iMyanmarHouse.com - Best Property Website for Myanmar
×


ပထမဆံုးခ်ိန္းေတြ႔တဲ့ရက္မွာ အဆင္ေျပေခ်ာေမြ႔ေနၿပီး အမွတ္တရ အျဖစ္ဆံုးေန႔ေလးတစ္ေန႔အျဖစ္ ရွိေနဖို႔အတြက္ Marry က ေျပာျပထားတဲ့အခ်က္ေတြကို မေမ့နဲ႔ေနာ္။

ေကာင္ေလး တစ္ေယာက္နဲ႔ ေကာင္မေလးတစ္ေယာက္ ခ်စ္သူေတြ စျဖစ္ၿပီး ပထမဆံုး ခ်စ္သူအျဖစ္ ေတြ႔ဆံုၾကၿပီဆုိရင္ ႏွစ္ေယာက္စလံုး စိတ္လႈပ္ရွားေနမွာ ေသခ်ာပါတယ္။ ပထမဆံုး ခ်ိန္းေတြ႔တဲ့ ရက္မွာ ႏွစ္ေယာက္စလံုး အဆင္ေျပ ေခ်ာေမြ႔ေနၿပီး ပိုၿပီး စိတ္လွဳပ္ရွားေအာင္နဲ႔ စိတ္မပ်က္သြား ဖို႔ဆိုတာ သတိထားရမယ့္အခ်က္ေလးေတြ ရွိပါတယ္။

အခ်ိန္

အခ်ိန္ကိုလည္း ထည့္စဥ္းစားေနာ္။ မနက္ခင္း အေစာႀကီး ေတြ႔ဖို႔ ခ်ိန္းတာမ်ိဳးဆိုရင္ အိပ္ေရးမဝတာ၊ စိတ္မၾကည္လင္တာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ေနအရမ္းပူတဲ့အခ်ိန္ႀကီးလည္း မဟုတ္၊ မနက္အေစာႀကီး မဟုတ္တဲ့ အခ်ိန္ကိုပဲ ခ်ိန္းပါ။ မိန္းကေလးေတြက ျပင္တာ ဆင္တာ အခ်ိန္ေပးရတယ္ေလေနာ္။

ေနရာ

ခ်စ္သူေလးနဲ႔ ခ်ိန္းေတြ႔တဲ့အခါမွာ ေနရာ ေရြးခ်ယ္မႈက အရမ္းကို အေရးႀကီးပါတယ္။ Romantic ျဖစ္ၿပီး တိတ္ဆိတ္တဲ့ေနရာေလး ျဖစ္ဖုိ႔ လုိပါတယ္။ အစားအေသာက္ ေရြးခ်ယ္စရာ မ်ားၿပီး  ခ်ိန္းေတြတဲ့အခ်ိန္မွာ စားဖို႔ ကိုက္ညီတဲ့ဆိုင္ေလး ျဖစ္ေနပါေစေနာ္။ ႏွစ္ေယာက္စလံုးအတြက္ သြားရလြယ္ကူၿပီး အမွတ္တရ ျဖစ္ေစမယ့္ ေနရာကိုသာ ေရြးခ်ယ္ပါ။

အေျပာအဆုိ

ခ်စ္သူေရွ႔ေရာက္ရင္ေတာ့ ကိုယ္က အဆင္ေျပေအာင္ ေျပာဆိုေနထိုင္တတ္ဖုိ႔ လိုတယ္မလားေနာ္။ ၾကင္ၾကင္နာနာ ခ်ိဳခ်ိဳသာသာပဲ ေျပာပါ။ သူငယ္ခ်င္းလိုမ်ိဳး မေျပာမိေစနဲ႔ေနာ္။ ဒီအခ်က္ကို သတိထားပါ။

အဝတ္အစား

အဝတ္အစားက တကယ့္ကို အေရးႀကီးပါတယ္။ စၿပီး ျမင္လိုက္တာနဲ႔ ကိုယ့္ရဲ႕အၿပံဳးရယ္ အဝတ္အစားရယ္ကို အရင္ျမင္မွာေလေနာ္။ အဲ့ေတာ့ အဝတ္အစားကို သတိျပဳပါ။ ပထမဆံုး ေန႔ရက္ကို စဥ္းစားလိုက္တုိင္း စိတ္ခ်မ္းေျမ႔စရာေတြပဲ စဥ္းစားမိဖို႔လိုတဲ့အျပင္ အဲ့ရက္က အလွဆံုးအခ်ိန္ေလး ျဖစ္ေနဖုိ႔ လုိပါတယ္။ ေကာင္ေလးဆိုရင္လည္း အဲ့ရက္မွာ အေသသပ္ဆံုး၊ အလွဆံုး ဆုိတာမ်ိဳးေပါ့။

အစားအေသာက္

အစားအေသာက္ေရြးခ်ယ္တဲ့အခါမွာလည္း ဂဏန္းလိုမ်ိဳး ေသခ်ာ ႏႊာၿပီး စားရတာေတြ မေရြးခ်ယ္မိပါေစနဲ႔။ အရမ္းပူတဲ့ အစားအစာေတြလည္း မမွာမိေစနဲ႔ေနာ္။ ေခၽြးေတြထြက္ၿပီး အလွေတြပ်က္ကာ စကားေသခ်ာ မေျပာမိမွာစိုးတာေၾကာင့္ပါ။

အနံ႔

ခံတြင္းနံ႔နဲ႔ ကိုယ္ကရတဲ့ အနံ႔ကိုလည္း အထူးသတိထားပါ။ ပထမဆံုးအႀကိမ္မွာ ရတဲ့ ကိုယ္သင္းနံ႔ကို ေတာ္ေတာ္မ်ားမ်ား မွတ္မိေလ့ ရွိၾကပါတယ္။ အဲဒါေၾကာင့္ အမွတ္ျပည့္ ရေစဖို႔ ကိုယ္သင္းရနံ႔နဲ႔ ခံတြင္းနံ႔ကုိ ေကာင္းေအာင္ ဂရုစိုက္ပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ပထမဆုံးချိန်းတွေ့တဲ့ရက်မှာ အဆင်ပြေချောမွေ့နေပြီး အမှတ်တရ အဖြစ်ဆုံးနေ့လေးတစ်နေ့အဖြစ် ရှိနေဖို့အတွက် Marry က ပြောပြထားတဲ့အချက်တွေကို မမေ့နဲ့နော်။

ကောင်လေး တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ချစ်သူတွေ စဖြစ်ပြီး ပထမဆုံး ချစ်သူအဖြစ် တွေ့ဆုံကြပြီဆိုရင် နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေမှာ သေချာပါတယ်။ ပထမဆုံး ချိန်းတွေ့တဲ့ ရက်မှာ နှစ်ယောက်စလုံး အဆင်ပြေ ချောမွေ့နေပြီး ပိုပြီး စိတ်လှုပ်ရှားအောင်နဲ့ စိတ်မပျက်သွား ဖို့ဆိုတာ သတိထားရမယ့်အချက်လေးတွေ ရှိပါတယ်။

အချိန်

အချိန်ကိုလည်း ထည့်စဉ်းစားနော်။ မနက်ခင်း အစောကြီး တွေ့ဖို့ ချိန်းတာမျိုးဆိုရင် အိပ်ရေးမဝတာ၊ စိတ်မကြည်လင်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် နေအရမ်းပူတဲ့အချိန်ကြီးလည်း မဟုတ်၊ မနက်အစောကြီး မဟုတ်တဲ့ အချိန်ကိုပဲ ချိန်းပါ။ မိန်းကလေးတွေက ပြင်တာ ဆင်တာ အချိန်ပေးရတယ်လေနော်။

နေရာ

ချစ်သူလေးနဲ့ ချိန်းတွေ့တဲ့အခါမှာ နေရာ ရွေးချယ်မှုက အရမ်းကို အရေးကြီးပါတယ်။ Romantic ဖြစ်ပြီး တိတ်ဆိတ်တဲ့နေရာလေး ဖြစ်ဖို့ လိုပါတယ်။ အစားအသောက် ရွေးချယ်စရာ များပြီး  ချိန်းတွေတဲ့အချိန်မှာ စားဖို့ ကိုက်ညီတဲ့ဆိုင်လေး ဖြစ်နေပါစေနော်။ နှစ်ယောက်စလုံးအတွက် သွားရလွယ်ကူပြီး အမှတ်တရ ဖြစ်စေမယ့် နေရာကိုသာ ရွေးချယ်ပါ။

အပြောအဆို

ချစ်သူရှေ့ရောက်ရင်တော့ ကိုယ်က အဆင်ပြေအောင် ပြောဆိုနေထိုင်တတ်ဖို့ လိုတယ်မလားနော်။ ကြင်ကြင်နာနာ ချိုချိုသာသာပဲ ပြောပါ။ သူငယ်ချင်းလိုမျိုး မပြောမိစေနဲ့နော်။ ဒီအချက်ကို သတိထားပါ။

အဝတ်အစား

အဝတ်အစားက တကယ့်ကို အရေးကြီးပါတယ်။ စပြီး မြင်လိုက်တာနဲ့ ကိုယ့်ရဲ့အပြုံးရယ် အဝတ်အစားရယ်ကို အရင်မြင်မှာလေနော်။ အဲ့တော့ အဝတ်အစားကို သတိပြုပါ။ ပထမဆုံး နေ့ရက်ကို စဉ်းစားလိုက်တိုင်း စိတ်ချမ်းမြေ့စရာတွေပဲ စဉ်းစားမိဖို့လိုတဲ့အပြင် အဲ့ရက်က အလှဆုံးအချိန်လေး ဖြစ်နေဖို့ လိုပါတယ်။ ကောင်လေးဆိုရင်လည်း အဲ့ရက်မှာ အသေသပ်ဆုံး၊ အလှဆုံး ဆိုတာမျိုးပေါ့။

အစားအသောက်

အစားအသောက်ရွေးချယ်တဲ့အခါမှာလည်း ဂဏန်းလိုမျိုး သေချာ နွှာပြီး စားရတာတွေ မရွေးချယ်မိပါစေနဲ့။ အရမ်းပူတဲ့ အစားအစာတွေလည်း မမှာမိစေနဲ့နော်။ ချွေးတွေထွက်ပြီး အလှတွေပျက်ကာ စကားသေချာ မပြောမိမှာစိုးတာကြောင့်ပါ။

အနံ့

ခံတွင်းနံ့နဲ့ ကိုယ်ကရတဲ့ အနံ့ကိုလည်း အထူးသတိထားပါ။ ပထမဆုံးအကြိမ်မှာ ရတဲ့ ကိုယ်သင်းနံ့ကို တော်တော်များများ မှတ်မိလေ့ ရှိကြပါတယ်။ အဲဒါကြောင့် အမှတ်ပြည့် ရစေဖို့ ကိုယ်သင်းရနံ့နဲ့ ခံတွင်းနံ့ကို ကောင်းအောင် ဂရုစိုက်ပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top