iMyanmarHouse.com - Best Property Website for Myanmar
×


ဖုန္းေရႊပညာအရအခ်စ္ေရးအဆင္ေျပေစဖို႔ဘာေတြလုပ္ေဆာင္သင့္သလဲဆိုတာ

အခုေဖာ္ျပမယ့္နည္းလမ္းေဘးကခ်စ္သူၾကားမွာသာမကအိမ္ေထာင္ေရးမွာပါသာယာၾကည္ႏူးေစဖို႔လုပ္ေဆာင္ရမယ့္နည္းလမ္းေလးေတြပါ။အကယ္၍သင္ဟာအခ်စ္ေရးအိမ္ေထာင္ေရးမွာသာယာအဆင္ေျပမူမ႐ွိရင္ဒီနည္းလမ္းေလးေတြကိုလုပ္ေဆာင္ျပီးသာယာအဆင္ေျပမူကိုရယူႏိုင္မွာပါ။

ဖုန္းေရြပညာအရအခ်စ္ေရးအိမ္ေထာင္ေရးနဲ႔ပက္သက္ရင္အေနာက္ေတာင္ေထာင့္ဟာအေရးပါလြန္းပါတယ္။ဒါေၾကာင့္အခ်စ္ေရးမွာၾကည္ႏူးမူေတြျဖစ္ေစဖို႔ကိုယ့္ရဲ႕အိပ္ခန္းရဲ႕အေနာက္ေတာင္ေထာင့္ကိုဘယ္လိုျပင္ဆင္ရမလဲေဖာ္ျပေပးလိုက္ပါတယ္။

၁။အေနာက္ေတာင္ေထာင့္ကို႐ွင္းလင္းပါ

ကိုယ့္ရဲ႕အိပ္ခန္းရဲ႕အေနာက္ေတာင္ေထာင့္ကို႐ွင္းလင္းထားျခင္းကအခ်စ္ေရးမွာသာယာၾကည္ႏူးမူကိုျဖစ္ေစလာမွာပါ။ကိုယ့္အိပ္ခန္းရဲ႕အေနာက္ေတာင္ေထာင့္မွာအဝတ္ေဟာင္းေတြ႐ွိေနျခင္း။အိပ္ရာခင္းေဟာင္းေတြ႐ွိေနျခင္း၊အမွိုက္ျခင္းေတြၿပီးေတာ့စုပံု႐ွင္းထားတဲ့သတင္းစာေဟာင္းေတြ႐ွိေနပါကေနရာေျပာင္းထားလိုက္ပါ။

ဒါမွမဟုတ္အိပ္ခန္းရဲ႕အေနာက္ေတာင္ေထာင့္ကို႐ွင္းလင္းထားပါ။ဖုန္းေရႊပညာအရအေနာက္ေတာင္ေထာင့္ကေနအခ်စ္နတ္သမီးဟာဝင္ေရာက္လာတတ္တယ္တဲ့။ဒါေၾကာင့္အခ်စ္နတ္သမီးေလးဝင္လာႏိုင္ေအာင္အိပ္ခန္းရဲ႕အေနာက္ေတာင္ေထာင့္ကို႐ွင္းလင္းထားလိုက္ေပါ့။

၂။ခ်စ္​မူ​ေရးရာ​ေနရာ​ေလးျဖစ္​ပါ​ေစ

အိပ္​ခန္​းရဲ႕အ​ေနာက္​​ေတာင္​​ေထာင္​့​ေနရာမွာအခ်စ္​နဲ႔ပက္​သက္​ခ်စ္​မူ​ေရးရာ​ေနရာ​ေလးျဖစ္​​ေနပါ​ေစ။စံုတြဲပိုစတာ​ေလး​ေတြ၊ၿပီး​ေတာ့စံုတြဲပံုပါတဲ့ဓာတ္​ပံု​ေလး​ေတြစသည္​ျဖင္​့​ေပါ့။​အိပ္​ခန္​းရဲ႕အ​ေနာက္​​ေတာင္​​ေထာင္​့မွာအရာဝတၳဳ​ေတြထားရင္​လည္​းစံုလိုက္​ထား​ေပးျခင္​းမ်ိဳးကလည္​းအခ်စ္​​ေရးမွာ​ေအာင္​ျမင္​မူကိုျဖစ္​​ေစမွာပါ။

ဥပမာ၊အရြယ္စားတူေဘာပင္ႏွစ္ေခ်ာင္းထားေပးျခင္းကလည္းအခ်စ္ေရးမွာပိုမိုေကာင္းေစမွာပါ။အိပ္ခန္းရဲ႕အေနာက္ေတာင္ေတာင္ေထာင့္မွာအသံုးေဆာင္ပစၥည္းေတြကိုထားရင္အစံုလိုက္ထားေပးပါ။

၃။အသံုးေဆာင္ပၥည္းမ်ားရဲ႕အေရာင္ကိုေရြးျခယ္ပါ

ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာပန္းေရာင္ကိုအခ်စ္ရဲ႕အမွတ္သားအျဖစ္အမွတ္ျပဳထားၾကပါတယ္။ဒါေၾကာင့္ခ်စ္သူႏွစ္ဦးၾကားဒါမွမဟုတ္အိမ္ေထာင္ေရးသာယာေျဖာင့္ျဖဴးေစဖို႔ပန္းေရာင္ဒါမွမဟုတ္ပန္းေရာင္မ်ားတဲ့အသံုးေဆာင္ေတြကိုသံုးေဆာင္ျခင္းကအခ်စ္ေရးမွာပိုမိုသာယာေျဖာင့္ျဖဴးေစမွာပါ။

ဖုန္းေရႊပညာမွာလည္းပန္းေရာင္ကအခ်စ္ရဲ႕အေရာင္ပါ။ဒါေၾကာင့္မို႔လိုက္ကာ၊စားပြဲ၊အိပ္ရာခင္းမ်ိဳးကိုပန္းေရာင္မ်ားတဲ့အေရာင္မ်ိဳးကိုေရႊးျခယ္သင့္ပါတယ္။အခ်စ္ေရးမွာအထူးကံေကာင္းခ်င္ရင္ေတာ့ဖန္ပုလင္းထဲပန္းေရာင္သၾကားလံုးေတြကိုထည့္ထားျခင္းမ်ိဳးလည္းျပဳလုပ္ႏိုင္ပါတယ္။

၄။ဆန္႔က်င္ဘက္လိင္ရဲ႕အသံုးေဆာင္ပစၥည္းကိုထားေပးပါ

အကယ္၍ကိုယ္ကေယာက္က်ၤားေလးျဖစ္ေနရင္ဆန္က်င္ဘက္လိင္ရဲ႕အသံုးေဆာင္ပစၥည္းကိုဘီဒိုထဲထည့္ေပးထားပါ။ဥပမာ၊ကလစ္တို႔၊ႏူတ္ခမ္းနီေတာင္မ်ိဳးေပါ့။အကယ္၍ကိုယ္ကမိန္းကေလးျဖစ္ေနရင္ေယာက္က်ၤားေလးေတြရဲ႕အသံုးေဆာင္ပစၥည္းကိုဘီဒိုထဲထည့္ေပးထားပါ။

ဥပမာ၊ေယာက္က်ၤားသံုးေခါင္းလိမ္းဆီ၊နက္စ္ကတိုင္တို႔ေပါ့။အထူးသျဖင့္အခ်စ္ေရးကိုပိုမိုကံေကာင္းေစခ်င္ရင္အိပ္ခန္းရဲ႕အေနာက္ေတာင္ေထာင့္အရပ္ကို႐ွင္းလင္းၿပီးအေမႊးနံ႔သာပက္ျဖန္းေပးထားတာမ်ိဳးေပါ့။

အခ်စ္ေရးေျဖာင့္ျဖဴးခ်င္ရင္တျခားေသာလုပ္ေဆာင္ရမယ့္နည္းလမ္းေတြကေတာ့ကိုယ္ရဲ႕သြားတိုက္တံေဘးမွာတျခားေသာသြားတိုက္တံတစ္ေခ်ာင္းယွဥ္တြဲထားျခင္းမ်ိဳးကအခ်စ္ေရးအတြက္ေျဖာင့္ျဖဴးေစႏိုင္မွာပါ။ဒါေၾကာင့္အခ်စ္ေရးအိပိေထာင္ေရးမွာသာယာေျဖာင့္ျဖဴးေစဖို႔ဖုန္းေရႊပညာအရလုပ္ေဆာင္ရမယ့္နည္းလမ္းတခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ဖုန်းရွှေပညာအရအချစ်ရေးအဆင်ပြေစေဖို့ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာ

အခုဖော်ပြမယ့်နည်းလမ်းဘေးကချစ်သူကြားမှာသာမကအိမ်ထောင်ရေးမှာပါသာယာကြည်နူးစေဖို့လုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေပါ။အကယ်၍သင်ဟာအချစ်ရေးအိမ်ထောင်ရေးမှာသာယာအဆင်ပြေမူမရှိရင်ဒီနည်းလမ်းလေးတွေကိုလုပ်ဆောင်ပြီးသာယာအဆင်ပြေမူကိုရယူနိုင်မှာပါ။

ဖုန်းရွေပညာအရအချစ်ရေးအိမ်ထောင်ရေးနဲ့ပက်သက်ရင်အနောက်တောင်ထောင့်ဟာအရေးပါလွန်းပါတယ်။ဒါကြောင့်အချစ်ရေးမှာကြည်နူးမူတွေဖြစ်စေဖို့ကိုယ့်ရဲ့အိပ်ခန်းရဲ့အနောက်တောင်ထောင့်ကိုဘယ်လိုပြင်ဆင်ရမလဲဖော်ပြပေးလိုက်ပါတယ်။

၁။အနောက်တောင်ထောင့်ကိုရှင်းလင်းပါ

ကိုယ့်ရဲ့အိပ်ခန်းရဲ့အနောက်တောင်ထောင့်ကိုရှင်းလင်းထားခြင်းကအချစ်ရေးမှာသာယာကြည်နူးမူကိုဖြစ်စေလာမှာပါ။ကိုယ့်အိပ်ခန်းရဲ့အနောက်တောင်ထောင့်မှာအဝတ်ဟောင်းတွေရှိနေခြင်း။အိပ်ရာခင်းဟောင်းတွေရှိနေခြင်း၊အမှိုက်ခြင်းတွေပြီးတော့စုပုံရှင်းထားတဲ့သတင်းစာဟောင်းတွေရှိနေပါကနေရာပြောင်းထားလိုက်ပါ။

ဒါမှမဟုတ်အိပ်ခန်းရဲ့အနောက်တောင်ထောင့်ကိုရှင်းလင်းထားပါ။ဖုန်းရွှေပညာအရအနောက်တောင်ထောင့်ကနေအချစ်နတ်သမီးဟာဝင်ရောက်လာတတ်တယ်တဲ့။ဒါကြောင့်အချစ်နတ်သမီးလေးဝင်လာနိုင်အောင်အိပ်ခန်းရဲ့အနောက်တောင်ထောင့်ကိုရှင်းလင်းထားလိုက်ပေါ့။

၂။ချစ်မူရေးရာနေရာလေးဖြစ်ပါစေ

အိပ်ခန်းရဲ့အနောက်တောင်ထောင့်နေရာမှာအချစ်နဲ့ပက်သက်ချစ်မူရေးရာနေရာလေးဖြစ်နေပါစေ။စုံတွဲပိုစတာလေးတွေ၊ပြီးတော့စုံတွဲပုံပါတဲ့ဓာတ်ပုံလေးတွေစသည်ဖြင့်ပေါ့။အိပ်ခန်းရဲ့အနောက်တောင်ထောင့်မှာအရာဝတ္ထုတွေထားရင်လည်းစုံလိုက်ထားပေးခြင်းမျိုးကလည်းအချစ်ရေးမှာအောင်မြင်မူကိုဖြစ်စေမှာပါ။

ဥပမာ၊အရွယ်စားတူဘောပင်နှစ်ချောင်းထားပေးခြင်းကလည်းအချစ်ရေးမှာပိုမိုကောင်းစေမှာပါ။အိပ်ခန်းရဲ့အနောက်တောင်တောင်ထောင့်မှာအသုံးဆောင်ပစ္စည်းတွေကိုထားရင်အစုံလိုက်ထားပေးပါ။

၃။အသုံးဆောင်ပ္စည်းများရဲ့အရောင်ကိုရွေးခြယ်ပါ

နိုင်ငံတော်တော်များများမှာပန်းရောင်ကိုအချစ်ရဲ့အမှတ်သားအဖြစ်အမှတ်ပြုထားကြပါတယ်။ဒါကြောင့်ချစ်သူနှစ်ဦးကြားဒါမှမဟုတ်အိမ်ထောင်ရေးသာယာဖြောင့်ဖြူးစေဖို့ပန်းရောင်ဒါမှမဟုတ်ပန်းရောင်များတဲ့အသုံးဆောင်တွေကိုသုံးဆောင်ခြင်းကအချစ်ရေးမှာပိုမိုသာယာဖြောင့်ဖြူးစေမှာပါ။

ဖုန်းရွှေပညာမှာလည်းပန်းရောင်ကအချစ်ရဲ့အရောင်ပါ။ဒါကြောင့်မို့လိုက်ကာ၊စားပွဲ၊အိပ်ရာခင်းမျိုးကိုပန်းရောင်များတဲ့အရောင်မျိုးကိုရွှေးခြယ်သင့်ပါတယ်။အချစ်ရေးမှာအထူးကံကောင်းချင်ရင်တော့ဖန်ပုလင်းထဲပန်းရောင်သကြားလုံးတွေကိုထည့်ထားခြင်းမျိုးလည်းပြုလုပ်နိုင်ပါတယ်။

၄။ဆန့်ကျင်ဘက်လိင်ရဲ့အသုံးဆောင်ပစ္စည်းကိုထားပေးပါ

အကယ်၍ကိုယ်ကယောက်င်္ကျားလေးဖြစ်နေရင်ဆန်ကျင်ဘက်လိင်ရဲ့အသုံးဆောင်ပစ္စည်းကိုဘီဒိုထဲထည့်ပေးထားပါ။ဥပမာ၊ကလစ်တို့၊နူတ်ခမ်းနီတောင်မျိုးပေါ့။အကယ်၍ကိုယ်ကမိန်းကလေးဖြစ်နေရင်ယောက်င်္ကျားလေးတွေရဲ့အသုံးဆောင်ပစ္စည်းကိုဘီဒိုထဲထည့်ပေးထားပါ။

ဥပမာ၊ယောက်င်္ကျားသုံးခေါင်းလိမ်းဆီ၊နက်စ်ကတိုင်တို့ပေါ့။အထူးသဖြင့်အချစ်ရေးကိုပိုမိုကံကောင်းစေချင်ရင်အိပ်ခန်းရဲ့အနောက်တောင်ထောင့်အရပ်ကိုရှင်းလင်းပြီးအမွှေးနံ့သာပက်ဖြန်းပေးထားတာမျိုးပေါ့။

အချစ်ရေးဖြောင့်ဖြူးချင်ရင်တခြားသောလုပ်ဆောင်ရမယ့်နည်းလမ်းတွေကတော့ကိုယ်ရဲ့သွားတိုက်တံဘေးမှာတခြားသောသွားတိုက်တံတစ်ချောင်းယှဉ်တွဲထားခြင်းမျိုးကအချစ်ရေးအတွက်ဖြောင့်ဖြူးစေနိုင်မှာပါ။ဒါကြောင့်အချစ်ရေးအိပိထောင်ရေးမှာသာယာဖြောင့်ဖြူးစေဖို့ဖုန်းရွှေပညာအရလုပ်ဆောင်ရမယ့်နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top