iMyanmarHouse.com - Best Property Website for Myanmar
×












ချွေးမများသည် လင်ယောက်ျား၏ ဖြစ်သမျှအကြောင်းကောင်းကောင်းမကောင်းကောင်း ရင်ဆီးခံရင်ဆိုင်ရမည့်အပြင် မိဘများ၏ ဝေယျာဝစ္စများကို ပြုလုပ်ဆောင်ရွက်ရင်း အလုပ်ကိုပါကြိုးစားကြရပေသည်။




Credit:marry

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

လူကြီးမိဘတွေ အနေဖြင့် ကိုယ့်သမီးရဲ့ ခင်ပွန်းဆိုရင် သားမက် ကိုယ့်သားရဲ့ ဇနီးမယားကို ချွေးမ ဆိုပြီးခေါ်ဆိုလေ့ ရှိကြပါတယ်…… ဘယ်လို ဘယ်ပုံနည်းများနဲ့ ခေါ်ဆိုခဲ့ကြတာပါလဲ

မတူတဲ့ လူအချင်းချင်းပေါင်းဖက် အကြောင်းဆက်ပါလာမှတော့ လင်ရယ် မယားရယ်ဆိုပြီး သူ့အမေအဖေကလဲ ကိုယ့်အမေအဖေ လို့ သတ်မှတ် ဆက်ဆံရပါလိမ့်မယ်။

သားမက်လို့ ခေါ်ဆိုရခြင်းမှာ ကိုယ့်သားသမီး အရင်းတွေထက်တောင် ပိုမိုမက်မောစရာကောင်းလွန်းလို့ ဟု တိုတိုခေါ်ဆိုရပေမည်။

လူကြီးမိဘကို ရိုသေကြင်နာပြုစု ဂရုတစိုက် ရှိလွန်းပြီး ကြီးသူကိုရိုသေ ရွယ်တူကိုဖေးမ ငယ်သူကိုလေးစား သနားကြင်နာတတ်လွန်းလို့ ကိုယ့်သားသမီးကောင်းနေသော်လည်း ပိုမိုကောင်းမွန်လွန်းလို့ သားမက် (သမက်) ဟုခေါ်ဆိုကြပေသည်။



ကိုယ် ကိုယ်တိုင်ရော သားမက် ပီသတဲ့ သားတယောက်ဖြစ်ပြီလား…?

ချွေးမ နဲ့ မိဘ မတည့်တာ များကြပေသည်။
မတည့်ရခြင်းမှာ အဖြေက ရှင်းပါတယ်။အတ္တတွေ တယောက်နဲ့တယောက် အလျော့မပေးသ၍ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။



အတ္တတွေ ခဝါချ မိဘကလဲ မိဘပီသကာ ချွေးမကလဲ သမီးကောင်းတယောက်ပီသပေးမယ်ဆို ချစ်ခင်ပျော်ရွှင်ဖွယ်ကောင်းနေမှာ အမှန်ပါပဲ………

ချွေးမလို့ခေါ်ဆိုရခြင်းမှာ ကိုယ့်သားက လင်မယားဘဝမရောက်သေးခင်မှာ မိဘက သားရဲ့ဝေယျာဝစ္စမှန်သမျှကို ချွေးတစ်လုံးလုံးနဲ့ပြုလုပ်ပေးရတာပေါ့……

ပင်ပန်းစွာ ချွေးတလုံးလုံးနဲ့ ပြုစုဆောင်ရွက်ပေးခဲ့သမျှကို တာဝန်လွှဲပြောင်း ဆက်လက် မတည်မယ့် သူဖြစ်မည့် ဇနီးမယားကို ချွေးမဟုခေါ်ဆိုကြပေသည်။

 ချွေးမ အဖြစ်တာဝန်ယူရမည့်သူများသည် ပိုလိုသာ မြင့်မြတ်ပေသည်ဟု တင်စားရပေမည်။သားမက်ဆိုသည်မှာ ချွေးမက်ထက် ပြုလုပ်ဆောင်ရွက်ရသည်များမှာ ဘောင်ကျဉ်းလှပေသည်။

ချွေးမများသည် လင်ယောကျ်ား၏ ဖြစ်သမျှအကြောင်းကောင်းကောင်းမကောင်းကောင်း ရင်ဆီးခံရင်ဆိုင်ရမည့်အပြင် မိဘများ၏ ဝေယျာဝစ္စများကို ပြုလုပ်ဆောင်ရွက်ရင်း အလုပ်ကိုပါကြိုးစားကြရပေသည်။

မိဘဟာ အိမ်မှုကိစ္စ အလုပ်များလုပ်ကိုင်ရင်း ချွေးတလုံးလုံးဖြင့် သားယောကျာ်းလေးအတွက် ရင်မနေရတဲ့အဖြစ်တွေကို တာဝန်လွှဲပြောင်း ချစ်ဇနီးလောင်းလေးများက လွတ်ကင်းအောင် မတင်ပေးခဲ့ကြလေသည်။

ကိုယ်ကိုတိုင်ရော ချွေးမ ပီသတဲ့သူ တယောက်ဖြစ်ပြီလား…?

 ကောင်းမွန်သော သားမက် ချွေးမ ဖြစ်အောင် ကြိုးစားကြရင်းနဲ့ သာယာပျော်ရွှင်သော မိသားစု အိမ်ထောင်ရေးကို ဖန်တီးနိုင်ကြပါစေလို့ တောင်းဆု ပြုရင်း……………

Credit:marry

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top