iMyanmarHouse.com - Best Property Website for Myanmar
×


အခ်စ္ဆိုတာ အခ်ိန္ၾကာလာေလေလ ပိုျပီးအဖိုးတန္လာေလေလ ပါ

တစ္ေယာက္နဲ႔တစ္ေယာက္ လက္တြဲတာအခ်ိန္ၾကာလာတဲ့ အခါမွာ တစ္ေယာက္အေၾကာင္းကို တစ္ ေယာက္က အတြင္း သိအစင္းသိျဖစ္သြားတဲ့အခါမွာ ႏွစ္ေယာက္သားက ခ်စ္သူ သမီးရည္းစားဆိုတာ ထက္ ေမာင္ႏွမေတြဆို ေဆြမ်ိဳးသားခ်င္း ေတြလို ရင္းႏွီးသြားၾကတဲ့အတိုင္းအတာေတြရွိပါတယ္။ ရင္ထဲမွာ ရွိတဲ့ခ်စ္ျခင္းေမတၱာအတိမ္အနက္ကေတာ့ ေလ်ာ့ပါးမသြားပဲ သံေယာဇဥ္ေတြ ေမတၱာေတြ ပိုျပီးတိုးလာတဲ့ သေဘာပါပဲ။

လက္တြဲလာတာၾကာျပီျဖစ္တဲ့ ခ်စ္သူစံုတြဲေတြဟာ တစ္ေယာက္ ရဲ႕အၾကိဳက္ကို တစ္ေယာက္က ေျပာစရာမလိုပဲ အလိုလိုသိလာ တတ္ၾကပါတယ္။ ခ်စ္စ ခင္စတုန္းကလို ဟန္ေတြပန္ေတြမရွိ ေတာ့ပဲ ပြင့္ပြင့္လင္းလင္း ေျပာဆိုရယ္ေမာလာတတ္ၾကပါတယ္။

တစ္ေယာက္ရဲ႕ခံစားခ်က္ကို တစ္ေယာက္က မေျပာပဲအလိုလုိ သိေနတတ္တာမ်ိဳးေတြ ျဖစ္လာတတ္ၾကပါတယ္။ ဒါဟာရင္းႏွီးေႏြးေထြးမႈရဲ႕ အေငြ႕အသက္ေတြပါပဲ။ အရင္က နားလည္မႈလြဲခဲ့တဲ့ကိစၥရပ္ေတြဟာလည္း အခုအခ်ိန္မွာ ေျဖရွင္းဖို႔ လြယ္ကူသြားတတ္ပါတယ္။

လက္မထပ္ခင္မွာ အခ်ိန္ယူျပီး ခ်စ္သူဘ၀ကိုျဖတ္သန္းတာ တကယ္ေကာင္းတဲ့လုပ္ရပ္တစ္ခုပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္ေျပႏိုင္မေျပႏိုင္ဆိုတာကို ခ်စ္သူဘ၀မွာပဲ အျပန္အလွန္ ေလ့လာ ခြင့္ရတာပါ။ အဆင္မေျပတာေတြရွိရင္လည္း ဒီလို အခ်ိန္မွာပဲညွိႏိႈင္းလို႔အဆင္ေျပပါတယ္။ အခ်စ္ဆိုတာ အခ်ိန္ ၾကာလာေလေလ တန္ဖိုးတက္လာေလေလပါပဲ။

အခ်စ္ဆိုတာ ဘယ္တုန္းကမွ ရိုးမသြားတဲ့ သီခ်င္းတစ္ပုဒ္လိုပါပဲ။ အခ်ိန္ၾကာ လာတဲ့ Relation Life တစ္ခုဟာ သံေယာဇဥ္ေတြနဲ႕ပါ ေပါင္းစပ္ ထားတာမို႔ ဖ်က္ဆီးဖို႔အေတာ္ခက္ခဲတဲ့အရာတစ္ခုျဖစ္လို ႔သြား ပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အချစ်ဆိုတာ အချိန်ကြာလာလေလေ ပိုပြီးအဖိုးတန်လာလေလေ ပါ

တစ်ယောက်နဲ့တစ်ယောက် လက်တွဲတာအချိန်ကြာလာတဲ့ အခါမှာ တစ်ယောက်အကြောင်းကို တစ် ယောက်က အတွင်း သိအစင်းသိဖြစ်သွားတဲ့အခါမှာ နှစ်ယောက်သားက ချစ်သူ သမီးရည်းစားဆိုတာ ထက် မောင်နှမတွေဆို ဆွေမျိုးသားချင်း တွေလို ရင်းနှီးသွားကြတဲ့အတိုင်းအတာတွေရှိပါတယ်။ ရင်ထဲမှာ ရှိတဲ့ချစ်ခြင်းမေတ္တာအတိမ်အနက်ကတော့ လျော့ပါးမသွားပဲ သံယောဇဉ်တွေ မေတ္တာတွေ ပိုပြီးတိုးလာတဲ့ သဘောပါပဲ။

လက်တွဲလာတာကြာပြီဖြစ်တဲ့ ချစ်သူစုံတွဲတွေဟာ တစ်ယောက် ရဲ့အကြိုက်ကို တစ်ယောက်က ပြောစရာမလိုပဲ အလိုလိုသိလာ တတ်ကြပါတယ်။ ချစ်စ ခင်စတုန်းကလို ဟန်တွေပန်တွေမရှိ တော့ပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုရယ်မောလာတတ်ကြပါတယ်။

တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က မပြောပဲအလိုလို သိနေတတ်တာမျိုးတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါဟာရင်းနှီးနွေးထွေးမှုရဲ့ အငွေ့အသက်တွေပါပဲ။ အရင်က နားလည်မှုလွဲခဲ့တဲ့ကိစ္စရပ်တွေဟာလည်း အခုအချိန်မှာ ဖြေရှင်းဖို့ လွယ်ကူသွားတတ်ပါတယ်။

လက်မထပ်ခင်မှာ အချိန်ယူပြီး ချစ်သူဘဝကိုဖြတ်သန်းတာ တကယ်ကောင်းတဲ့လုပ်ရပ်တစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေနိုင်မပြေနိုင်ဆိုတာကို ချစ်သူဘဝမှာပဲ အပြန်အလှန် လေ့လာ ခွင့်ရတာပါ။ အဆင်မပြေတာတွေရှိရင်လည်း ဒီလို အချိန်မှာပဲညှိနှိုင်းလို့အဆင်ပြေပါတယ်။ အချစ်ဆိုတာ အချိန် ကြာလာလေလေ တန်ဖိုးတက်လာလေလေပါပဲ။

အချစ်ဆိုတာ ဘယ်တုန်းကမှ ရိုးမသွားတဲ့ သီချင်းတစ်ပုဒ်လိုပါပဲ။ အချိန်ကြာ လာတဲ့ Relation Life တစ်ခုဟာ သံယောဇဉ်တွေနဲ့ပါ ပေါင်းစပ် ထားတာမို့ ဖျက်ဆီးဖို့အတော်ခက်ခဲတဲ့အရာတစ်ခုဖြစ်လို့သွား ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top