iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ေရ သဝန္တိုတတ္တဲ့ ခ်စ္သူေလးကို ပိုင္ဆိုင္ထားလား၊ သဝန္တုိတတ္တာက တစ္ဦးနဲ႔တစ္ဦးၾကားမွာ ခ်စ္စရာေလး ဆိုေပမယ့္ အလြန္အကၽြံႀကီး သဝန္တိုလာရင္ေတာ့ အခ်စ္ေရးမွာ အဖုအထစ္ေတြ ျဖစ္လာမွာပါ။

ကိုယ့္ခ်စ္သူေလးက သဝန္တိုတတ္တဲ့သူဆိုရင္ ႀကံဳရမယ့္ အခ်က္ေတြနဲ႔ ေနာက္ၿပီး ဘယ္လိုေျဖရွင္းရမလဲဆိုတာ ႀကိဳတင္သိထားဖုိ႔ လိုပါတယ္။ ဒါမွ အခ်စ္ေရးေလး တည္ျမဲေနမွာေပါ့ေနာ္။

ဘယ္မွ သြားမရတာ

သဝန္တိုတတ္တဲ့ ခ်စ္သူေလးကို ပိုင္ဆိုင္ထားတယ္ဆိုရင္ေတာ့ ေသခ်ာပါတယ္။ ဘယ္ေနရာပဲ သြားသြား စိတ္မခ်တာ၊ ဖုန္းတခ်ိန္လံုး ဆက္တာ၊ ဘယ္အခ်ိန္ ျပန္ရမယ္ လုိ႔ ေျပာတာေတြ ရွိလာမွာပါ။ တစ္ခါတေလ မဟုတ္ဘဲ အျမဲတမ္းဆိုရင္ေတာ့ စိတ္က်ဥ္းၾကပ္စရာေတြ ျဖစ္လာပါၿပီ။ 

ခ်စ္လုိ႔ သဝန္တုိတယ္ဆိုေပမယ့္ အရမ္းခ်ဳပ္ခ်ယ္တယ္လုိ႔ ခံစားလာရရင္ အခ်စ္ေရးမွာ စိတ္ညစ္လာရမွာပါ။ ဒီလိုေတြျဖစ္လာရင္ ကိုယ္မဟုတ္တာ မလုပ္ပါဘူးဆိုိတာ ေသခ်ာ ယံုၾကည္ေအာင္၊ နားလည္ေအာင္ ေျပာျပပါ။

သဝန္တိုလို႔ ျပႆနာေတြ ျဖစ္ရရင္

စံုတြဲေလးတို႔ေရ သဝန္တိုတဲ့ ခ်စ္သူကို ပိုင္ဆိုင္ထားၿပီဆိုရင္ေတာ့ ရန္ျဖစ္ရမွာ ေသခ်ာသေလာက္ပါပဲ။ သဝန္တိုၿပီဆိုရင္ ကိုယ့္ရဲ႕မိတ္ေဆြနဲ႔ စိတ္မခ်တာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ တြဲေနလားလို႔ အေမးခံရတာေတြက ျပႆနာတစ္ရပ္ျဖစ္လာပါၿပီ။ သဝန္တိုတာေတြ မ်ားလာၿပီး ရန္ေတြ ေတာက္ေလွ်ာက္ ျဖစ္ေနၿပီဆိုရင္ေတာ့ အခ်စ္ေရးမွာ အဆင္မေျပတာေတြ ျဖစ္လာမွာပါ။

ရစ္လြန္းတာ

သဝန္တိုတဲ့သူ ေတာ္ေတာ္မ်ားမ်ားမွာ အားသာတဲ့အခ်က္တစ္ခ်က္ကေတာ့ ရစ္လြန္းတာပါ။ နဂိုတည္းကမွ ရစ္တတ္တဲ့အျပင္ သဝန္တိုတာပါ ပါလာရင္ေတာ့ အေၾကာင္းမရွိ အေၾကာင္းရွာၿပီးေတာ့ကို ရစ္ေနမွာပါ။ ကိုယ့္ဘက္က စိတ္ရွည္ရွည္ ေျဖဖို႔နဲ႔ သူ႔ကို စိတ္ရွဳပ္ေနခ်ိန္မွာေတာ့ မရစ္ဖို႔ ႀကိဳတင္ၿပီး ေျပာျပထားဖို႔ လုိပါတယ္။ ရစ္တာေတာ့ရစ္ Limit ေလးေတာ့ ရွိပါေစေပါ့။

ဘာေျပာေျပာမယံုတာ

စံုတြဲေလးတို႔မွာ ေနာက္ထပ္ျဖစ္တဲ့ ျပႆနာ တစ္ခုကေတာ့ သဝန္တိုတတ္တဲ့သူက ဘာေျပာေျပာကို ယံုၾကည္ေလ့ မရွိတာပါ။ ကိုယ့္ခ်စ္သူေလးက သဝန္တုိတတ္တဲ့သူဆိုရင္ေတာ့ အျမဲသံသယေတြ ရွိေနမွာပါ။

ဘယ္ကိစၥမဆို သံသယ မ်က္လံုးေတြနဲ႔ ၾကည့္ၿပီး ဆက္ဆံတာက အခ်စ္ေရးမွာ အေႏွာင့္အယွက္ ျဖစ္ေစတတ္တဲ့ အခ်က္ပါ။ အဲဒီလိုေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ကိုယ္မလိမ္ဘူးဆုိတာက ခပ္တည္တည္နဲ႔ ေျဖရွင္းတတ္ဖုိ႔ လုိပါတယ္။ ဒါမွ ေရရွည္အဆင္ေျပမွာပါ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စုံတွဲလေးတို့ရေ သဝန်တိုတတ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားလား၊ သဝန်တိုတတ်တာက တစ်ဦးနဲ့တစ်ဦးကြားမှာ ချစ်စရာလေး ဆိုပေမယ့် အလွန်အကျွံကြီး သဝန်တိုလာရင်တော့ အချစ်ရေးမှာ အဖုအထစ်တွေ ဖြစ်လာမှာပါ။

ကိုယ့်ချစ်သူလေးက သဝန်တိုတတ်တဲ့သူဆိုရင် ကြုံရမယ့် အချက်တွေနဲ့ နောက်ပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကြိုတင်သိထားဖို့ လိုပါတယ်။ ဒါမှ အချစ်ရေးလေး တည်မြဲနေမှာပေါ့နော်။

ဘယ်မှ သွားမရတာ

သဝန်တိုတတ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သေချာပါတယ်။ ဘယ်နေရာပဲ သွားသွား စိတ်မချတာ၊ ဖုန်းတချိန်လုံး ဆက်တာ၊ ဘယ်အချိန် ပြန်ရမယ် လို့ ပြောတာတွေ ရှိလာမှာပါ။ တစ်ခါတလေ မဟုတ်ဘဲ အမြဲတမ်းဆိုရင်တော့ စိတ်ကျဉ်းကြပ်စရာတွေ ဖြစ်လာပါပြီ။ 

ချစ်လို့ သဝန်တိုတယ်ဆိုပေမယ့် အရမ်းချုပ်ချယ်တယ်လို့ ခံစားလာရရင် အချစ်ရေးမှာ စိတ်ညစ်လာရမှာပါ။ ဒီလိုတွေဖြစ်လာရင် ကိုယ်မဟုတ်တာ မလုပ်ပါဘူးဆိုတာ သေချာ ယုံကြည်အောင်၊ နားလည်အောင် ပြောပြပါ။

သဝန်တိုလို့ ပြဿနာတွေ ဖြစ်ရရင်

စုံတွဲလေးတို့ရေ သဝန်တိုတဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ ရန်ဖြစ်ရမှာ သေချာသလောက်ပါပဲ။ သဝန်တိုပြီဆိုရင် ကိုယ့်ရဲ့မိတ်ဆွေနဲ့ စိတ်မချတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲနေလားလို့ အမေးခံရတာတွေက ပြဿနာတစ်ရပ်ဖြစ်လာပါပြီ။ သဝန်တိုတာတွေ များလာပြီး ရန်တွေ တောက်လျှောက် ဖြစ်နေပြီဆိုရင်တော့ အချစ်ရေးမှာ အဆင်မပြေတာတွေ ဖြစ်လာမှာပါ။

ရစ်လွန်းတာ

သဝန်တိုတဲ့သူ တော်တော်များများမှာ အားသာတဲ့အချက်တစ်ချက်ကတော့ ရစ်လွန်းတာပါ။ နဂိုတည်းကမှ ရစ်တတ်တဲ့အပြင် သဝန်တိုတာပါ ပါလာရင်တော့ အကြောင်းမရှိ အကြောင်းရှာပြီးတော့ကို ရစ်နေမှာပါ။ ကိုယ့်ဘက်က စိတ်ရှည်ရှည် ဖြေဖို့နဲ့ သူ့ကို စိတ်ရှုပ်နေချိန်မှာတော့ မရစ်ဖို့ ကြိုတင်ပြီး ပြောပြထားဖို့ လိုပါတယ်။ ရစ်တာတော့ရစ် Limit လေးတော့ ရှိပါစေပေါ့။

ဘာပြောပြောမယုံတာ

စုံတွဲလေးတို့မှာ နောက်ထပ်ဖြစ်တဲ့ ပြဿနာ တစ်ခုကတော့ သဝန်တိုတတ်တဲ့သူက ဘာပြောပြောကို ယုံကြည်လေ့ မရှိတာပါ။ ကိုယ့်ချစ်သူလေးက သဝန်တိုတတ်တဲ့သူဆိုရင်တော့ အမြဲသံသယတွေ ရှိနေမှာပါ။

ဘယ်ကိစ္စမဆို သံသယ မျက်လုံးတွေနဲ့ ကြည့်ပြီး ဆက်ဆံတာက အချစ်ရေးမှာ အနှောင့်အယှက် ဖြစ်စေတတ်တဲ့ အချက်ပါ။ အဲဒီလိုတွေ ဖြစ်လာပြီဆိုရင်တော့ ကိုယ်မလိမ်ဘူးဆိုတာက ခပ်တည်တည်နဲ့ ဖြေရှင်းတတ်ဖို့ လိုပါတယ်။ ဒါမှ ရေရှည်အဆင်ပြေမှာပါ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top