iMyanmarHouse.com - Best Property Website for Myanmar
×


ဖေနာင့္ အတက္ ထြက္တယ္ဆိုတာ ဖေနာင့္ အ႐ိုးမွာ ကယ္လ္စီယမ္ အနည္ထိုင္ လို႔ ျဖစ္ရတယ္။ အမွန္ေတာ့ ပ်က္စီးမႈကို ျပဳျပင္ဖို႔ ခႏၶာကိုယ္ က ကယ္လ္စီယမ္ ေတြထုတ္ေပးရတာပါ။ ဖေနာင့္႐ိုး(calcaneus)မွာ ကယ္လ္စီယမ္ေတြ စုပုံရာကေန ေသးငယ္တဲ့ အ႐ိုးအတက္ျဖစ္လာပါတယ္။

အဲလိုအ႐ိုးအတက္ကို Heel spurs(သို႔)osteophytesလို႔ ေခၚပါတယ္။ လူအမ်ားစုမွာ ျဖစ္ႏိုင္ေပမယ့္ လကၡဏာ ရပ္မျပလို႔ မသိၾကသူက မ်ားတယ္။ အကယ္၍ ဖေနာင့္႐ိုး(calcaneus)နဲ႔ ေျခဖဝါး႐ိုး(metatarsal bones)ကို ဆက္သြယ္ထားတဲ့ plantar fascia အ႐ြတ္ေရာင္တဲ့အခါ ဖေနာင့္ေနရာကေန စတင္နာက်င္လာပါတယ္။

တခ်ိဳ႕က အ႐ိုး အတက္ေၾကာင့္ လို႔ ထင္မွတ္မွားၾကတယ္။ အမွန္က အ႐ြတ္ေရာင္ျခင္းေၾကာင့္ တြယ္ဆက္ထားတဲ့ ဖေနာင့္ ေနရာက နာက်င္ လာတာ ျဖစ္ပါတယ္။ ဒီလို အ႐ြတ္ေရာင္ တာမ်ိဳးကို plantar fasciitis လို႔ ေခၚပါတယ္။ ဓာတ္မွန္႐ိုက္ၾကည့္တဲ့အခါ အတက္ ထြက္တာ ရွိႏိုင္ေပမယ့္ ေျခဖေနာင့္ကေတာ့ နာေကာင္းမွနာလိမ့္မယ္။

ဘယ္သူေတြ ျဖစ္သလဲ

ဖေနာင့္ အတက္ ထြက္တာဟာ အသက္အ႐ြယ္၊အခ်ိန္မေ႐ြးျဖစ္ႏိုင္တယ္။ဝတဲ့သူေတြ၊ အမ်ိဳးသမီး ေတြမွာ ပိုျဖစ္တယ္။ ေတာင္ေပၚေဒသေနထိုင္သူ၊ ေဒါက္ျမင့္ဖိနပ္စီးသူေတြ၊ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး ေတြလည္း အျဖစ္မ်ားၾကတယ္။

အားကစားသမားေတြ၊အေၾကာမေလွ်ာ့မိပဲ ေလ့က်င့္ခန္း လုပ္တဲ့သူေတြမွာ ျဖစ္ၾကတယ္။ အမွန္ေတာ့ ေျခေထာက္ မွာသာမက ကုတ္၊ေက်ာ၊ခါး စတဲ့ေနရာေတြမွာလည္း အတက္ထြက္ႏိုင္ပါတယ္။ ေျခေထာက္႐ိုးက ေန႔စဥ္ ပြတ္တိုက္ပါမ်ားလာတဲ့အခါ အ႐ိုးေတြစားလာၿပီး ခႏၶာကိုယ္ က ျပန္လည္ျပဳျပင္ဖို႔ လုပ္ေဆာင္ရပါတယ္။

ဒီလိုနဲ႔ ထိခိုက္တဲ့အ႐ိုးေနရာကို ကယ္လ္စီယမ္ေတြ စုပုံလာၿပီး အ႐ိုးအတက္(osteoblasts) ထြက္လာပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ အေရျပားကို ဖေနာင့္အတက္က သြားဖိလို႔နာတာမ်ိဳးလို႔ ထင္ၾကပါတယ္။

အမွန္က ေျခဖဝါး ပတ္ဝန္းက်င္ တစ္ရွဴးေတြ ေရာင္ရမ္းမႈေၾကာင့္ ဖေနာင့္ေနရာကစတင္ နာက်င္လာတာ ျဖစ္ပါတယ္။ ေနာက္တခုက ဖေနာင့္အတက္ေနရာမွာ တြယ္ဆက္တစ္ရွဴးသစ္(new fibrous tissue)ေတြက အာ႐ုံေၾကာေတြကို သြားဖိလို႔လည္း ျဖစ္ႏိုင္ပါတယ္။

လကၡဏာရပ္မ်ား

ဖေနာင့္အတက္ထြက္သူတိုင္း လကၡဏာေတြ မျပၾကပါဘူး။ အမ်ားစုဟာ လမ္းေလွ်ာက္ တဲ့အခါ ဖေနာင့္နာတဲ့လကၡဏာကို စတင္ခံစားရတယ္။ေျခဖဝါးႂကြက္သားေတြ အခ်ိန္ၾကာၿငိမ္ေနရာက စတင္လႈပ္ရွားတာနဲ႔ နာက်င္လာတယ္။

ဖေနာင့္ေနရာက လမ္းစေလွ်ာက္တဲ့အခ်ိန္မွာ ခပ္စူးစူးနာတယ္။ နီတယ္။ ေရာင္တယ္။ ဒီလိုျဖစ္ရင္ ဖေနာင့္ အတက္ ထြက္လို႔ျဖစ္ႏိုင္တယ္။ ေသခ်ာေအာင္ ဆရာဝန္က ေျခေထာက္ဓာတ္မွန္႐ိုက္ခိုင္းမယ္။ဖေနာင့္အတက္ထြက္ရင္ ဆရာဝန္ နဲ႔ ျပၿပီး လိုအပ္တဲ့ ကုသမႈမ်ိဳး ျပဳလုပ္ရတယ္။

ကုသနည္းမ်ား

ေျခဖေနာင့္အတက္ထြက္တဲ့အခါ အလြယ္ဆုံးနည္းက ေရခဲ ကပ္ေပးတာ ျဖစ္တယ္။
အတက္ထြက္တဲ့ ေျခဖေနာင့္ ကို ေရခဲ ဝတ္ တင္ေပးႏိုင္တယ္။ တခါလုပ္ရင္ ၁၅မိနစ္ တေန႔(၃)ႀကိမ္ ျပဳလုပ္ေပးပါ။ plantar fascia အ႐ြတ္ေၾကာေရာင္ရမ္းတဲ့အခါမ်ိဳးမွာ ေရခဲ ေရပုလင္းကို ေျခဖဝါးေအာက္ထားၿပီး လွိမ့္ေပးရင္ သိသိသာသာ သက္သာလာပါတယ္။

 သိပ္မသက္သာရင္ အကိုက္အခဲေပ်ာက္ေဆး တမ်ိဳးမ်ိဳး(ibuprofen or naproxen) ေသာက္ေပးပါ။ လိုအပ္ရင္ plantar fascia ေရာင္ရမ္းတာအတြက္ စတီး႐ြိဳက္ေဆးထိုးေပးႏိုင္ပါတယ္။တခ်ိဳ႕က ထုံေဆးပါေရာထိုးေပးရတယ္။ အေၾကာေလွ်ာ့ေအာင္ Botox ကိုလည္း ထိုးၾကတယ္။ဒါမွမရေသးရင္ ေနာက္ဆုံးအေနနဲ႔ ခြဲစိတ္ျပဳျပင္ရတယ္။

ကာကြယ္ျခင္း

အဝမလြန္ေအာင္ ဝိတ္ထိန္းပါ။ အေပါ့စားေလ့က်င့္ခန္း ေန႔စဥ္ျပဳလုပ္ပါ။ ေလ့က်င့္ခန္းမလုပ္ခင္ အေၾကာေလွ်ာ့ပါ။ အိပ္ရာထ လမ္းေလွ်ာက္ခင္ ေျခဖဝါးကို အေပၚလွန္တဲ့ ေျခဖေနာင့္ေလ့က်င့္ခန္း အရင္လုပ္ပါ။

ဖိနပ္စီးတဲ့အခါ ကိုယ္နဲ႔သင့္ေတာ္မယ့္ ဖိနပ္မ်ိဳး ေ႐ြးစီးပါ။ ႀကိဳးသိုင္းဖိနပ္၊canvasဖိနပ္မ်ိဳး မစီးပါနဲ႔။ ေျမႀကီးနဲ႔ တိုက္႐ိုက္မထိေအာင္ ေျခခုံျမင့္တာမ်ိဳးကို ေ႐ြးစီးသင့္တယ္။ ေျခေထာက္အ႐ြယ္အစားနဲ႔ ကိုက္ညီတဲ့ဖိနပ္ျဖစ္ဖို႔လည္း လိုတယ္။

ညဖက္အိပ္တဲ့အခါ က်ပ္စီးတဲ့စရာ ပစၥည္း(Night splint)တခုခု ဝတ္ဆင္ၿပီးမွ အိပ္စက္ပါ။ ဥပမာ-L ပုံစံ ဖိုက္ဘာ ဖေနာင့္အခံကို ဝတ္ၿပီး အိပ္သင့္တယ္။ ၿပီးရင္ ပတ္တီးတခုခုနဲ႔ က်ပ္စီးပါ။

အစားအေသာက္ေတြထဲမွာ အသီးအ႐ြက္မ်ားမ်ားစားပါ။ လက္ဖက္စိမ္းရည္ကို ေနစဥ္ ပုံမွန္ေသာက္ေပးပါ။ Alfalfa leavesက ေရာင္ရမ္းမႈကိုက်ဆင္းေစၿပီး ခုခံအားတက္ေစတယ္။ ေန႔စဥ္ေသာက္သုံးျခင္းျဖင့္ ေျခဖေနာင့္အတက္ မျဖစ္ပြားေအာင္ ကာကြယ္ေပးသတဲ့။

အိုမီဂါ သရီးပါဝင္တဲ့ ငါးႀကီးဆီ အားေဆးေတြက ေရာင္ရမ္းမႈနဲ႔ နာက်င္ျခင္းကို သိသိသာသာသက္သာေစတယ္။ တေန႔၂-၃ႀကိမ္ထိ ေသာက္ႏိုင္တယ္။ vitamin B12 ခ်ိဳ႕တဲ့ျခင္းက အ႐ိုးေရာဂါ ေတြကို ျဖစ္ေပၚေစတယ္။ ဖေနာင့္အတက္သက္သာေစဖို႔ ငါး၊အသည္းနဲ႔ ဗီတာမင္ဘီတြဲအားေဆးကို ျဖည့္ဆည္းသင့္ပါတယ္။

သဘာဝနည္းလမ္းမ်ား

-သဘာဝေဆးနည္းက နႏြင္းနဲ႔ ဂ်င္းကို အသုံးခ်ရတာျဖစ္ပါတယ္။ အေရာင္က်ေစတဲ့ အာနိသင္ရွိတယ္။ ျဖစ္တဲ့ေျခဖေနာင့္ကို ေသခ်ာပြတ္လိမ္းေပးပါ။ ဂ်င္းေဆးျပား 500mg တေနသုံးႀကိမ္(သို႔) နႏြင္းေဆး400mg ေန႔စဥ္ တိုက္ေကြၽးႏိုင္ပါတယ္။

-အုန္းဆီ(သို႔) သံလြင္ဆီ(သို႔)ႏွမ္းၾကတ္ဆီကို အပူအနည္းငယ္ေပး၍ ေျခဖေနာင့္ေပၚတြင္ ႏွိပ္နယ္ေပးပါ။ ႂကြက္သားေတြ ေျပေလွ်ာ့ေစၿပီး ေရာင္ရမ္း နာက်င္မႈကို သက္သာေစတာ ေတြ႕ရတယ္။

-ေဂၚဖီ႐ြက္ကို ေရေႏြးနဲ႔ျပဳတ္ၿပီး အဖတ္ကို အဝတ္စည္း၊ေျခဖေနာင့္ကို ဖိအုံေပးပါ။ မုန႔္ညႇင္းေစ့ကို ေထာင္းၿပီးလည္း အုံေပးႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္ အႏွစ္ကိုသုံးၿပီး ႏွိပ္ေပးႏိုင္တယ္။ ေရာင္ရမ္းမႈသက္သာေအာင္ ေျခဖေနာင့္ကို ညင္သာစြာ ႏွိပ္နယ္ေပးပါ။

-ေရခပ္ေႏြးေႏြးထဲကို Epsom salt(magnesium sulfate) တဇြန္းခန႔္ထည့္ၿပီး ေရခ်ိဳးပါ။ ေရာင္ရမ္းျခင္းကို သက္သာေစမယ္။တင္လဲရည္ထဲကို ဆိုဒါမႈန႔္နဲ႔ apple cider vinegarထည့္ၿပီး ေရာေပးရင္ အလႊာပါးတခုျဖစ္လာတယ္။ အဲဒီအလႊာပါးကို ဖုံးေပးရင္ ေျခဖေနာင့္အတက္ထြက္သူေတြမွာ အက်ိဳးမ်ားတယ္။

-Borax solution ဆိုတာလည္း သုံးတယ္။ ကလိုရင္းခပ္ထားတဲ့ေရကို boraxနဲ႔ ေရာစပ္ေပးရပါတယ္။ ရလာတဲ့ Borax solutionကို ေရေႏြးနဲ႔ေရာၿပီး ေျခဖဝါးကို စိမ္ေပးပါ။ မၾကာခင္ သက္သာလာတာ ေတြ႕ရပါလိမ့္မယ္။

Credit:ေဒါက္တာ ေအးမင္းထူး

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ဖနောင့် အတက် ထွက်တယ်ဆိုတာ ဖနောင့် အရိုးမှာ ကယ်လ်စီယမ် အနည်ထိုင် လို့ ဖြစ်ရတယ်။ အမှန်တော့ ပျက်စီးမှုကို ပြုပြင်ဖို့ ခန္ဓာကိုယ် က ကယ်လ်စီယမ် တွေထုတ်ပေးရတာပါ။ ဖနောင့်ရိုး(calcaneus)မှာ ကယ်လ်စီယမ်တွေ စုပုံရာကနေ သေးငယ်တဲ့ အရိုးအတက်ဖြစ်လာပါတယ်။

အဲလိုအရိုးအတက်ကို Heel spurs(သို့)osteophytesလို့ ခေါ်ပါတယ်။ လူအများစုမှာ ဖြစ်နိုင်ပေမယ့် လက္ခဏာ ရပ်မပြလို့ မသိကြသူက များတယ်။ အကယ်၍ ဖနောင့်ရိုး(calcaneus)နဲ့ ခြေဖဝါးရိုး(metatarsal bones)ကို ဆက်သွယ်ထားတဲ့ plantar fascia အရွတ်ရောင်တဲ့အခါ ဖနောင့်နေရာကနေ စတင်နာကျင်လာပါတယ်။

တချို့က အရိုး အတက်ကြောင့် လို့ ထင်မှတ်မှားကြတယ်။ အမှန်က အရွတ်ရောင်ခြင်းကြောင့် တွယ်ဆက်ထားတဲ့ ဖနောင့် နေရာက နာကျင် လာတာ ဖြစ်ပါတယ်။ ဒီလို အရွတ်ရောင် တာမျိုးကို plantar fasciitis လို့ ခေါ်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အတက် ထွက်တာ ရှိနိုင်ပေမယ့် ခြေဖနောင့်ကတော့ နာကောင်းမှနာလိမ့်မယ်။

ဘယ်သူတွေ ဖြစ်သလဲ

ဖနောင့် အတက် ထွက်တာဟာ အသက်အရွယ်၊အချိန်မရွေးဖြစ်နိုင်တယ်။ဝတဲ့သူတွေ၊ အမျိုးသမီး တွေမှာ ပိုဖြစ်တယ်။ တောင်ပေါ်ဒေသနေထိုင်သူ၊ ဒေါက်မြင့်ဖိနပ်စီးသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေလည်း အဖြစ်များကြတယ်။

အားကစားသမားတွေ၊အကြောမလျှော့မိပဲ လေ့ကျင့်ခန်း လုပ်တဲ့သူတွေမှာ ဖြစ်ကြတယ်။ အမှန်တော့ ခြေထောက် မှာသာမက ကုတ်၊ကျော၊ခါး စတဲ့နေရာတွေမှာလည်း အတက်ထွက်နိုင်ပါတယ်။ ခြေထောက်ရိုးက နေ့စဉ် ပွတ်တိုက်ပါများလာတဲ့အခါ အရိုးတွေစားလာပြီး ခန္ဓာကိုယ် က ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ရပါတယ်။

ဒီလိုနဲ့ ထိခိုက်တဲ့အရိုးနေရာကို ကယ်လ်စီယမ်တွေ စုပုံလာပြီး အရိုးအတက်(osteoblasts) ထွက်လာပါတယ်။ လူတော်တော်များများကတော့ အရေပြားကို ဖနောင့်အတက်က သွားဖိလို့နာတာမျိုးလို့ ထင်ကြပါတယ်။

အမှန်က ခြေဖဝါး ပတ်ဝန်းကျင် တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် ဖနောင့်နေရာကစတင် နာကျင်လာတာ ဖြစ်ပါတယ်။ နောက်တခုက ဖနောင့်အတက်နေရာမှာ တွယ်ဆက်တစ်ရှူးသစ်(new fibrous tissue)တွေက အာရုံကြောတွေကို သွားဖိလို့လည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာရပ်များ

ဖနောင့်အတက်ထွက်သူတိုင်း လက္ခဏာတွေ မပြကြပါဘူး။ အများစုဟာ လမ်းလျှောက် တဲ့အခါ ဖနောင့်နာတဲ့လက္ခဏာကို စတင်ခံစားရတယ်။ခြေဖဝါးကြွက်သားတွေ အချိန်ကြာငြိမ်နေရာက စတင်လှုပ်ရှားတာနဲ့ နာကျင်လာတယ်။

ဖနောင့်နေရာက လမ်းစလျှောက်တဲ့အချိန်မှာ ခပ်စူးစူးနာတယ်။ နီတယ်။ ရောင်တယ်။ ဒီလိုဖြစ်ရင် ဖနောင့် အတက် ထွက်လို့ဖြစ်နိုင်တယ်။ သေချာအောင် ဆရာဝန်က ခြေထောက်ဓာတ်မှန်ရိုက်ခိုင်းမယ်။ဖနောင့်အတက်ထွက်ရင် ဆရာဝန် နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုမျိုး ပြုလုပ်ရတယ်။

ကုသနည်းများ

ခြေဖနောင့်အတက်ထွက်တဲ့အခါ အလွယ်ဆုံးနည်းက ရေခဲ ကပ်ပေးတာ ဖြစ်တယ်။
အတက်ထွက်တဲ့ ခြေဖနောင့် ကို ရေခဲ ဝတ် တင်ပေးနိုင်တယ်။ တခါလုပ်ရင် ၁၅မိနစ် တနေ့(၃)ကြိမ် ပြုလုပ်ပေးပါ။ plantar fascia အရွတ်ကြောရောင်ရမ်းတဲ့အခါမျိုးမှာ ရေခဲ ရေပုလင်းကို ခြေဖဝါးအောက်ထားပြီး လှိမ့်ပေးရင် သိသိသာသာ သက်သာလာပါတယ်။

 သိပ်မသက်သာရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး(ibuprofen or naproxen) သောက်ပေးပါ။ လိုအပ်ရင် plantar fascia ရောင်ရမ်းတာအတွက် စတီးရွိုက်ဆေးထိုးပေးနိုင်ပါတယ်။တချို့က ထုံဆေးပါရောထိုးပေးရတယ်။ အကြောလျှော့အောင် Botox ကိုလည်း ထိုးကြတယ်။ဒါမှမရသေးရင် နောက်ဆုံးအနေနဲ့ ခွဲစိတ်ပြုပြင်ရတယ်။

ကာကွယ်ခြင်း

အဝမလွန်အောင် ဝိတ်ထိန်းပါ။ အပေါ့စားလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ပါ။ အိပ်ရာထ လမ်းလျှောက်ခင် ခြေဖဝါးကို အပေါ်လှန်တဲ့ ခြေဖနောင့်လေ့ကျင့်ခန်း အရင်လုပ်ပါ။

ဖိနပ်စီးတဲ့အခါ ကိုယ်နဲ့သင့်တော်မယ့် ဖိနပ်မျိုး ရွေးစီးပါ။ ကြိုးသိုင်းဖိနပ်၊canvasဖိနပ်မျိုး မစီးပါနဲ့။ မြေကြီးနဲ့ တိုက်ရိုက်မထိအောင် ခြေခုံမြင့်တာမျိုးကို ရွေးစီးသင့်တယ်။ ခြေထောက်အရွယ်အစားနဲ့ ကိုက်ညီတဲ့ဖိနပ်ဖြစ်ဖို့လည်း လိုတယ်။

ညဖက်အိပ်တဲ့အခါ ကျပ်စီးတဲ့စရာ ပစ္စည်း(Night splint)တခုခု ဝတ်ဆင်ပြီးမှ အိပ်စက်ပါ။ ဥပမာ-L ပုံစံ ဖိုက်ဘာ ဖနောင့်အခံကို ဝတ်ပြီး အိပ်သင့်တယ်။ ပြီးရင် ပတ်တီးတခုခုနဲ့ ကျပ်စီးပါ။

အစားအသောက်တွေထဲမှာ အသီးအရွက်များများစားပါ။ လက်ဖက်စိမ်းရည်ကို နေစဉ် ပုံမှန်သောက်ပေးပါ။ Alfalfa leavesက ရောင်ရမ်းမှုကိုကျဆင်းစေပြီး ခုခံအားတက်စေတယ်။ နေ့စဉ်သောက်သုံးခြင်းဖြင့် ခြေဖနောင့်အတက် မဖြစ်ပွားအောင် ကာကွယ်ပေးသတဲ့။

အိုမီဂါ သရီးပါဝင်တဲ့ ငါးကြီးဆီ အားဆေးတွေက ရောင်ရမ်းမှုနဲ့ နာကျင်ခြင်းကို သိသိသာသာသက်သာစေတယ်။ တနေ့၂-၃ကြိမ်ထိ သောက်နိုင်တယ်။ vitamin B12 ချို့တဲ့ခြင်းက အရိုးရောဂါ တွေကို ဖြစ်ပေါ်စေတယ်။ ဖနောင့်အတက်သက်သာစေဖို့ ငါး၊အသည်းနဲ့ ဗီတာမင်ဘီတွဲအားဆေးကို ဖြည့်ဆည်းသင့်ပါတယ်။

သဘာဝနည်းလမ်းများ

-သဘာဝဆေးနည်းက နနွင်းနဲ့ ဂျင်းကို အသုံးချရတာဖြစ်ပါတယ်။ အရောင်ကျစေတဲ့ အာနိသင်ရှိတယ်။ ဖြစ်တဲ့ခြေဖနောင့်ကို သေချာပွတ်လိမ်းပေးပါ။ ဂျင်းဆေးပြား 500mg တနေသုံးကြိမ်(သို့) နနွင်းဆေး400mg နေ့စဉ် တိုက်ကျွေးနိုင်ပါတယ်။

-အုန်းဆီ(သို့) သံလွင်ဆီ(သို့)နှမ်းကြတ်ဆီကို အပူအနည်းငယ်ပေး၍ ခြေဖနောင့်ပေါ်တွင် နှိပ်နယ်ပေးပါ။ ကြွက်သားတွေ ပြေလျှော့စေပြီး ရောင်ရမ်း နာကျင်မှုကို သက်သာစေတာ တွေ့ရတယ်။

-ဂေါ်ဖီရွက်ကို ရေနွေးနဲ့ပြုတ်ပြီး အဖတ်ကို အဝတ်စည်း၊ခြေဖနောင့်ကို ဖိအုံပေးပါ။ မုန့်ညှင်းစေ့ကို ထောင်းပြီးလည်း အုံပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကိုသုံးပြီး နှိပ်ပေးနိုင်တယ်။ ရောင်ရမ်းမှုသက်သာအောင် ခြေဖနောင့်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။

-ရေခပ်နွေးနွေးထဲကို Epsom salt(magnesium sulfate) တဇွန်းခန့်ထည့်ပြီး ရေချိုးပါ။ ရောင်ရမ်းခြင်းကို သက်သာစေမယ်။တင်လဲရည်ထဲကို ဆိုဒါမှုန့်နဲ့ apple cider vinegarထည့်ပြီး ရောပေးရင် အလွှာပါးတခုဖြစ်လာတယ်။ အဲဒီအလွှာပါးကို ဖုံးပေးရင် ခြေဖနောင့်အတက်ထွက်သူတွေမှာ အကျိုးများတယ်။

-Borax solution ဆိုတာလည်း သုံးတယ်။ ကလိုရင်းခပ်ထားတဲ့ရေကို boraxနဲ့ ရောစပ်ပေးရပါတယ်။ ရလာတဲ့ Borax solutionကို ရေနွေးနဲ့ရောပြီး ခြေဖဝါးကို စိမ်ပေးပါ။ မကြာခင် သက်သာလာတာ တွေ့ရပါလိမ့်မယ်။

Credit:ဒေါက်တာ အေးမင်းထူး

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top