iMyanmarHouse.com - Best Property Website for Myanmar
×

အနာတရ ထိခိုက္ဒဏ္ရာမ်ားနဲ႔ ေနေလာင္ခံထားရတဲ့ အေရျပားတို႔ကို အထိေရာက္ဆံုးကုသေပးရာမွာ ႐ွားေစာင္းလက္ပတ္က အင္မတန္အစြမ္းထက္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ႐ွားေစာင္းလက္ပတ္ကို အီဂ်စ္ႏိုင္ငံမွာ ေဆးဝါးအျဖစ္အသံုးျပဳခဲ့ၾကတာပဲျဖစ္ပါတယ္။ အပူေလာင္ဒဏ္ရာကအစ ရင္သားကင္ဆာအဆံုး ထိေရာက္စြာအသံုးျပဳႏိုင္တဲ့ သဘာဝေပးအပ္ထားေသာ လက္ေဆာင္မြန္ပဲျဖစ္ပါတယ္။

ထိုေဆးစြမ္းေကာင္းရဲ႕ အသံုးဝင္ပံုအစံုအလင္ကို ဆက္လက္ေလ့လာၾကည့္လိုက္ရေအာင္။

ေသြးတြင္းသၾကားဓာတ္ ေလ်ာ့ခ်ေပးျခင္း

Aloe Vera Juice

႐ွားေစာင္းလက္ပတ္ေဖ်ာ္ရည္ကို စားပြဲတင္ဇြန္း ၂ ဇြန္းခန္႔ ေန႔တိုင္းစားသံုးေပးမယ္ဆိုရင္ ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့ခ်ေပးတာေၾကာင့္ ဆီးခ်ိဳသမားမ်ားအတြက္ အထူးသင့္ေတာ္ျခင္းျဖစ္ေၾကာင္း ေလ့လာေတြ႔႐ွိခ်က္အရ သိ႐ွိရပါတယ္။

အသားအေရ ေခ်ာမြတ္လွပေစျခင္း

Aloe Vera Benefits

႐ွားေစာင္းလက္ပတ္အသံုးျပဳၿပီး အသားအေရကို အစိုဓာတ္ျဖည့္ကာ အသားအေရၾကည္လင္ေအာင္ ျပဳလုပ္ေပးလို႔ရပါတယ္။ ဒါက ဘာ့ေၾကာင့္လဲဆိုရင္ အပင္ရဲ႕ သဘာဝေၾကာင့္ပဲျဖစ္ပါတယ္။ ႐ွားေစာင္းလက္ပတ္ပင္က ေျခာက္ေသြ႔ၿပီး အပူခ်ိန္မ်ားတဲ့ေဒသေတြမွာ ေပါက္ေရာက္ရတဲ့အတြက္ေၾကာင့္ ထိုအေျခအေနမွာ ေကာင္းစြာ႐ွင္သန္ႏိုင္ဖို႔ရန္အတြက္ သူ႔အရြက္ထဲမွာ ေရေတြကို သိုေလွာင္ထားရပါတယ္။ ထိုေရဓာတ္က သင့္ မ်က္ႏွာကို အစိုဓာတ္ျဖည့္တင္းေပးတာေၾကာင့္ အသားအေရက အၿမဲတမ္းၾကည္လင္ေနမွာပဲျဖစ္ပါတယ္။

ရင္သားကင္ဆာကို တိုက္ဖ်က္ေပးႏိုင္ေခ်႐ွိျခင္း

႐ွားေစာင္းလက္ပတ္ရဲ႕ အရည္ရႊမ္းတဲ့ ဂ်ယ္လ္က ရင္သားကင္ဆာျဖစ္ပြားေစတဲ့ ကင္ဆာဆဲလ္မ်ား ျပန္႔ပြားႏႈန္းကို ေႏွးေကြးေစတယ္လို႔ ေျပာေလ့႐ွိၾကပါတယ္။ သို႔ေသာ္ ဒီအခ်က္ကို ပိုမိုခိုင္မာလာဖို႔ရန္အတြက္ စမ္းသပ္ခ်က္ေတြအေျမာက္အျမားျပဳလုပ္ဖို႔ရန္ေတာ့ လိုအပ္ပါေသးတယ္။

သဘာဝပလုပ္က်င္းရည္အျဖစ္ အသံုးျပဳႏိုင္ျခင္း

၂၀၁၄ ခုနွစ္မွာ သုေတသနပညာ႐ွင္ေတြရဲ႕ ေလ့လာေတြ႔႐ွိခ်က္အရ ႐ွားေစာင္းလက္ပတ္ဂ်ယ္က ဓာတ္တုပစၥည္းေတြ မပါဝင္တာေၾကာင့္ စိတ္ခ်လက္ခ်အသံုးျပဳႏိုင္တဲ့ သဘာဝပလုပ္က်င္းရည္ပဲျဖစ္ပါတယ္။ ႐ွားေစာင္းလက္ပတ္ထဲမွာ ပါဝင္တဲ့ ဗီတာမင္စီက သြားေခ်းတက္ျခင္းကို တားဆီးေပးႏိုင္ၿပီး သြားဖံုးေရာင္ျခင္း၊ သြားဖံုးကိုက္ျခင္းနဲ႔ သြားဖံုးက မၾကာခဏေသြးထြက္ျခင္းတို႔ မျဖစ္ေပၚေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ဆံေကသာ ႏူးညံ့ေပ်ာ့ေပ်ာင္းေစျခင္း

ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ ေျပာျပခ်င္တာကေတာ့ ႐ွားေစာင္းလက္ပတ္က ဆံေကသာက်န္းမာေရးအတြက္ အင္မတန္အသံုးဝင္တယ္ဆိုတာပါပဲ။ ေခါင္းေလွ်ာ္ခါနီး နာရီဝက္ေလာက္အလိုမွာ ႐ွားေစာင္းလက္ပတ္ဂ်ယ္ကို ဆံေကသာအႏွံ႔သုတ္လိမ္းၿပီးမွ ေခါင္းေလွ်ာ္ေပးမယ္ဆိုရင္ သင့္ရဲ႕ ဆံေကသာက ဓာတုပစၥည္းေတြ အသံုးျပဳစရာမလိုဘဲ ႏူးညံ့ေပ်ာ့ေပ်ာင္းသြားမွာပဲျဖစ္ပါတယ္။

Credit: myfoodmyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အနာတရ ထိခိုက်ဒဏ်ရာများနဲ့ နေလောင်ခံထားရတဲ့ အရေပြားတို့ကို အထိရောက်ဆုံးကုသပေးရာမှာ ရှားစောင်းလက်ပတ်က အင်မတန်အစွမ်းထက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှားစောင်းလက်ပတ်ကို အီဂျစ်နိုင်ငံမှာ ဆေးဝါးအဖြစ်အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ အပူလောင်ဒဏ်ရာကအစ ရင်သားကင်ဆာအဆုံး ထိရောက်စွာအသုံးပြုနိုင်တဲ့ သဘာဝပေးအပ်ထားသော လက်ဆောင်မွန်ပဲဖြစ်ပါတယ်။

ထိုဆေးစွမ်းကောင်းရဲ့ အသုံးဝင်ပုံအစုံအလင်ကို ဆက်လက်လေ့လာကြည့်လိုက်ရအောင်။

သွေးတွင်းသကြားဓာတ် လျော့ချပေးခြင်း

Aloe Vera Juice

ရှားစောင်းလက်ပတ်ဖျော်ရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်းခန့် နေ့တိုင်းစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတာကြောင့် ဆီးချိုသမားများအတွက် အထူးသင့်တော်ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိချက်အရ သိရှိရပါတယ်။

အသားအရေ ချောမွတ်လှပစေခြင်း

Aloe Vera Benefits

ရှားစောင်းလက်ပတ်အသုံးပြုပြီး အသားအရေကို အစိုဓာတ်ဖြည့်ကာ အသားအရေကြည်လင်အောင် ပြုလုပ်ပေးလို့ရပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုရင် အပင်ရဲ့ သဘာဝကြောင့်ပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ပင်က ခြောက်သွေ့ပြီး အပူချိန်များတဲ့ဒေသတွေမှာ ပေါက်ရောက်ရတဲ့အတွက်ကြောင့် ထိုအခြေအနေမှာ ကောင်းစွာရှင်သန်နိုင်ဖို့ရန်အတွက် သူ့အရွက်ထဲမှာ ရေတွေကို သိုလှောင်ထားရပါတယ်။ ထိုရေဓာတ်က သင့် မျက်နှာကို အစိုဓာတ်ဖြည့်တင်းပေးတာကြောင့် အသားအရေက အမြဲတမ်းကြည်လင်နေမှာပဲဖြစ်ပါတယ်။

ရင်သားကင်ဆာကို တိုက်ဖျက်ပေးနိုင်ချေရှိခြင်း

ရှားစောင်းလက်ပတ်ရဲ့ အရည်ရွှမ်းတဲ့ ဂျယ်လ်က ရင်သားကင်ဆာဖြစ်ပွားစေတဲ့ ကင်ဆာဆဲလ်များ ပြန့်ပွားနှုန်းကို နှေးကွေးစေတယ်လို့ ပြောလေ့ရှိကြပါတယ်။ သို့သော် ဒီအချက်ကို ပိုမိုခိုင်မာလာဖို့ရန်အတွက် စမ်းသပ်ချက်တွေအမြောက်အမြားပြုလုပ်ဖို့ရန်တော့ လိုအပ်ပါသေးတယ်။

သဘာဝပလုပ်ကျင်းရည်အဖြစ် အသုံးပြုနိုင်ခြင်း

၂၀၁၄ ခုနှစ်မှာ သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ရှားစောင်းလက်ပတ်ဂျယ်က ဓာတ်တုပစ္စည်းတွေ မပါဝင်တာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်တဲ့ သဘာဝပလုပ်ကျင်းရည်ပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီက သွားချေးတက်ခြင်းကို တားဆီးပေးနိုင်ပြီး သွားဖုံးရောင်ခြင်း၊ သွားဖုံးကိုက်ခြင်းနဲ့ သွားဖုံးက မကြာခဏသွေးထွက်ခြင်းတို့ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆံကေသာ နူးညံ့ပျော့ပျောင်းစေခြင်း

နောက်ဆုံးတစ်ချက်အနေနဲ့ ပြောပြချင်တာကတော့ ရှားစောင်းလက်ပတ်က ဆံကေသာကျန်းမာရေးအတွက် အင်မတန်အသုံးဝင်တယ်ဆိုတာပါပဲ။ ခေါင်းလျှော်ခါနီး နာရီဝက်လောက်အလိုမှာ ရှားစောင်းလက်ပတ်ဂျယ်ကို ဆံကေသာအနှံ့သုတ်လိမ်းပြီးမှ ခေါင်းလျှော်ပေးမယ်ဆိုရင် သင့်ရဲ့ ဆံကေသာက ဓာတုပစ္စည်းတွေ အသုံးပြုစရာမလိုဘဲ နူးညံ့ပျော့ပျောင်းသွားမှာပဲဖြစ်ပါတယ်။

Credit: myfoodmyanmar
အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top