iMyanmarHouse.com - Best Property Website for Myanmar
×
၁။ အေသွေး
.
၂။ အေဘီသွေး
.
၃။ အိုသွေး
.
၎။ ဘီသွေး
# Unicode Version # ဖြင့် ဖတ်ပါ #
သင့်ကိုယ်သင်အရင်စဉ်းစားကြည့်လိုက်နော်။အသန့်ကြိုက်တဲ့ထဲပါသလားဆိုတာကိုပါ။ အသန့်ကြိုက်တယ်ဆိုတာက ကိုယ်နေတဲ့အိမ် (သို့မဟုတ်) အခန်း စတာတွေကို သန့်ရှင်း ရေးလုပ်ရတာ ဝါသနာပါ/ မပါဆိုတာကိုဆိုလိုတာပါနော။ စဉ်းစားပြီးပြီဆိုရင် ဟုတ်/မဟုတ်ကြည့်လိုက်ရအောင်။
၁။ အေသွေး
အေသွေးများဟာ အင်မတန်ကိုမှ အသန့်ကြိုက်ပါတယ်။ အခန်းတွင်းသန့်ရှင်း ရေးဟာ သူ့အတွက်ကတော့ တာဝန်တစ်ခုအနေနဲ့ကိုယူဆထားသူများဖြစ်ပါတယ်။ သုံးပြီးတဲ့ ပစ္စည်းတွေ နေရာတကျပြန်ထားတတ်သလို အခြားသူများ သုံးပြီးနေရာ တကျပြန်မထားရင် စိတ်ဆိုးတတ်ပါတယ်။
.
၂။ အေဘီသွေး
အေဘီသွေးများရဲ့ လူနေမှုအဆင့်အတန်းတစ်ခုကိုအလေးထားသူများဖြစ်လို့ သန့်ရှင်းရေးကို အလေးထားတတ်ပါတယ်။ မလိုတဲ့ပစ္စည်းများကိုလည်း ချက်ခြင်း မပစ်တတ်ပဲ နောင်တစ်ချိန်လိုအပ်နိုင်တယ်ဆိုပြီးသိမ်းဆည်းထားတတ်သူများ လည်း ဖြစ်ပါတယ်။
.
၃။ အိုသွေး
အိုသွေးများဟာ အချိန်သတ်မှတ်ပြီး သန့်ရှင်းရေးကို ပြုလုပ်လေ့ရှိပါတယ်။ သတ်မှတ်ထားတဲ့နေ့ သတ်မှတ်ထားတဲ့အချိန်မှာသာ ရှင်းစရာရှိတာများကို အပြီးအပြတ် ရှင်းတတ်ပါတယ်။ပစ္စည်းအသေးအမွှားလေးတွေ ဘယ်နားထားရမလဲမသိရင် ဘီဒိုတစ်ခု သို့မဟုတ် အံဆွဲတစ်ခုထဲ စုပြုံပြီးထည့်ထားတတ်ပါတယ်။
.
၄။ ဘီသွေး
ဘီသွေးတွေက သန့်ရှင်းရေးမလုပ်လည်းနေလို့ရတာပဲဆိုပြီး တွေးတတ်သူများပါ။ သန့်ရှင်းရေးကို မဖြစ်မနေလုပ်ရမယ်ဆိုတော့မှ လုပ်လေ့ရှိပါတယ်။ သန့်ရှင်းရေးလုပ်ရမှာ အပျင်းထူသူတွေပေါ့။
Credit:Opinion Leaders Media | Facebook
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top