iMyanmarHouse.com - Best Property Website for Myanmar
×


အထိုင္မ်ားတဲ့အလုပ္၊ အာရံုစူးစိုက္မႈမ်ားတဲ့ အလုပ္ေတြလုပ္တဲ့အခါ ေညာင္းညာျပီး ဇက္ေၾကာတက္တတ္ပါတယ္။ ဇက္ေၾကာတက္တာက ဆိုးက်ိဳးသိပ္မရွိသလို ထင္ရေပမယ့္ ေရရွည္မွာ က်န္္းမာေရးကို ဆိုးဆိုးရြားရြားထိခိုက္ေစနိုင္ပါတယ္။ ဇက္ေၾကာတက္တာကို ဒီတိုင္းပဲေနေနမယ္ဆိုရင္ေတာ့ ဇက္က်ီးေပါင္းျဖစ္ျပီး အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ရပါလိမ့္မယ္။ ဒီေတာ့ ဇက္ေၾကာတက္တတ္တဲ့သူေတြအေနနဲ႕ အဲ့ဒီေလာက္အေျခအေနမဆိုးခင္မွာ ေလ့က်င့္ခန္း္ေလးေတြ လုပ္ထားသင့္ပါတယ္။ ဒါေၾကာင့္ ဇက္ေၾကာတတ္တဲ့သူေတြ ေန႕တိုင္းလုပ္သင့္တဲ့ ေလ့က်င့္ခနး္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ ေနာ္ ……။
#အဆင့္(၁) လည္ပင္းအေနာက္ဘက္ၾကြက္သားေတြကို အနားေပးျခင္း

အရင္ဆံုး ထိုင္ခံုတစ္ခုေပၚမွာ ေက်ာရိုးကိုေျဖာင့္မတ္ေနေအာင္ ထားျပီး ထိုင္ပါ …။

ျပီးရင္ လက္နွစ္ဖက္ကို ေခါင္းေနာက္မွာ ထားလိုက္ျပီး ေမးေစ့နဲ႕ရင္ဘတ္နဲ႕ထိသည္အထိေခါင္းကိုငံု႕ကာ လက္က အားနည္းနည္းထည့္ျပီး ဖိထားေပးကာ အဲ့ဒီအေနအထားမွာ စကၠန္႕ ၃၀ ေနေပးလိုက္ပါ။ လည္ပင္းနဲ႕ေနာက္ေက်ာမွာ တင္းေနတဲ့ခံစားခ်က္ကို ရျပီးအေၾကာေျပသြားပါလိမ့္မယ္ …။
#အဆင့္(၂) ပခံုးအေၾကာေလွ်ာ့ျခင္း

ထိုင္ခံု ဒါမွမဟုတ္ ၾကမ္းျပင္ေပၚမွာ ခါးကိုမတ္မတ္ထားျပီးထိုင္ပါ …။

ပံုမွာျပထားတဲ့အတိုင္း လက္နွစ္ဖက္ကို ေနာက္ေက်ာဘက္မွာ ခ်ိတ္ကိုင္ထားျပီး ရင္ဘတ္ကိုဖြင့္ထားပါ။ ဘယ္၊ညာတလွည့္စီ စကၠန္႕ ၃၀ လုပ္ေပးလိုက္ရင္ ပခံုး၊ လက္ေမာင္းနဲ႕ ရင္ဘတ္ေနရာေတြမွာ အေၾကာေျပသြားပါလိမ့္မယ္ …။
#အဆင့္(၃) လည္ပင္းကိုေသြးစီးဆင္းမႈေကာင္းေအာင္လုပ္ျခင္း

ေျခေထာက္နွစ္ဖက္ကို ပခံုးအက်ယ္ခြဲျပီး လက္နွစ္ဖက္ကို ေဘးမွာခ်ကာ ေနာက္ေက်ာကိုမတ္မတ္ရပ္ထားပါ …။

ျပီးရင္ ပခံုးနွစ္ဖက္ကို အေပၚဘက္ျမွင့္နိုင္သေလာက္ ျမွင့္လိုက္ျပီး အဲ့ဒီအေနအထားမွာ စကၠန္္႕ ၃၀ ေနေပးကာ နဂိုအေနအထားအတိုင္း ေအာက္ျပန္ခ်လိုက္ပါ။ ဒါကို ၁၀ ၾကိမ္ေလာက္လုပ္ေပးပါ …။
#အဆင့္(၄) လက္ေမာင္းၾကြက္သားအေၾကာေလွ်ာ့ျခင္း

ဘယ္ဘက္ေျခေထာက္ကို အေရွ႕ဘက္လွမ္းေနတဲ့ပံုစံမ်ိဳးလုပ္ျပီး နံရံနားကပ္ရပ္ပါ …။

ဘယ္ဘက္လက္ကို ပခံုးနဲ႕တတန္းတည္းျဖစ္သည္အထိ အေနာက္ဘက္ကေန ျဖည္းျဖည္းခ်င္းေျမွာက္ကာ လက္၀ါးကို နံရံမွာကပ္ထားပါ။ မ်က္နွာက အေရွ႕တည့္တည့္ကိိုပဲ လွည့္ထားရမွာျဖစ္ျပီး ညာဘက္လက္ကို ဗိုက္ေပၚမွာ တင္ထားေပးလိုက္ပါ။ အဲ့ဒီအေနအထားမွာ စကၠန္႕ ၃၀ ေနေပးပါ။ ညာဘက္ကိုလည္း အဲ့ဒီအတိုင္းထပ္လုပ္ေပးပါ။ လက္ေမာင္းမွာတင္္းၾကပ္ေနတာေတြ ေျပေလ်ာ့သြားပါလိမ့္မယ္ …။
#အဆင့္(၅) ကိုယ္ေနဟန္ထားမွန္ေအာင္ေလ့က်င့္ျခင္္း

ထိုင္ခံု ဒါမွမဟုတ္ ၾကမ္းျပင္ေပၚမွာ ခါးကိုမတ္ျပီးထိုင္ပါ …။

လက္ေခ်ာင္းနွစ္ေခ်ာင္းကို ေမးေစ့မွာ ကပ္လိုက္ျပီး ဦးေခါင္းကို အေနာက္ကိုေရာက္နိုင္သေလာက္ေရာက္ေအာင္ တြန္းလိုက္ကာ အဲ့ဒီအေနအထားမွာ စကၠန္႕ ၃၀ ေနေပးပါ။ ျပီးရင္ နဂိုအတိုင္းျပန္ေနပါ။ ဒါကို ၁၀ ၾကိမ္လုပ္ေပးမယ္ဆိုရင္ ဇက္ေၾကာတက္တာကို သက္သာေစျပီး လက္ျပင္ကုန္းတာကိုလည္း တျဖည္းျဖည္းပံုစံမွန္လာေစပါတယ္ …။
#အဆင့္ (၆) ပခံုးနားတ၀ိုက္ၾကြက္သားသန္မာေအာင္ေလ့က်င့္ျခင္း

ၾကမ္းျပင္ေပၚမွာ ခါးကိုမတ္ျပီး တင္ပ်ဥ္ေခြထိုင္ပါ …။

လက္နွစ္ဖက္ကိုေျမွာက္လိုက္ျပီး တံေတာင္ဆစ္ကိုေကြးကာ ဦးေခါင္းေပၚမွာ လက္၀ါးနွစ္ဖက္ကို ကပ္ထားလိုက္ပါ။ ဦးေခါင္းကို ဘယ္ဘက္္ကိုလွည့္ျပီး စကၠန္႕ ၃၀ ေနျပီး အေရွ႕တည့္တည့္ျပန္လွည့္ပါ။ ျပီးရင္ ညာဘက္ကို လွည့္ျပီး စကၠန္႕ ၃၀ ေနကာ အေရွ႕ဘက္ျပန္လွည့္ေပးပါ။ အဲ့ဒါကို ၁၀ ၾကိမ္ျပဳလုပ္ေပးပါ …။
#အဆင့္(၇) ပခံုးၾကြက္သားမ်ားဆန္႕ျခင္း

ခါးကိုမတ္၊ ေနာက္ေက်ာကိုဆန္္႕ထားျပီး ေျခေထာက္နွစ္ဖက္ကို ပခံုးအက်ယ္ခြဲရပ္ပါ …။

လက္နွစ္ဖက္ကို ဦးေခါင္းေပၚ ဆန္႕နိုင္သေလာက္ဆန္႕တန္းလိုက္ျပီး လက္၀ါးနွစ္ဖက္ကို ကပ္ထားကာ စကၠန္႕အနည္းငယ္ေနပါ။ ျပီးရင္ ျဖည္းျဖည္းခ်င္းျပန္ခ်ျပီး တံေတာင္ဆစ္ကိုေကြးကာ ေနာက္ေက်ာဘက္ကို ဆြဲကပ္ေပးလိုက္ပါ။

အဲ့ဒါကို ၅ ၾကိမ္ ဒါမွမဟုတ္ ၁၀ ၾကိမ္ လုပ္ေပးပါ။ အဲ့ဒီအခ်ိန္မွာ ပခံုးေနာက္ဘက္မွာရွိတဲ့ၾကြက္သားေတြ ဆန္႕လာျပီး လည္ပင္းတ၀ိုက္တင္းၾကပ္ေနတာေတြ ေျပေလ်ာ့သြားပါလိမ့္မယ္ …။

သတိေပးခ်က္ – ဒီေလ့က်င့္ခန္္းေလးေတြကိို တဆင့္္ခ်င္္း ျဖည္းျဖည္းခ်င္းလုပ္မွ ထိေရာက္တဲ့ ရလဒ္ကို ရမွာျဖစ္လို႕ ျမန္ျမန္ေလာေလာ မလုပ္မိဖုိ႕ သတိထားပါေနာ္ ….။

Credit:MAY THAZINHTOO

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အထိုင်များတဲ့အလုပ်၊ အာရုံစူးစိုက်မှုများတဲ့ အလုပ်တွေလုပ်တဲ့အခါ ညောင်းညာပြီး ဇက်ကြောတက်တတ်ပါတယ်။ ဇက်ကြောတက်တာက ဆိုးကျိုးသိပ်မရှိသလို ထင်ရပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ ဇက်ကြောတက်တာကို ဒီတိုင်းပဲနေနေမယ်ဆိုရင်တော့ ဇက်ကျီးပေါင်းဖြစ်ပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်ရပါလိမ့်မယ်။ ဒီတော့ ဇက်ကြောတက်တတ်တဲ့သူတွေအနေနဲ့ အဲ့ဒီလောက်အခြေအနေမဆိုးခင်မှာ လေ့ကျင့်ခန်းလေးတွေ လုပ်ထားသင့်ပါတယ်။ ဒါကြောင့် ဇက်ကြောတတ်တဲ့သူတွေ နေ့တိုင်းလုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် နော် ……။
#အဆင့်(၁) လည်ပင်းအနောက်ဘက်ကြွက်သားတွေကို အနားပေးခြင်း

အရင်ဆုံး ထိုင်ခုံတစ်ခုပေါ်မှာ ကျောရိုးကိုဖြောင့်မတ်နေအောင် ထားပြီး ထိုင်ပါ …။

ပြီးရင် လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ထားလိုက်ပြီး မေးစေ့နဲ့ရင်ဘတ်နဲ့ထိသည်အထိခေါင်းကိုငုံ့ကာ လက်က အားနည်းနည်းထည့်ပြီး ဖိထားပေးကာ အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ နေပေးလိုက်ပါ။ လည်ပင်းနဲ့နောက်ကျောမှာ တင်းနေတဲ့ခံစားချက်ကို ရပြီးအကြောပြေသွားပါလိမ့်မယ် …။
#အဆင့်(၂) ပခုံးအကြောလျှော့ခြင်း

ထိုင်ခုံ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ခါးကိုမတ်မတ်ထားပြီးထိုင်ပါ …။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို နောက်ကျောဘက်မှာ ချိတ်ကိုင်ထားပြီး ရင်ဘတ်ကိုဖွင့်ထားပါ။ ဘယ်၊ညာတလှည့်စီ စက္ကန့် ၃၀ လုပ်ပေးလိုက်ရင် ပခုံး၊ လက်မောင်းနဲ့ ရင်ဘတ်နေရာတွေမှာ အကြောပြေသွားပါလိမ့်မယ် …။
#အဆင့်(၃) လည်ပင်းကိုသွေးစီးဆင်းမှုကောင်းအောင်လုပ်ခြင်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ခွဲပြီး လက်နှစ်ဖက်ကို ဘေးမှာချကာ နောက်ကျောကိုမတ်မတ်ရပ်ထားပါ …။

ပြီးရင် ပခုံးနှစ်ဖက်ကို အပေါ်ဘက်မြှင့်နိုင်သလောက် မြှင့်လိုက်ပြီး အဲ့ဒီအနေအထားမှာ စက္ကန့်် ၃၀ နေပေးကာ နဂိုအနေအထားအတိုင်း အောက်ပြန်ချလိုက်ပါ။ ဒါကို ၁၀ ကြိမ်လောက်လုပ်ပေးပါ …။
#အဆင့်(၄) လက်မောင်းကြွက်သားအကြောလျှော့ခြင်း

ဘယ်ဘက်ခြေထောက်ကို အရှေ့ဘက်လှမ်းနေတဲ့ပုံစံမျိုးလုပ်ပြီး နံရံနားကပ်ရပ်ပါ …။

ဘယ်ဘက်လက်ကို ပခုံးနဲ့တတန်းတည်းဖြစ်သည်အထိ အနောက်ဘက်ကနေ ဖြည်းဖြည်းချင်းမြှောက်ကာ လက်ဝါးကို နံရံမှာကပ်ထားပါ။ မျက်နှာက အရှေ့တည့်တည့်ကိုပဲ လှည့်ထားရမှာဖြစ်ပြီး ညာဘက်လက်ကို ဗိုက်ပေါ်မှာ တင်ထားပေးလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ နေပေးပါ။ ညာဘက်ကိုလည်း အဲ့ဒီအတိုင်းထပ်လုပ်ပေးပါ။ လက်မောင်းမှာတင်းကြပ်နေတာတွေ ပြေလျော့သွားပါလိမ့်မယ် …။
#အဆင့်(၅) ကိုယ်နေဟန်ထားမှန်အောင်လေ့ကျင့်ခြင်း

ထိုင်ခုံ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ခါးကိုမတ်ပြီးထိုင်ပါ …။

လက်ချောင်းနှစ်ချောင်းကို မေးစေ့မှာ ကပ်လိုက်ပြီး ဦးခေါင်းကို အနောက်ကိုရောက်နိုင်သလောက်ရောက်အောင် တွန်းလိုက်ကာ အဲ့ဒီအနေအထားမှာ စက္ကန့် ၃၀ နေပေးပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပါ။ ဒါကို ၁၀ ကြိမ်လုပ်ပေးမယ်ဆိုရင် ဇက်ကြောတက်တာကို သက်သာစေပြီး လက်ပြင်ကုန်းတာကိုလည်း တဖြည်းဖြည်းပုံစံမှန်လာစေပါတယ် …။
#အဆင့် (၆) ပခုံးနားတဝိုက်ကြွက်သားသန်မာအောင်လေ့ကျင့်ခြင်း

ကြမ်းပြင်ပေါ်မှာ ခါးကိုမတ်ပြီး တင်ပျဉ်ခွေထိုင်ပါ …။

လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး တံတောင်ဆစ်ကိုကွေးကာ ဦးခေါင်းပေါ်မှာ လက်ဝါးနှစ်ဖက်ကို ကပ်ထားလိုက်ပါ။ ဦးခေါင်းကို ဘယ်ဘက်ကိုလှည့်ပြီး စက္ကန့် ၃၀ နေပြီး အရှေ့တည့်တည့်ပြန်လှည့်ပါ။ ပြီးရင် ညာဘက်ကို လှည့်ပြီး စက္ကန့် ၃၀ နေကာ အရှေ့ဘက်ပြန်လှည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ်ပြုလုပ်ပေးပါ …။
#အဆင့်(၇) ပခုံးကြွက်သားများဆန့်ခြင်း

ခါးကိုမတ်၊ နောက်ကျောကိုဆန့််ထားပြီး ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်ခွဲရပ်ပါ …။

လက်နှစ်ဖက်ကို ဦးခေါင်းပေါ် ဆန့်နိုင်သလောက်ဆန့်တန်းလိုက်ပြီး လက်ဝါးနှစ်ဖက်ကို ကပ်ထားကာ စက္ကန့်အနည်းငယ်နေပါ။ ပြီးရင် ဖြည်းဖြည်းချင်းပြန်ချပြီး တံတောင်ဆစ်ကိုကွေးကာ နောက်ကျောဘက်ကို ဆွဲကပ်ပေးလိုက်ပါ။

အဲ့ဒါကို ၅ ကြိမ် ဒါမှမဟုတ် ၁၀ ကြိမ် လုပ်ပေးပါ။ အဲ့ဒီအချိန်မှာ ပခုံးနောက်ဘက်မှာရှိတဲ့ကြွက်သားတွေ ဆန့်လာပြီး လည်ပင်းတဝိုက်တင်းကြပ်နေတာတွေ ပြေလျော့သွားပါလိမ့်မယ် …။

သတိပေးချက် – ဒီလေ့ကျင့်ခန်းလေးတွေကို တဆင့််ချင်း ဖြည်းဖြည်းချင်းလုပ်မှ ထိရောက်တဲ့ ရလဒ်ကို ရမှာဖြစ်လို့ မြန်မြန်လောလော မလုပ်မိဖို့ သတိထားပါနော် ….။

Credit:MAY THAZINHTOO

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top