် ကိုယ့်ချစ်သူကနေ တဆင့် ဂရုစိုက်ပေးတာမျိုးပေါ့။ ဥပမာ ဆောင်းတွင်းက အေးလို့ အနွေးထည်လေး ဝယ်ထည့်ပေးလိုက်တာမျိုးပေါ့။ ဒါတွေက အမှတ်ပြည့် ကွက်တိ ရမယ့်အကွက်လေးတွေပါနော်။

ယောက္ခမ ကြည်ဖြူအောင်

ကိုယ့်ကိုယ်သာ ရွေးချယ်လိုက်မယ်ဆိုရင် မေမေ့ရဲ့ အချစ်တော်ဖြစ်လာစေမယ်ဆိုတာ သိအောင် ပြောပြထားဖို့တော့ လိုပါတယ်နော်။ နောက်ပြီး ယောက္ခမရဲ့ သား ဒါမှမဟုတ် သမီးကိုလည်း မေမေ့ရင်ခွင်ထဲက ဆွဲထုတ်တာမျိုး လုပ်မှာ မဟုတ်ကြောင်း ပြောပြနော်။ ဒါမှ ယောက္ခမလောင်းက ကြည်ဖြူသဘောကျလာမှာပါ။

ယောက္ခမနဲ့ အိမ်အလုပ်တွေ ကူလုပ်ပါ

အိမ်ရှင်မလေးတို့က အပြင်မှာ အလုပ်ထွက်လုပ်တယ်ဆိုရင်လည်း ယောက္ခမနဲ့ အတူ အိမ်မှုကိစ္စလေးတွေ ကူလုပ်ပါ။ အိမ်မှုကိစ္စတွေ ကူလုပ်တာကို ယောက္ခမတိုင်း ကြိုက်ပါတယ်နော်။ အကယ်လို့ အိမ်မှုကိစ္စ လုပ်ပေးတာမျိုး မဟုတ်ရင်တောင် ကိုယ့်ရဲ့ တစ်ကိုယ်ရည်စာ ကိစ္စတွေကိုတော့ ကိုယ်တိုင်လုပ်ပါနော်။

အိမ်ထောင်ဖက်နဲ့ ယောက္ခမကြား

အိမ်ရှင်မလေးတို့ရေ ယောက္ခမနဲ့ အဆင်ပြေဖို့ဆိုရင် နှစ်ဦးနှစ်ဖက်ကြားထဲမှာ နေတတ်ဖို့ လိုပါတယ်နော်။ မေမေကတော့ ဘယ်လိုပြောလို့ဆိုပြီး ရှိသမျှ ကိစ္စတွေ အကုန်လုံး ပြန်တိုင်တာမျိုး မလုပ်ပါနဲ့နော်။ ပြန်တိုင်တဲ့ သဘောမျိုး မဟုတ်ဘဲ အေးအေးဆေးဆေး ရှင်းပြပြောဆိုတာမျိုး လုပ်ပါ။ အရင်ဆုံး ကိုယ့်ဘက်က အကောင်းမြင်တဲ့ စိတ်နဲ့ပဲ အမျိုးသားကို ပြောပြပေးပါ။ ဒါဆို ဘာပြဿနာမှ ဖြစ်မှာ မဟုတ်တော့ဘူးနော်။ ဒါဆို အချစ်တွေ ရပြီပေါ့။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top