iMyanmarHouse.com - Best Property Website for Myanmar
×



သင္ဇာဝင့္ေက်ာ္ဟာဆိုရင္ မၾကာေသးမီလပုိင္းေတြမွာသူ႔ရဲ႕ခ်စ္သူေကာင္ေလးနဲ႔ ေတာ္ေတာ္ေလးေပ်ာ္ေနခဲ့တာပါ။နိုင္ငံျခားသားခ်စ္သူေကာင္ေလးဟာသင္ဇာ့ကုိအင္မတန္ခ်စ္ျမတ္နိုးျပီးလူၾကီးလူေကာင္းဆန္ဆန္ဂရုစိုက္မႈေတြေပးတတ္လို႔ သင္ဇာကေပ်ာ္ရႊင္ေနျပီး ခ်စ္သူနဲ႔အတူတူ ခရီးေတြလည္းမၾကာခဏထြက္ကာ Gym ေတြလည္းအတူတူေဆာ့ရင္း သာယာေပ်ာ္ရႊင္တဲ့အခ်စ္ေရးေလးပုိင္ဆုိင္ထားခဲ့တာပါ။

သင္ဇာကခ်စ္သူေကာင္ေလး Tavie က သင္ဇာ့ကုိ Motivate ျဖစ္ေစသလုိ ဂရုလည္းစိုက္ တတ္တာေၾကာင့္ စိတ္ခ်မ္းသာရတယ္လို႔ အင္တာဗ်ဴးေတြမွာေျဖခဲ့ဖူးပါတယ္။ဒါ့အျပင္ မၾကာခင္ရက္ပုိင္းေလးကမွပဲ သင္ဇာနဲ႔သူ႔ခ်စ္သူနဲ႔ဟာ က်ိဳက္ထီးရိုးကုိ ဘုရားဖူးအတူထြက္္္ လိုက္ၾကေသးတာပါ။

ခ်စ္သူေလးနဲ႔ေပ်ာ္ရႊင္ေနတဲ့သင္ဇာကို ပရိသတ္ေတြေရာ အသိမိတ္ေဆြသူငယ္ခ်င္းေတြအကုန္လံုးတစ္ေလာကလံုးက ဝုိင္းျပီးအားက်ေနတဲ့အခ်ိန္မွာပဲ သင္ဇာကပရိသတ္ေတြလန္႔႔ဖ်ပ္သြားေစမယ့္ သတင္းတစ္ခုတင္လာခဲ့ပါတယ္။အဲဒါကေတာ့ ခ်စ္သူနဲ႔ရုတ္တရက္ၾကီးဆုိင္းမပါဗံုမဆင့္လမ္းခြဲလိုက္ျပီဆိုတာပါပဲ။

Tavie ဘက္က လမ္းခြဲဲစကားအရင္ေျပာသြားခဲ့တာျဖစ္ျပီး လမ္းခြဲရတဲ့အေၾကာင္းကေတာ့ သင္ဇာနဲ႔ဘဝေနထုိင္မႈပံုစံခ်င္းမတူညီတာေၾကာင့္လည္းပါတယ္လို႔သိရပါတယ္။ဒါ့အျပင္ သင္ဇာက သူ စကားစျမည္ေျပာျပီးရင္းနွီးမႈရယူဖို႔ၾကိဳးစားတိုင္းစိတ္အေနွာက္အယွက္ျဖစ္သြားတဲ့ပံုျပေလ့ရွိျပီး ဘာလို႔ဒီေလာက္အေမးအျမန္းထူတာလဲလို႔ ျပန္ေမးခဲ့တာေၾကာင့္လည္းျဖစ္ပါတယ္တဲ့။



ခ်စ္သူေတြဆက္ဆံေရးမွာ အရာရာအားလံုးဖြင့္ဟတိုင္ပင္ျပီး သာမန္အခ်ိန္ေတြမွာလည္းစကားစျမည္ေတြကရားေရလႊတ္တတြတ္တြတ္ေျပာဆိုေနရင္း သူ႔အျမင္ကုိယ့္အျမင္ဖလွယ္ၾကမွသာအခ်စ္ေတြပိုခိုင္ျမဲျပီးပုိျပီးလည္းရင္းနွီးပြင့္လင္းတဲ့ဆက္ဆံေရးမ်ိဳးရမွာပါ။ ဒါေပမယ့္ သင္ဇာနဲ႔ဒီလိုလုပ္ဖို႔အဆင္မေျပတာေၾကာင့္ လမ္းခြဲဖို႔ဆံုးျဖတ္ခဲ့တာျဖစ္ပံုရပါတယ္။

သင္ဇာ့လို အသက္အရြယ္နဲ႔ ေအာင္ျမင္မႈနဲ႔အလုပ္အရမ္းမ်ားတဲ့လူတစ္ေယာက္အေနနဲ႔ ဘဝထဲမွာ ခ်စ္သူတစ္ေယာက္အတြက္အခ်ိန္အရမ္းနည္းမယ္ဆိုတာနားလည္ပါတယ္လို႔လည္းဆိုပါတယ္။ သင္ဇာကလည္းအသာတၾကည္ပဲလမ္းခြဲေပးခဲ့ျပီးTavie နဲ႔ဆံုေတြ႕ခဲ့ရတ တကယ္ေပ်ာ္ရႊင္ရပါတယ္ လို႔ဖြင့္ဟထားခဲ့ပါတယ္။

သူတို႔ခ်စ္သူနွစ္ဦးဟာ အျမဲတမ္းရိုမန္းတစ္ေနခဲ့ၾကသလို ျပတ္စဲသြားခ်ိန္မွာလည္း Instagram MyDay ေတြမွာအျပန္အလွန္တင္ထားခဲ့ၾကတာကုိေတြ႕ရပါေသးတယ္။ပရိသတ္္ေတြကေတာ့ သင္ဇာ ခ်စ္သူနဲ႔လမ္းခြဲလိုက္လို႔အနုပညာအလုပ္အေပၚအာရံုအျပည့္စိုက္နိုင္ျပီဆိုျပီးဝမ္းသာေနၾကတဲ့လူေတြလည္းရွိသလုိသင္ဇာ့ကုိ ခ်စ္သူနဲ႔သေဘာတူထားျပီးတဲ့လူေတြကလည္း ဝမ္းနည္းတဲ့ comment ေတြေရးထားၾကပါတယ္။



႔ပရိသတ္ၾကီးေရာ သင္ဇာနဲ႔ နုိင္ငံျခားသားခ်စ္သူနဲ႔ကုိ သေဘာတူခဲ့ၾကလား။ ျပတ္သြားျပီဆိုေတာ့ ဘယ္လုိခံစားရလဲ။ ဘယ္လိုပဲျဖစ္ျဖစ္ သင္ဇာ့ရဲ႕အနုပညာေတြ ကုိအားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Credit:nanmalgyi

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

သင်ဇာဝင့်ကျော်ဟာဆိုရင် မကြာသေးမီလပိုင်းတွေမှာသူ့ရဲ့ချစ်သူကောင်လေးနဲ့ တော်တော်လေးပျော်နေခဲ့တာပါ။နိုင်ငံခြားသားချစ်သူကောင်လေးဟာသင်ဇာ့ကိုအင်မတန်ချစ်မြတ်နိုးပြီးလူကြီးလူကောင်းဆန်ဆန်ဂရုစိုက်မှုတွေပေးတတ်လို့ သင်ဇာကပျော်ရွှင်နေပြီး ချစ်သူနဲ့အတူတူ ခရီးတွေလည်းမကြာခဏထွက်ကာ Gym တွေလည်းအတူတူဆော့ရင်း သာယာပျော်ရွှင်တဲ့အချစ်ရေးလေးပိုင်ဆိုင်ထားခဲ့တာပါ။

သင်ဇာကချစ်သူကောင်လေး Tavie က သင်ဇာ့ကို Motivate ဖြစ်စေသလို ဂရုလည်းစိုက် တတ်တာကြောင့် စိတ်ချမ်းသာရတယ်လို့ အင်တာဗျူးတွေမှာဖြေခဲ့ဖူးပါတယ်။ဒါ့အပြင် မကြာခင်ရက်ပိုင်းလေးကမှပဲ သင်ဇာနဲ့သူ့ချစ်သူနဲ့ဟာ ကျိုက်ထီးရိုးကို ဘုရားဖူးအတူထွက် လိုက်ကြသေးတာပါ။

ချစ်သူလေးနဲ့ပျော်ရွှင်နေတဲ့သင်ဇာကို ပရိသတ်တွေရော အသိမိတ်ဆွေသူငယ်ချင်းတွေအကုန်လုံးတစ်လောကလုံးက ဝိုင်းပြီးအားကျနေတဲ့အချိန်မှာပဲ သင်ဇာကပရိသတ်တွေလန့့်ဖျပ်သွားစေမယ့် သတင်းတစ်ခုတင်လာခဲ့ပါတယ်။အဲဒါကတော့ ချစ်သူနဲ့ရုတ်တရက်ကြီးဆိုင်းမပါဗုံမဆင့်လမ်းခွဲလိုက်ပြီဆိုတာပါပဲ။

Tavie ဘက်က လမ်းခွဲစကားအရင်ပြောသွားခဲ့တာဖြစ်ပြီး လမ်းခွဲရတဲ့အကြောင်းကတော့ သင်ဇာနဲ့ဘဝနေထိုင်မှုပုံစံချင်းမတူညီတာကြောင့်လည်းပါတယ်လို့သိရပါတယ်။ဒါ့အပြင် သင်ဇာက သူ စကားစမြည်ပြောပြီးရင်းနှီးမှုရယူဖို့ကြိုးစားတိုင်းစိတ်အနှောက်အယှက်ဖြစ်သွားတဲ့ပုံပြလေ့ရှိပြီး ဘာလို့ဒီလောက်အမေးအမြန်းထူတာလဲလို့ ပြန်မေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်တဲ့။

ချစ်သူတွေဆက်ဆံရေးမှာ အရာရာအားလုံးဖွင့်ဟတိုင်ပင်ပြီး သာမန်အချိန်တွေမှာလည်းစကားစမြည်တွေကရားရေလွှတ်တတွတ်တွတ်ပြောဆိုနေရင်း သူ့အမြင်ကိုယ့်အမြင်ဖလှယ်ကြမှသာအချစ်တွေပိုခိုင်မြဲပြီးပိုပြီးလည်းရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရမှာပါ။ ဒါပေမယ့် သင်ဇာနဲ့ဒီလိုလုပ်ဖို့အဆင်မပြေတာကြောင့် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပုံရပါတယ်။

သင်ဇာ့လို အသက်အရွယ်နဲ့ အောင်မြင်မှုနဲ့အလုပ်အရမ်းများတဲ့လူတစ်ယောက်အနေနဲ့ ဘဝထဲမှာ ချစ်သူတစ်ယောက်အတွက်အချိန်အရမ်းနည်းမယ်ဆိုတာနားလည်ပါတယ်လို့လည်းဆိုပါတယ်။ သင်ဇာကလည်းအသာတကြည်ပဲလမ်းခွဲပေးခဲ့ပြီးTavie နဲ့ဆုံတွေ့ခဲ့ရတ တကယ်ပျော်ရွှင်ရပါတယ် လို့ဖွင့်ဟထားခဲ့ပါတယ်။

သူတို့ချစ်သူနှစ်ဦးဟာ အမြဲတမ်းရိုမန်းတစ်နေခဲ့ကြသလို ပြတ်စဲသွားချိန်မှာလည်း Instagram MyDay တွေမှာအပြန်အလှန်တင်ထားခဲ့ကြတာကိုတွေ့ရပါသေးတယ်။ပရိသတ်တွေကတော့ သင်ဇာ ချစ်သူနဲ့လမ်းခွဲလိုက်လို့အနုပညာအလုပ်အပေါ်အာရုံအပြည့်စိုက်နိုင်ပြီဆိုပြီးဝမ်းသာနေကြတဲ့လူတွေလည်းရှိသလိုသင်ဇာ့ကို ချစ်သူနဲ့သဘောတူထားပြီးတဲ့လူတွေကလည်း ဝမ်းနည်းတဲ့ comment တွေရေးထားကြပါတယ်။

့ပရိသတ်ကြီးရော သင်ဇာနဲ့ နိုင်ငံခြားသားချစ်သူနဲ့ကို သဘောတူခဲ့ကြလား။ ပြတ်သွားပြီဆိုတော့ ဘယ်လိုခံစားရလဲ။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဇာ့ရဲ့အနုပညာတွေ ကိုအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Credit:nanmalgyi

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top