iMyanmarHouse.com - Best Property Website for Myanmar
×


အသားျဖဴျဖဴလာတဲ့ ေရာဂါ

“ကေလးဘာျဖစ္လို႔ လာျပတာလဲ”

“ကေလးက တစ္ေန႔တစ္ျခား အသားျဖဴျဖဴလာလို႔”

တစ္မ်ိဳးႀကီးပါလားေပါ့။

လွပျဖဴဝင္းလာတဲ့ သေဘာေပါ့။ေကာင္းတာေပါ့ေနာ့္သူမ်ားေတြမ်ား အသားျဖဴလာေအာင္ ဟိုဟာလိမ္း ဒီဟာလိမ္း ဟိုေဆးထိုး ဒီေဆးထိုးနဲ႔၊ အခုဒီကေလးကသူ႔အလိုလို အသားေတြျဖဴလာလို႔ဆိုေတာ့ ေကာင္းတာေပါ့လို႔ ေတြးမိ။ကေလးျပပါဦး ဆိုၿပီးၾကည့္လိုက္ေတာ့…

အား..လား…လား…သူ႔အေမေျပာတဲ့ အသားျဖဴဝင္းလာတာမဟုတ္ဘူးဗ်ိဳ႕ကေလးက အဆိုးစား ေသြးအားနည္းေရာဂါ ခံစားေနရတာ၊ေသြးစစ္ၾကည့္လိုက္ေတာ့ (၁၃)ေလာက္ရွိသင့္တဲ့ေသြးအားက (၃)ေလာက္ပဲရွိေတာ့တယ္။

ဒီထက္ဆိုးရင္ ႏွလံုးေဖာက္ၿပီး ေသႏိုင္ေလာက္တဲ့ အဆင့္။ေတာ္ေသးတာေပါ့ အသားျဖဴလို႔ လာျပတဲ့ အေမကိုပဲ ကေလးကိုယ္စား ေက်းဇူးတင္ရ။ကေလးကို ေရာဂါရွာေဖြ၊ကုသ၊ေပ်ာက္ကင္း၊ ေပ်ာ္ရႊင္ရေပါ့။မိဘမ်ားခင္ဗ်ား…ကေလးေတြ အသားျဖဴျဖဴလာရင္ သတိေလးထားၾကပါလို႔။

Credit:lwinpyin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

အသားဖြူဖြူလာတဲ့ ရောဂါ

“ကလေးဘာဖြစ်လို့ လာပြတာလဲ”

“ကလေးက တစ်နေ့တစ်ခြား အသားဖြူဖြူလာလို့”

တစ်မျိုးကြီးပါလားပေါ့။

လှပဖြူဝင်းလာတဲ့ သဘောပေါ့။ကောင်းတာပေါ့နော့်သူများတွေများ အသားဖြူလာအောင် ဟိုဟာလိမ်း ဒီဟာလိမ်း ဟိုဆေးထိုး ဒီဆေးထိုးနဲ့၊ အခုဒီကလေးကသူ့အလိုလို အသားတွေဖြူလာလို့ဆိုတော့ ကောင်းတာပေါ့လို့ တွေးမိ။ကလေးပြပါဦး ဆိုပြီးကြည့်လိုက်တော့…

အား..လား…လား…သူ့အမေပြောတဲ့ အသားဖြူဝင်းလာတာမဟုတ်ဘူးဗျို့ကလေးက အဆိုးစား သွေးအားနည်းရောဂါ ခံစားနေရတာ၊သွေးစစ်ကြည့်လိုက်တော့ (၁၃)လောက်ရှိသင့်တဲ့သွေးအားက (၃)လောက်ပဲရှိတော့တယ်။

ဒီထက်ဆိုးရင် နှလုံးဖောက်ပြီး သေနိုင်လောက်တဲ့ အဆင့်။တော်သေးတာပေါ့ အသားဖြူလို့ လာပြတဲ့ အမေကိုပဲ ကလေးကိုယ်စား ကျေးဇူးတင်ရ။ကလေးကို ရောဂါရှာဖွေ၊ကုသ၊ပျောက်ကင်း၊ ပျော်ရွှင်ရပေါ့။မိဘများခင်ဗျား…ကလေးတွေ အသားဖြူဖြူလာရင် သတိလေးထားကြပါလို့။

Credit:lwinpyin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top