iMyanmarHouse.com - Best Property Website for Myanmar
×


ကြ်ႏု္ပ္တို႔ အမ်ားစုက အစားအစာ သိမ္းထားတဲ့ ေရခဲေသတၱာကို အေရးမေပး တတ္ၾကပါဘူး။ သို႔ေပမယ့္ အစားအစာေတြကို လတ္လတ္ဆတ္ဆတ္ သိမ္းထားခ်င္တယ္၊အခ်ိန္ၾကာၾကာ ေကာင္းမြန္ေအာင္ ထားခ်င္တယ္ဆိုရင္ ဒါ သိပ္အေရးၾကီးပါတယ္။

အစားအေသာက္ကို လတ္လတ္ ဆတ္ဆတ္နဲ႔ အခ်ိန္ၾကာၾကာ ေကာင္းမြန္ေနေအာင္ သိမ္းထားမယ္ဆိုရင္ ေရခဲေသတၱာ အပူခ်ိန္ကုိ ၀-၄ ဒီဂရီထိ ခ်ိန္ထားဖို႔ လုိအပ္ပါလိမ့္မယ္။ ဒီနည္းျဖင့္ ဘက္တီးရီးယား ဖြံ႔ျဖဳိးမႈကို တားဆီးေပးပါလိမ့္မယ္။

ေရခဲေသတၱာရဲ႕ အေပၚပိုင္းမွာ ထမင္းက်န္ေတြ၊ ဟင္းခတ္ အေမႊးၾကိဳင္နဲ႔ ခ်က္ခ်င္းစားသုံးလို႔ ရႏုိင္တဲ့ အစားအစာ သိမ္းထားရပါတယ္။ အဲ့ေနရာမွာ ေရခဲေသတၱာရဲ႕ အပူအေအး တစ္သမတ္တည္း အက်ဆုံးျဖစ္ပါတယ္။ တံခါးေပါက္ ေနရာေတြဟာ ေရခဲေသတၱာ အတြင္းပုိင္းရဲ႕ အပူဆုံးေနရာေတြ ျဖစ္ပါတယ္။

အဲဒီေနရာဟာ သဘာဝအရ ၾကာရွည္ခံေသာ ပစၥည္းေတြကို သိမ္းထားသင့္တဲ့ ေနရာျဖစ္ပါတယ္။ Mayonaise နဲ႔ လိေမၼာ္သီး ေဖ်ာ္ရည္ေတြကို အဲ့ေနရာမွာ သိမ္းထား ႏုိင္ေပမယ့္ ၾကက္ဥ၊ ႏို႔နဲ႔ျပဳလုပ္တဲ့ အစားအစာေတြကိုေတာ့ မရပါဘူး။

အပူခ်ိန္နည္းတဲ့ အတြက္ေၾကာင့္ ၾကက္ဥ၊ ႏုိ႔နဲ႔ ျပဳလုပ္တဲ့ အစားအစာေတြကိုေတာ့ ေအာက္ထပ္မွာ သိမ္းထားသင့္ပါတယ္။ ေအာက္ထပ္ေတြမွာ ပင္လယ္စာ၊ ငါး နဲ႔ အသားစိမ္းေတြ သိမ္းထား ႏုိင္ပါေသးတယ္။

ၾကက္ဥက တျခားပစၥည္းေတြရဲ႕ အနံ႔အသက္ကို စုပ္ယူႏုိင္တာေၾကာင့္ အနံ႔ျပင္းတဲ့ ပစၥည္းမ်ဳိး ထားမယ္ဆိုရင္ ၾကက္ဥေတြနဲ႔ ေဝးေဝး ေနရာမွာသာ ထားပါ။ သစ္သီးနဲ႔ ဟင္းသီး ဟင္းရြက္ေတြကို သီးျခား အကန္႔မွာ သိမ္းထားပါ။

အမ်ားအားျဖင့္ အခန္းႏွစ္ခု ကန္႔ထားတဲ့ ေအာက္ဆုံး အထပ္မွာ တစ္ခုကို သစ္သီးအတြက္ လုပ္ျပီး ေနာက္တစ္ခုမွာေတာ့ ဟင္းသီးဟင္းရြက္ ထားပါ။ မက္မြန္သီး၊ သစ္ေတာ္သီးနဲ႔ မက္မန္းသီးလို အသီးမ်ဳိးေတြကို ဟင္းသီး ဟင္းရြက္ေတြနဲ႔ နီးနီးကပ္ကပ္ မထားသင့္ပါဘူး။ ဘာလို႔လဲဆုိရင္ ဟင္းသီး ဟင္းရြက္ေတြကို အပုပ္ျမန္ေစတဲ့ ဂက္စ္ေတြ ထုတ္တာေၾကာင့္ျဖစ္တယ္။

Credit:santhitsa

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ကျွနု်ပ်တို့ အများစုက အစားအစာ သိမ်းထားတဲ့ ရေခဲသေတ္တာကို အရေးမပေး တတ်ကြပါဘူး။ သို့ပေမယ့် အစားအစာတွေကို လတ်လတ်ဆတ်ဆတ် သိမ်းထားချင်တယ်၊အချိန်ကြာကြာ ကောင်းမွန်အောင် ထားချင်တယ်ဆိုရင် ဒါ သိပ်အရေးကြီးပါတယ်။

အစားအသောက်ကို လတ်လတ် ဆတ်ဆတ်နဲ့ အချိန်ကြာကြာ ကောင်းမွန်နေအောင် သိမ်းထားမယ်ဆိုရင် ရေခဲသေတ္တာ အပူချိန်ကို ဝ-၄ ဒီဂရီထိ ချိန်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းဖြင့် ဘက်တီးရီးယား ဖွံ့ဖြိုးမှုကို တားဆီးပေးပါလိမ့်မယ်။

ရေခဲသေတ္တာရဲ့ အပေါ်ပိုင်းမှာ ထမင်းကျန်တွေ၊ ဟင်းခတ် အမွှေးကြိုင်နဲ့ ချက်ချင်းစားသုံးလို့ ရနိုင်တဲ့ အစားအစာ သိမ်းထားရပါတယ်။ အဲ့နေရာမှာ ရေခဲသေတ္တာရဲ့ အပူအအေး တစ်သမတ်တည်း အကျဆုံးဖြစ်ပါတယ်။ တံခါးပေါက် နေရာတွေဟာ ရေခဲသေတ္တာ အတွင်းပိုင်းရဲ့ အပူဆုံးနေရာတွေ ဖြစ်ပါတယ်။

အဲဒီနေရာဟာ သဘာဝအရ ကြာရှည်ခံသော ပစ္စည်းတွေကို သိမ်းထားသင့်တဲ့ နေရာဖြစ်ပါတယ်။ Mayonaise နဲ့ လိမ္မော်သီး ဖျော်ရည်တွေကို အဲ့နေရာမှာ သိမ်းထား နိုင်ပေမယ့် ကြက်ဥ၊ နို့နဲ့ပြုလုပ်တဲ့ အစားအစာတွေကိုတော့ မရပါဘူး။

အပူချိန်နည်းတဲ့ အတွက်ကြောင့် ကြက်ဥ၊ နို့နဲ့ ပြုလုပ်တဲ့ အစားအစာတွေကိုတော့ အောက်ထပ်မှာ သိမ်းထားသင့်ပါတယ်။ အောက်ထပ်တွေမှာ ပင်လယ်စာ၊ ငါး နဲ့ အသားစိမ်းတွေ သိမ်းထား နိုင်ပါသေးတယ်။

ကြက်ဥက တခြားပစ္စည်းတွေရဲ့ အနံ့အသက်ကို စုပ်ယူနိုင်တာကြောင့် အနံ့ပြင်းတဲ့ ပစ္စည်းမျိုး ထားမယ်ဆိုရင် ကြက်ဥတွေနဲ့ ဝေးဝေး နေရာမှာသာ ထားပါ။ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို သီးခြား အကန့်မှာ သိမ်းထားပါ။

အများအားဖြင့် အခန်းနှစ်ခု ကန့်ထားတဲ့ အောက်ဆုံး အထပ်မှာ တစ်ခုကို သစ်သီးအတွက် လုပ်ပြီး နောက်တစ်ခုမှာတော့ ဟင်းသီးဟင်းရွက် ထားပါ။ မက်မွန်သီး၊ သစ်တော်သီးနဲ့ မက်မန်းသီးလို အသီးမျိုးတွေကို ဟင်းသီး ဟင်းရွက်တွေနဲ့ နီးနီးကပ်ကပ် မထားသင့်ပါဘူး။ ဘာလို့လဲဆိုရင် ဟင်းသီး ဟင်းရွက်တွေကို အပုပ်မြန်စေတဲ့ ဂက်စ်တွေ ထုတ်တာကြောင့်ဖြစ်တယ်။

Credit:santhitsa

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top