iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ခ်င္းဆက္သြယ္တယ္ ဆိုတာ တစ္ဦးနဲ႔တစ္ဦး စိတ္ခံစားခ်က္တူညီတာကို ေဖာ္ျပေနျခင္းျဖစ္ျပီး စိတ္ခံစားမႈနီးစပ္တဲ႔ ခ်စ္သူေတြဟာ ေပါင္းဖက္ရတတ္ပါတယ္။

လူဦးေရသန္းေထာင္ေပါင္းမ်ားစြာ ရွိတဲ႔ထဲကမွ အခ်စ္ရဆံုးသူတစ္ေယာက္နဲ႔ အတူတူ ခ်စ္ရကံႀကံဳတာကို တမင္တကာ တိုက္ဆိုင္တယ္လို႔ယံုပါသလား။ လူတစ္ေယာက္ကို မုန္းေမ႔ဖို႔လြယ္ေပမယ္႔ ခ်စ္ရတာခက္ခဲပါတယ္။

ဒါဆို ကၽြန္ေတာ္တို႕လက္ရွိခ်စ္ေနတဲ႔ ခ်စ္သူေတြဟာ တမင္တစ္ကာ တိုက္ဆိုင္မႈမ်ိဳးနဲ႔ေတာ့ ခ်စ္ေနႀကရတာမဟုတ္ပါဘူး။ မျမင္ႏိုင္တဲ႔စိတ္က ေႏွာင္တြယ္မႈေတြနဲ႔သာ အခ်စ္ပိုေနႀကတာပါ။

စိတ္ခ်င္းဆက္သြယ္တယ္ ဆိုတာဘာကိုေျပာတာပါလဲ?

တစ္ခါတစ္ေလ သင္ေျပာလိုက္၊ သင္ ေတြးေန၊ သင္ျဖစ္ခ်င္တဲ႔ တစ္စံုတစ္ရာ အေႀကာင္းဟာ တစ္စံုတစ္ဦးနဲ႔ တူညီေနတာကို ေတြ႔ရပါလိမ္႔မယ္။ ဒါဟာ စိတ္ခ်င္းဆက္သြယ္ေနတာပါ။ ကၽြန္ေတာ္တို႔ ခ်စ္ရသူ နဲ႔လည္း ကၽြန္ေတာ္တို႔ စိတ္ခ်င္းဆက္သြယ္ဖူးပါတယ္။ ဒါဟာ တစ္ဦးနဲ႔တစ္ဦး စိတ္ခံစားခ်က္တူညီတာကို ေဖာ္ျပေနျခင္းျဖစ္ျပီး စိတ္ခံစားမႈနီးစပ္တဲ႔ ခ်စ္သူေတြဟာ ေပါင္းဖက္ရတတ္ပါတယ္။

သတိရခ်ိန္တူျခင္း

တစ္ခါတစ္ေလ ကၽြန္ေတာ္တို႔ေတြဟာ ခ်စ္ရသူနဲ႔ ေ၀းလို႕(ခဏေလးျဖစ္ျဖစ္၊ အႀကာႀကီးျဖစ္ျဖစ္ပါ) ကိုယ္စီအလုပ္ေတြ လုပ္ေနရခ်ိန္ရွိတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ခ်စ္ရသူဆီကို မအားတဲ႔ႀကားက သတိရတာမ်ိဳးရွိတတ္ပါတယ္။  သတိရေႀကာင္းေျပာျပခ်င္တဲ႔အခါ ဖုန္းဆက္လိုက္တာမ်ိဳး၊ စာတိုပို႔လိုက္တာမ်ိဳး လုပ္တဲ႔အခါ တစ္ခါတစ္ရံ တူညီစြာ ခ်စ္ရသူထံမွ တစ္ခ်ိန္ထဲ ျပန္လာတတ္တာမ်ိဳးရွိပါတယ္။ ဒါဟာ သတိရခ်ိန္ တူညီေနတာပါ။ ဒီလိုမ်ိဳး ခ်စ္သူေတြဟာ အရမ္းကို ေပ်ာ္စရာေကာင္းတဲ႔ အခ်စ္ေရးကို ပိုင္ဆိုင္ထားရတတ္ပါတယ္။

စိတ္ကူးနဲ႔အမူအရာတူျခင္း

လူေတြဟာမတူညီကြဲျပားတဲ႔ ပံုပန္းေတြနဲ႔ဖြဲ႔စည္းထားတာေႀကာင္႔ ပံုပန္းသ႑ာန္တင္မကဘဲ စိတ္ကူးေတြ၊ အယူအဆေတြ အမူအရာေတြပါ ကြဲျပားပါတယ္။ ဒီထဲကမွ သင္နဲ႔သင္႔ခ်စ္သူဟာ ဆယ္ပံုတစ္ပံုေလာက္ အေတြးအဆေတြ၊ အမူအရာေတြ စိတ္ကူးေတြပါတူေနၿပီဆိုရင္ေတာ႔ သင္ဟာတစ္ကယ္ကို ဖူးစာဖက္ေကာင္းကို ပိုင္ဆိုင္ထားတာပါ။ စိတ္တူကိုယ္တူဆိုတာ တယ္ရွားသကိုး။

အသြင္မတူရင္ အိမ္သူမျဖစ္ႏိုင္သလို စိတ္အႀကံအဆခ်င္း မတူညီ ကြဲျပားရင္လည္း အိမ္ေထာင္ေရး ျပသာနာေတြ ရွိႏိုင္ပါတယ္။ ခ်စ္သူရည္းစား ဘ၀ကေန အႀကင္လင္မယားအျဖစ္သို႔ကူးေျပာင္းတဲ႔ အခါ စိတ္တူကိုယ္တူျဖစ္ဖို႔ အလြန္ပင္ အေရးပါပါတယ္။

စိတ္ခ်င္းနီးေနဖို႔၊ စိတ္ခ်င္းဆက္သြယ္ေနဖို႔က ခ်စ္ေနသူတိုင္းအတြက္လိုပါတယ္။ စိတ္ခ်င္းဆက္သြယ္ေစဖို႔ နားလည္မႈထားပါ။ ခ်စ္သူကို နားလည္ေပးႏိုင္မႈက ခ်စ္သူနဲ႔ စိတ္ခ်င္းနီးစပ္ႏို္င္ေစဖို႔ တိုက္ရိုက္အခ်ိဳးႀကပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စိတ်ချင်းဆက်သွယ်တယ် ဆိုတာ တစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်တူညီတာကို ဖော်ပြနေခြင်းဖြစ်ပြီး စိတ်ခံစားမှုနီးစပ်တဲ့ ချစ်သူတွေဟာ ပေါင်းဖက်ရတတ်ပါတယ်။

လူဦးရေသန်းထောင်ပေါင်းများစွာ ရှိတဲ့ထဲကမှ အချစ်ရဆုံးသူတစ်ယောက်နဲ့ အတူတူ ချစ်ရကံကြုံတာကို တမင်တကာ တိုက်ဆိုင်တယ်လို့ယုံပါသလား။ လူတစ်ယောက်ကို မုန်းမေ့ဖို့လွယ်ပေမယ့် ချစ်ရတာခက်ခဲပါတယ်။

ဒါဆို ကျွန်တော်တို့လက်ရှိချစ်နေတဲ့ ချစ်သူတွေဟာ တမင်တစ်ကာ တိုက်ဆိုင်မှုမျိုးနဲ့တော့ ချစ်နေကြရတာမဟုတ်ပါဘူး။ မမြင်နိုင်တဲ့စိတ်က နှောင်တွယ်မှုတွေနဲ့သာ အချစ်ပိုနေကြတာပါ။

စိတ်ချင်းဆက်သွယ်တယ် ဆိုတာဘာကိုပြောတာပါလဲ?

တစ်ခါတစ်လေ သင်ပြောလိုက်၊ သင် တွေးနေ၊ သင်ဖြစ်ချင်တဲ့ တစ်စုံတစ်ရာ အကြောင်းဟာ တစ်စုံတစ်ဦးနဲ့ တူညီနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ စိတ်ချင်းဆက်သွယ်နေတာပါ။ ကျွန်တော်တို့ ချစ်ရသူ နဲ့လည်း ကျွန်တော်တို့ စိတ်ချင်းဆက်သွယ်ဖူးပါတယ်။ ဒါဟာ တစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်တူညီတာကို ဖော်ပြနေခြင်းဖြစ်ပြီး စိတ်ခံစားမှုနီးစပ်တဲ့ ချစ်သူတွေဟာ ပေါင်းဖက်ရတတ်ပါတယ်။

သတိရချိန်တူခြင်း

တစ်ခါတစ်လေ ကျွန်တော်တို့တွေဟာ ချစ်ရသူနဲ့ ဝေးလို့(ခဏလေးဖြစ်ဖြစ်၊ အကြာကြီးဖြစ်ဖြစ်ပါ) ကိုယ်စီအလုပ်တွေ လုပ်နေရချိန်ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ချစ်ရသူဆီကို မအားတဲ့ကြားက သတိရတာမျိုးရှိတတ်ပါတယ်။  သတိရကြောင်းပြောပြချင်တဲ့အခါ ဖုန်းဆက်လိုက်တာမျိုး၊ စာတိုပို့လိုက်တာမျိုး လုပ်တဲ့အခါ တစ်ခါတစ်ရံ တူညီစွာ ချစ်ရသူထံမှ တစ်ချိန်ထဲ ပြန်လာတတ်တာမျိုးရှိပါတယ်။ ဒါဟာ သတိရချိန် တူညီနေတာပါ။ ဒီလိုမျိုး ချစ်သူတွေဟာ အရမ်းကို ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရတတ်ပါတယ်။

စိတ်ကူးနဲ့အမူအရာတူခြင်း

လူတွေဟာမတူညီကွဲပြားတဲ့ ပုံပန်းတွေနဲ့ဖွဲ့စည်းထားတာကြောင့် ပုံပန်းသဏ္ဍာန်တင်မကဘဲ စိတ်ကူးတွေ၊ အယူအဆတွေ အမူအရာတွေပါ ကွဲပြားပါတယ်။ ဒီထဲကမှ သင်နဲ့သင့်ချစ်သူဟာ ဆယ်ပုံတစ်ပုံလောက် အတွေးအဆတွေ၊ အမူအရာတွေ စိတ်ကူးတွေပါတူနေပြီဆိုရင်တော့ သင်ဟာတစ်ကယ်ကို ဖူးစာဖက်ကောင်းကို ပိုင်ဆိုင်ထားတာပါ။ စိတ်တူကိုယ်တူဆိုတာ တယ်ရှားသကိုး။

အသွင်မတူရင် အိမ်သူမဖြစ်နိုင်သလို စိတ်အကြံအဆချင်း မတူညီ ကွဲပြားရင်လည်း အိမ်ထောင်ရေး ပြသာနာတွေ ရှိနိုင်ပါတယ်။ ချစ်သူရည်းစား ဘဝကနေ အကြင်လင်မယားအဖြစ်သို့ကူးပြောင်းတဲ့ အခါ စိတ်တူကိုယ်တူဖြစ်ဖို့ အလွန်ပင် အရေးပါပါတယ်။

စိတ်ချင်းနီးနေဖို့၊ စိတ်ချင်းဆက်သွယ်နေဖို့က ချစ်နေသူတိုင်းအတွက်လိုပါတယ်။ စိတ်ချင်းဆက်သွယ်စေဖို့ နားလည်မှုထားပါ။ ချစ်သူကို နားလည်ပေးနိုင်မှုက ချစ်သူနဲ့ စိတ်ချင်းနီးစပ်နိုင်စေဖို့ တိုက်ရိုက်အချိုးကြပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top