iMyanmarHouse.com - Best Property Website for Myanmar
×










တယ်။

.



ကျန်းမာရေး

# Unicode Version # ဖြင့် ဖတ်ပါ #


သကြားကြိုက်သူများသတိ။
ကျန်းမာရေး, စားသောက်ဖွယ်, လူမှု့ဘဝ

တရက်လျှင် သကြား တစ်ဇွန်းကို လိုအပ်သည်ထက်ပို၍စားလျှင် တစ်နှစ်ပြည့်သောအခါ သင်၏ ခန္ဓာကိုယ်ထဲတွင် ၃၆၅ ဇွန်းစာမျှသော သကြားများစုမိသွားပါမည်။

ဒီသကြားတွေက အခြားအစားအစာတွေလို ကိုယ်ထဲကပြန်ထွက်မသွားပါ။

ထရိုင်ဂလစ်စရိုက် ဆိုသော အဆီတစ်မျိုးအဖြစ် ကိုယ်ခန္ဓာထဲတွင် ကိန်းအောင်းနေပါတယ်။

ကိုယ်ခန္ဓာ နေရာတကာတွင် စုနေပါတယ်။

သွေးကြော နှလုံး စတဲ့နေရာတွေရဲ့ နံယံတွေမှာလဲတဖြည်းဖြည်း စုပုံလာပါတော့တယ်။

အဲဒီအခါ သွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ သွေးကြောမှသွေးခဲများ ဖြစ်စေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲဟာသွေးစီးကြောင်းမှာ ပါသွားပြီး ဦးနှောက် တွင်းသို့ရောက်လျှင် သွေးကြောပိတ်တတ်ပါ တယ်။ လေဖြတ်တယ်လို့ ခေါ်ကြပါတယ်။

သွေးကြောဆိုတာ ကိုယ်ခန္ဓာ နေရာတကာမှာ ရှိလို့ခန္ဓကိုယ် နေရာတကာမှာ ဖြစ်နိုင်ပါတယ်။

သွေးကြောကိုလဲ ကျဉ်းစေပါတယ်ခြေထောက်မှာ သွေးကြောပိတ်ရင် ခြေထောက် ပုတ်ပါ
တယ်။

နှလုံးမှာ ပိတ်ရင် နှလုံး ရောဂါရပါတယ်။
.
အဲဒီ အဆီတွေကို ခန္ဓာကိုယ်ထဲက ထုတ်ချင်ရင်လမ်းလျှောက်ခြင်း ရေကူးခြင်း စက်ဘီးစီးခြင်း စတဲ့
ချွေးထွက်စေမဲ့ ကိုယ်ကာယ လေ့ကျင်းခန်း တခုခုသော်၎င်း ကာယခွန်အားစိုက်ထုတ်ရတဲ့ အလုပ်ကြမ်းကိုသော်၎င်း လုပ်ရပါတယ်။

အချိုရည်သံဘူး (330ml) တစ်ဘူးလျှင် သကြား ၁၀ ဇွန်းစာမျှ ပါဝင်ပါသည်။

Credit:Original uploader

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top