iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ ၾကားထဲမွာ ကိုယ့္ခ်စ္သူက ကိုယ့္ကို လမ္းခြဲခ်င္ေနၿပီလားဆိုတာ သိခ်င္တယ္ဆိုရင္ေတာ့ သူ႔မွာ ဒီအခ်က္ေလးေတြ ရွိ မရွိ ေစာင့္ၾကည့္ေပးေနာ္။

စံုတြဲေလးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးက ကိုယ့္စိတ္ကူးထဲက အတိုင္းျဖစ္ရဲ႕လား၊ စံုတြဲေလးတို႔ အခ်စ္ေရးမွာ တစ္ခါတေလ အဆင္မေျပတာေတြ ႀကံဳေကာင္းႀကံဳႏိုင္ပါတယ္။ ကိုယ့္ခ်စ္သူေလးက ကို္ယ့္အေပၚမွာ အရင္လို မဟုတ္ေတာ့ဘူးလို႔ ခံစားေနရတယ္ဆိုရင္ေတာ့ ကိုယ့္ခ်စ္သူေလးအေပၚမွာ ဆန္းစစ္တာေတြ လုပ္ဖုိ႔ လိုလာပါၿပီ။ ဘယ္အခ်က္ေတြကို ၾကည့္ရမလဲဆိုတာ ေျပာျပမယ္ေနာ္။
အျပဳအမူေတြ ေအးစက္လာၿပီလား

တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ ခ်စ္ျခင္းေမတၱာေတြ ရွိေနတယ္ဆိုရင္ အျပဳအမူ အေျပာအဆိုေတြက ေႏြးေႏြးေထြးေထြး ရွိေနၿပီးသားပါ။ အဲဒီလို မဟုတ္ဘဲ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ ေအးစက္လာတယ္၊ အေခၚအေျပာေတြ နည္းလာတယ္ဆိုရင္ေတာ့ ဒါဟာ အခ်စ္ေတြ နည္းလာၿပီး လမ္းခြဲျခင္းရဲ႕ အစပါပဲ။

အျပစ္ေတြ ျမင္လာတာ

စံုတြဲေလးတို႔ေရ အရင္က ကိုယ္ဆိုးရင္ေတာင္ သည္းခံတဲ့သူက ကိုယ့္ကို ေနရာတကာ အျပစ္ေတြျမင္လာၿပီဆိုရင္ေတာ့ ဒါဟာ လမ္းခြဲခ်င္လို႔ အေၾကာင္းရွာတာလည္း ျဖစ္ႏိုင္ပါတယ္ေနာ္။ ေသးေသးမႊားမႊားေလးကအစ ျပႆနာေတြ ရွာေနတယ္ဆိုရင္ေတာ့ အခ်စ္ေရးကို ျပန္လည္ စဥ္းစားဖို႔ လိုပါတယ္။ ဒါမွလည္း ညွိႏႈိင္းလို႔ ရတာေတြ ရွိရင္လည္း ညွိႏႈိင္းလို႔ ရမွာပါ။

ေနရတာ မေပ်ာ္ေတာ့တာ

ကိုယ္နဲ႔ အတူတူ ရွိေနဖုိ႔ ျငင္းဆန္လာတာ၊ အလုပ္ေတြ အေၾကာင္းျပၿပီး မေတြ႔ခ်င္တာ အစရွိသလို ေျပာင္းလဲလာသလို ေနရတာ မေပ်ာ္တာမ်ိဳးလည္း ခံစားရလာၿပီဆိုရင္ေတ့ာ ကိုယ္နဲ႔ ေရွ႕ဆက္လက္မတြဲခ်င္တာလည္း ျဖစ္ႏိုင္ပါတယ္။ သူက ကိုယ့္အနားမွာ ေနရတာ မေပ်ာ္ရႊင္ေတာ့ဘူး ဒါမွမဟုတ္ ကိုယ္ကလည္း သူမေပ်ာ္လို႔ လိုက္မေပ်ာ္ေတာ့ဘူး ဆိုရင္ေတာ့ လမ္းခြဲခ်င္ေနၿပီလားဆိုတာ ပြင့္ပြင့္လင္းလင္း ေမးပါ။

ကိုယ္ရင္ဖြင့္တာေတြကို လက္မခံတာ

ကိုယ့္ရဲ႕ အေၾကာင္းအရာေတြ၊ ကိစၥေတြ ေျပာျပတဲ့အခါ အရင္ကလို ဂရုတစိုက္ နားမေထာင္ေတာ့တာ၊ အႀကံဉာဏ္ေပးတာေတြ မရွိေတာ့တဲ့အျပင္ ကိုယ့္ကို အပိုအလုပ္ေတြ လာေျပာျပေနတယ္လုိ႔ ေျပာလာၿပီဆိုရင္ေတာ့ သူ႔ရင္ထဲမွာ ကိုယ္မရွိေနေတာ့ဘူး ဆိုတာ ေသခ်ာသေလာက္ပါပဲ။

သူ႔အေၾကာင္းအရာေတြ အသိမေပးေတာ့တာ

ကိုယ့္ခ်စ္သူက အရင္လိုမ်ိဳး သူ႔အေၾကာင္းအရာေတြ အကုန္လံုး အသိမေပးေတာ့တာကလည္း ကုုိယ္နဲ႔ ေရွ႕ဆက္ၿပီး မပတ္သက္ခ်င္ေတ့ာဘူးဆိုတဲ့သေဘာပါပဲ။ ႏွစ္ေယာက္ၾကားမွာ အသိေပးတိုင္ပင္စရာေတြ မလိုေတာ့ဘူးလို႔ ဆံုးျဖတ္ထားတာမ်ိဳး ဆိုရင္ေတာ့ အခ်စ္ေရးကို ျပန္လည္စဥ္းစားသင့္ပါၿပီေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စုံတွဲလေးတို့ ကြားထဲမှာ ကိုယ့်ချစ်သူက ကိုယ့်ကို လမ်းခွဲချင်နေပြီလားဆိုတာ သိချင်တယ်ဆိုရင်တော့ သူ့မှာ ဒီအချက်လေးတွေ ရှိ မရှိ စောင့်ကြည့်ပေးနော်။

စုံတွဲလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ကိုယ့်စိတ်ကူးထဲက အတိုင်းဖြစ်ရဲ့လား၊ စုံတွဲလေးတို့ အချစ်ရေးမှာ တစ်ခါတလေ အဆင်မပြေတာတွေ ကြုံကောင်းကြုံနိုင်ပါတယ်။ ကိုယ့်ချစ်သူလေးက ကိုယ့်အပေါ်မှာ အရင်လို မဟုတ်တော့ဘူးလို့ ခံစားနေရတယ်ဆိုရင်တော့ ကိုယ့်ချစ်သူလေးအပေါ်မှာ ဆန်းစစ်တာတွေ လုပ်ဖို့ လိုလာပါပြီ။ ဘယ်အချက်တွေကို ကြည့်ရမလဲဆိုတာ ပြောပြမယ်နော်။
အပြုအမူတွေ အေးစက်လာပြီလား

တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ချစ်ခြင်းမေတ္တာတွေ ရှိနေတယ်ဆိုရင် အပြုအမူ အပြောအဆိုတွေက နွေးနွေးထွေးထွေး ရှိနေပြီးသားပါ။ အဲဒီလို မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အေးစက်လာတယ်၊ အခေါ်အပြောတွေ နည်းလာတယ်ဆိုရင်တော့ ဒါဟာ အချစ်တွေ နည်းလာပြီး လမ်းခွဲခြင်းရဲ့ အစပါပဲ။

အပြစ်တွေ မြင်လာတာ

စုံတွဲလေးတို့ရေ အရင်က ကိုယ်ဆိုးရင်တောင် သည်းခံတဲ့သူက ကိုယ့်ကို နေရာတကာ အပြစ်တွေမြင်လာပြီဆိုရင်တော့ ဒါဟာ လမ်းခွဲချင်လို့ အကြောင်းရှာတာလည်း ဖြစ်နိုင်ပါတယ်နော်။ သေးသေးမွှားမွှားလေးကအစ ပြဿနာတွေ ရှာနေတယ်ဆိုရင်တော့ အချစ်ရေးကို ပြန်လည် စဉ်းစားဖို့ လိုပါတယ်။ ဒါမှလည်း ညှိနှိုင်းလို့ ရတာတွေ ရှိရင်လည်း ညှိနှိုင်းလို့ ရမှာပါ။

နေရတာ မပျော်တော့တာ

ကိုယ်နဲ့ အတူတူ ရှိနေဖို့ ငြင်းဆန်လာတာ၊ အလုပ်တွေ အကြောင်းပြပြီး မတွေ့ချင်တာ အစရှိသလို ပြောင်းလဲလာသလို နေရတာ မပျော်တာမျိုးလည်း ခံစားရလာပြီဆိုရင်တေ့ာ ကိုယ်နဲ့ ရှေ့ဆက်လက်မတွဲချင်တာလည်း ဖြစ်နိုင်ပါတယ်။ သူက ကိုယ့်အနားမှာ နေရတာ မပျော်ရွှင်တော့ဘူး ဒါမှမဟုတ် ကိုယ်ကလည်း သူမပျော်လို့ လိုက်မပျော်တော့ဘူး ဆိုရင်တော့ လမ်းခွဲချင်နေပြီလားဆိုတာ ပွင့်ပွင့်လင်းလင်း မေးပါ။

ကိုယ်ရင်ဖွင့်တာတွေကို လက်မခံတာ

ကိုယ့်ရဲ့ အကြောင်းအရာတွေ၊ ကိစ္စတွေ ပြောပြတဲ့အခါ အရင်ကလို ဂရုတစိုက် နားမထောင်တော့တာ၊ အကြံဉာဏ်ပေးတာတွေ မရှိတော့တဲ့အပြင် ကိုယ့်ကို အပိုအလုပ်တွေ လာပြောပြနေတယ်လို့ ပြောလာပြီဆိုရင်တော့ သူ့ရင်ထဲမှာ ကိုယ်မရှိနေတော့ဘူး ဆိုတာ သေချာသလောက်ပါပဲ။

သူ့အကြောင်းအရာတွေ အသိမပေးတော့တာ

ကိုယ့်ချစ်သူက အရင်လိုမျိုး သူ့အကြောင်းအရာတွေ အကုန်လုံး အသိမပေးတော့တာကလည်း ကိုယ်နဲ့ ရှေ့ဆက်ပြီး မပတ်သက်ချင်တေ့ာဘူးဆိုတဲ့သဘောပါပဲ။ နှစ်ယောက်ကြားမှာ အသိပေးတိုင်ပင်စရာတွေ မလိုတော့ဘူးလို့ ဆုံးဖြတ်ထားတာမျိုး ဆိုရင်တော့ အချစ်ရေးကို ပြန်လည်စဉ်းစားသင့်ပါပြီနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top