iMyanmarHouse.com - Best Property Website for Myanmar
×


တခ်ိဳ႕မ်က္စိေရာဂါေတြဟာ ျမန္ျမန္သိၿပီး ျမန္ျမန္ကုသဖို႔လိုပါတယ္။ ဒီလိုမွမဟုတ္ဘဲ အခ်ိန္ၾကာသြားရင္ ေဝဒနာပိုဆိုးၿပီး မ်က္စိကြယ္တဲ့အထိေတာင္ ျဖစ္သြားတတ္ပါတယ္ေနာ္။အဲဒီလို မ်က္စိကြယ္သြားတဲ့အထိျဖစ္တတ္တဲ့ မ်က္စိေရာဂါ (၃) မ်ိဳးကေတာ့..အတြင္းတိမ္(Cataract)၊ ေရတိမ္(Glaucoma) နဲ႔ မ်က္ၾကည္လႊာအနာေရာဂါ တို႔ပဲျဖစ္ပါတယ္။

အတြင္းတိမ္ကေတာ့ အသက္ႀကီးလာတဲ့ လူတိုင္းနီးပါး ျဖစ္တတ္ၾကပါတယ္။အတြင္း တိမ္ျဖစ္တာနဲ႔ မ်က္စိမကြယ္ပါဘူး။ ၿပီးေတာ့ အတြင္းတိမ္ကို ခြဲစိတ္ၿပီး ကုသလိုက္ရင္ေနာက္ထပ္ အတြင္း တိမ္ထပ္မျဖစ္ေတာ့ပါဘူး။ ဒါေပမဲ့ မကုသဘဲထားရင္ေတာ့ မ်က္စိကြယ္တဲ့ အေျခအေနအ ထိျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ အတြင္းတိမ္မွန္းသိသိခ်င္း လုံးဝအခ်ိန္မဆြဲဘဲ ခြဲစိတ္ကုသေစခ်င္ပါ တယ္ေနာ္။

ေရတိမ္သည္လည္း အသက္အ႐ြယ္မေ႐ြးျဖစ္ပြားႏိုင္တဲ့ ေဝဒနာျဖစ္ပါတယ္။
ေရတိမ္ျဖစ္တဲ့သူအေနနဲ႔ကေတာ့ မ်က္စိဆရာဝန္ရဲ႕ ၫႊန္ၾကားခ်က္ကိုလိုက္နာၿပီး
ေရခ်ိန္ပုံမွန္တိုင္းေပးဖို႔လိုအပ္ပါတယ္။ သတိထားရမွာက ေရတိမ္ျဖစ္ၿပီး မကုသရင္ မ်က္စိအာ႐ုံေၾကာပ်က္စီးၿပီးမ်က္စိကြယ္ႏိုင္ပါတယ္။

မ်က္ၾကည္လႊာအနာေရာဂါကေတာ့ မ်က္စိေရာဂါေတြထဲမွာ ေၾကာက္စရာအေကာင္းဆုံးလို႔
မ်က္စိဆရာဝန္ေတြက ဆိုပါတယ္။ မ်က္ၾကည္လႊာအနာေရာဂါ ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြ မ်ားစြာရွိတဲ့အထဲကေနအျဖစ္အမ်ားဆုံးအေၾကာင္းအရင္းေတြကေတာ့

၁။ မ်က္စိကိုထိခိုက္ဒါဏ္ရာရျခင္း

၂။ ပိုးေကာင္၊ သံမႈန္သံစ၊ သဲ၊ ႐ႊံ႕ တစ္ခုခုဝင္ျခင္းေၾကာင့္လည္းေကာင္း

၃။မသန႔္ရွင္းေသာအဝတ္၊ လက္တို႔ျဖင့္ မ်က္စိကိုပြတ္မိၿပီး ဘက္တီးရီးယားမ်ားဝင္ေရာက္ျခင္းေၾကာင့္လည္းေကာင္း၊ မ်က္စိႏွင့္ပတ္သက္ေသာ တျခားေရာဂါတစ္ခုခုၾကာရွည္စြာခံစားရၿပီး မကုသျခင္းေၾကာင့္လည္းေကာင္း ျဖစ္ေပၚတတ္ၿပီး၊ တျခားေသာ အေၾကာင္းအရင္းမ်ားလည္း ရွိပါေသးတယ္။

အေကာင္းဆုံးကေတာ့ မ်က္စိနဲ႔ပတ္သက္ၿပီး အဆင္မေျပမႈခံစားရၿပီဆိုတာနဲ႔ မ်က္စိဆရာဝန္နဲ႔ စမ္းသပ္စစ္ေဆးမႈခံယူၿပီး ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း လိုက္နာၿပီး ကုသမႈခံယူသင့္ပါတယ္ေနာ္။

Credit:မူရင္းေရးသားသူ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တချို့မျက်စိရောဂါတွေဟာ မြန်မြန်သိပြီး မြန်မြန်ကုသဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ အချိန်ကြာသွားရင် ဝေဒနာပိုဆိုးပြီး မျက်စိကွယ်တဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်နော်။အဲဒီလို မျက်စိကွယ်သွားတဲ့အထိဖြစ်တတ်တဲ့ မျက်စိရောဂါ (၃) မျိုးကတော့..အတွင်းတိမ်(Cataract)၊ ရေတိမ်(Glaucoma) နဲ့ မျက်ကြည်လွှာအနာရောဂါ တို့ပဲဖြစ်ပါတယ်။

အတွင်းတိမ်ကတော့ အသက်ကြီးလာတဲ့ လူတိုင်းနီးပါး ဖြစ်တတ်ကြပါတယ်။အတွင်း တိမ်ဖြစ်တာနဲ့ မျက်စိမကွယ်ပါဘူး။ ပြီးတော့ အတွင်းတိမ်ကို ခွဲစိတ်ပြီး ကုသလိုက်ရင်နောက်ထပ် အတွင်း တိမ်ထပ်မဖြစ်တော့ပါဘူး။ ဒါပေမဲ့ မကုသဘဲထားရင်တော့ မျက်စိကွယ်တဲ့ အခြေအနေအ ထိဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အတွင်းတိမ်မှန်းသိသိချင်း လုံးဝအချိန်မဆွဲဘဲ ခွဲစိတ်ကုသစေချင်ပါ တယ်နော်။

ရေတိမ်သည်လည်း အသက်အရွယ်မရွေးဖြစ်ပွားနိုင်တဲ့ ဝေဒနာဖြစ်ပါတယ်။
ရေတိမ်ဖြစ်တဲ့သူအနေနဲ့ကတော့ မျက်စိဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုလိုက်နာပြီး
ရေချိန်ပုံမှန်တိုင်းပေးဖို့လိုအပ်ပါတယ်။ သတိထားရမှာက ရေတိမ်ဖြစ်ပြီး မကုသရင် မျက်စိအာရုံကြောပျက်စီးပြီးမျက်စိကွယ်နိုင်ပါတယ်။

မျက်ကြည်လွှာအနာရောဂါကတော့ မျက်စိရောဂါတွေထဲမှာ ကြောက်စရာအကောင်းဆုံးလို့
မျက်စိဆရာဝန်တွေက ဆိုပါတယ်။ မျက်ကြည်လွှာအနာရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ များစွာရှိတဲ့အထဲကနေအဖြစ်အများဆုံးအကြောင်းအရင်းတွေကတော့

၁။ မျက်စိကိုထိခိုက်ဒါဏ်ရာရခြင်း

၂။ ပိုးကောင်၊ သံမှုန်သံစ၊ သဲ၊ ရွှံ့ တစ်ခုခုဝင်ခြင်းကြောင့်လည်းကောင်း

၃။မသန့်ရှင်းသောအဝတ်၊ လက်တို့ဖြင့် မျက်စိကိုပွတ်မိပြီး ဘက်တီးရီးယားများဝင်ရောက်ခြင်းကြောင့်လည်းကောင်း၊ မျက်စိနှင့်ပတ်သက်သော တခြားရောဂါတစ်ခုခုကြာရှည်စွာခံစားရပြီး မကုသခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်တတ်ပြီး၊ တခြားသော အကြောင်းအရင်းများလည်း ရှိပါသေးတယ်။

အကောင်းဆုံးကတော့ မျက်စိနဲ့ပတ်သက်ပြီး အဆင်မပြေမှုခံစားရပြီဆိုတာနဲ့ မျက်စိဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးမှုခံယူပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ကုသမှုခံယူသင့်ပါတယ်နော်။

Credit:မူရင်းရေးသားသူ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top