iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ငါးစားခြင်း
၂။ ရေနွေးအိတ်သုံးခြင်း
ရေနွေးအိတ်များကို အဆိပ်အတောက်ဖြစ်စေသော ပလတ်စတစ်မျိုးနှင့် ပြုလုပ်ထားခြင်းကြောင့် ကြာရှည်အသုံးပြုပါက သင့်ကို ကင်ဆာရောဂါများ၊ ဦးနှောက်မှတ်ဥာဏ် ပျက်ဆီးမှုနှင့် အခြားဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။
၃။ သွားကြားထိုးခြင်း
ကျန်းမာရေး
# Unicode Version # ဖြင့် ဖတ်ပါ #
၁။ ငါးစားခြင်း
အချို့ငါးများ၏ ခန္ဓာကိုယ်ထဲတွင် မာကျူရီများရှိနိုင်ပါတယ်။ အကြောင်းကတော့ အချို့မွေးမြူရေးငါးများကို ပိုးသတ်ဆေးသုံးထားသောကြောင့် နေ့စဉ်စားသုံးမိပါက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၂။ ရေနွေးအိတ်သုံးခြင်း
ရေနွေးအိတ်များကို အဆိပ်အတောက်ဖြစ်စေသော ပလတ်စတစ်မျိုးနှင့် ပြုလုပ်ထားခြင်းကြောင့် ကြာရှည်အသုံးပြုပါက သင့်ကို ကင်ဆာရောဂါများ၊ ဦးနှောက်မှတ်ဉာဏ် ပျက်ဆီးမှုနှင့် အခြားဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။
၃။ သွားကြားထိုးခြင်း
သွားကြားမထိုးခင် ဖြန်းထားသော ဆေးရည်များက ပျက်ပြယ်ရန်ခက်ခဲပြီး သင့်ကို အဆိပ်အတောက် ဖြစ်စေပါတယ်။ ကြာရှည်သုံးစွဲမိပါက သင့်အသည်းနှင့် ကျောက်ကပ်ကို ထိခိုက်စေပြီး ကိုယ်ဝန်ဆောင်ရန် ခက်ခဲစေပါတယ်။
၄။ သစ်သီးဖျောက်ရည်သောက်ခြင်း
သစ်သီးခြောက်များ၊ သစ်သီးဖျော်ရည်များက ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်ပြီး သင့်ကျောက်ကပ်၏လုပ်ဆောင်မှုများကို ထိခိုက်စေခြင်းနှင့် အာရုံကြော ပျက်စီးမှုများကို ဦးတည်စေနိုင်သည့်အပြင် ကိုယ်ဝန်ပျက်ကျစေပါတယ်။
၅။ အသင့်စား အစားအစာများစားခြင်း
အသင့်စား အစားအစာများတွင် ပါဝင်သော အဆီများက သင့်သွေးလွှတ်ကြောများကို ပိတ်ဆို့စေပြီး ကယ်လိုရီနှင့် အဆီများသလောက်ပို၍ ဒုက္ခပေးနိုင်ပါတယ်။
၆။ မိုက်ကရိုဝေ့နှင့် ပြုလုပ်ထားသော ပေါက်ပေါက်ဆုပ် စားခြင်း
ပေါက်ပေါက်ဆုပ် အလွန်အကျွံစားမိပါက ၎င်းတွင်ပါဝင်သော ထောပတ်အတုများက သင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ပေါက်ပေါက်ဆုပ်ထုတ်သော စက်ရုံများတွင် အလုပ်လုပ်နေသော အလုပ်သမားများက ကျောက်ကပ်ထိခိုက်မှုနှုန်း ပိုမြင့်မားနိုင်ပါတယ်။
၇။ နေရောင်ကာ ခရင်လိမ်းခြင်း
နေရောင်ကာ ခရင်လိမ်းခြင်းက သင့်ကို UV ရောင်ခြည်များမှ ကာကွယ်ပေးနိုင်သော်လည်း သင့်ခန္ဓာကိုယ်အတွင်းရှိ အရိုးများအတွက် ဗီတာမင်-ဒီကို ဆုံးရှုံးစေပါတယ်။ ဗီတာမင်-ဒီက ကင်ဆာဆဲလ်များကို တိုက်ခိုက်ပေးခြင်းကြေင့် သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိုခိုက်စေပါတယ်။
၈။ သင့်အလုပ်စားပွဲတွင် နေ့လည်စာ စားခြင်း
သင့်အလုပ်စားပွဲရှိ ပိုးမွှားများသည် သန့်စင်ခန်းတစ်ခုရှိ ပိုးမွှားများနှင့် ညီမျှသောကြောင့် ဤနေရာတွင် နေ့စဉ် နေ့လည်စာစားခြင်းက သင့်ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုများကို ထိခိုက်စေပါတယ်။
၉။ နှာခေါင်းမွှေးနှုတ်ခြင်း
သင့် နှာခေါင်းမွှေးများကို နှုတ်ပစ်ခြင်းက သင့်အရေပြားကို ဆွဲဆုတ်လိုက်သလို ဖြစ်စေပြီး ပြင်ပမှ ပိုးမွှားများကို သင့်ခန္ဓာကိုယ်တွင်းသို့ အလွယ်တကူ ဝင်ရောက်စေနိုင်ရန် လမ်းကြောင်းဖွင့်ပေးလိုက်သလို ဖြစ်စေပါတယ်။
၁၀။ ခြေထောက်ထပ်ထိုင်ခြင်း
ခြေထောက်ထပ်ထိုင်ခြင်းက သင့်ခြေထောက်ရှိ သွေးဖိအားကို မြင့်တက်စေခြင်း လည်ပင်းနှင့် နောက်ကျောကို နာကျင်စေခြင်း၊ အာရုံကြောများကို ထိခိုက်စေခြင်းတို့ကြောင့် ဤအကျင့်ကို အမြန်ဆုံးပြင်သင့်ပါတယ်။
Credit:Min Thu (Daily Hot News )
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top