iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူကိုလြမ္းတယ္၊ ခ်စ္တယ္ဆိုတဲ့ ခံစားခ်က္ေလးေတြက တကယ္ခ်စ္မိတဲ့သူတိုင္းၾကံဳရတဲ့ အေၾကာင္းအရာေလးေတြပါပဲ။ ဒီလိုအေျခအေနေတြမွာဆိုရင္ LDRS ေလးေတြအတြက္ကေတာ့ တကယ္ကိုခက္ခဲလြန္းပါတယ္။

ကိုယ့္ခ်စ္သူကိုေတြ႕ခ်င္ေပမယ့္ လည္း ေျပးေတြ႕ဖို႔ကလည္း မျဖစ္ႏိုင္ ဖုန္းေလးနဲ႔ပဲ အခ်စ္ေတြ အသက္ဆက္ေနရတဲ့အေနအထားေလးတစ္ခုကိုပဲ ပိုင္ဆိုင္ေနရ သူေတြေပါ့။ ကိုယ့္ခ်စ္သူကိုအရမ္းလြမ္းလာတဲ့အခ်ိန္မ်ိဳးေတြမွာ ခ်စ္သူကိုဖုန္းဆက္ျပီး သူ႔ကိုဘယ္ေလာက္ ခ်စ္ေၾကာင္း ဘယ္လို သတိရေၾကာင္းေတြကို သူေရာကိုယ္ပါ ႏွစ္ေယာက္လံုးစိတ္ခ်မ္း သာဖို႔အတြက္ ေျပာေပးပါ။

ဒါဟာ အေနေ၀းေနေပမယ့္ ကိုယ့္ခ်စ္ သူရဲ႕စိတ္ေတြ တျခားတစ္ေယာက္စီေျပာင္းမသြား ႏိုင္ေအာင္ ထိန္းခ်ဳပ္ထားတဲ့နည္းလမ္းေလးတစ္ခုပါပဲ။

ဖုန္းဆက္ဖို႔လည္း အလြယ္တကူမျဖစ္ႏိုင္တဲ့အေျခအေနတစ္ခု မွာဆိုရင္ Facebook ကေနပဲျဖစ္ျဖစ္ သူ႕ကိုခ်စ္ေၾကာင္း လြမ္း ေၾကာင္းစာေလးေတြပို႔၊ သူ႕ရဲ႕ခ်စ္စရာေကာင္းတဲ့ ပံုရိပ္ေလး ေတြကိုၾကည့္ျပီး ကိုယ့္ရဲ႕လြမ္းတဲ့စိတ္ေလးကို ေျဖေဖ်ာက္ႏိုင္ သေလာက္ေျဖေဖ်ာက္ပါ။

ဒီလိုအေနအထားတစ္ခုမွာ အေရးၾကီး တာက ကိုယ့္ခ်စ္သူကို သတိရေၾကာင္း လြမ္းေၾကာင္းေျပာဖို႔ကို မရွက္ပါနဲ႔။ တစ္ခ်ိဳ႕ RS ေတြမွာ မလိုအပ္ပဲ အတၱေတြ တလြဲမာန ေတြရွိေနတတ္ၾကပါတယ္။

တကယ္တမ္း သတိရလို႔ ဖုန္းဆက္ ေပမယ့္ အေၾကာင္းျပခ်က္ကေတာ့ ပ်င္းလို႔၊ အလုပ္အားလို႔ စတဲ့အေရးမပါတဲ့ အေၾကာင္းအရာေတြကို ေခါင္းစဥ္တပ္ပစ္ လိုက္ၾကပါတယ္။ ဒါဟာ အခ်စ္ကိုအိုးမဲသုတ္လုိက္သလိုပါပဲ။

ကိုယ္ခ်စ္တာကိုခ်စ္ေၾကာင္း ကိုယ္လြမ္းတာကိုလြမ္းေၾကာင္း ပြင့္ပြင့္လင္းလင္းဖြင့္ေျပာရဲတဲ့သတိၱဟာ အခ်စ္ပါ။ ကိုယ္နဲ႔အေ နေ၀းေနေပမယ့္ ကိုယ့္ခ်စ္သူေလးကို ကိုယ့္ေမတၱာေတြနဲ႔ အေႏြး ေထြးဆံုးထားျပီး အခ်စ္ေတြကိုေမြးဖြားခိုင္းလိုက္ပါ။

LDRS ေတြ ဟာ တျခားစံုတြဲေတြထက္ ပိုျပီးထိခိုက္လြယ္ ျပတ္စဲလြယ္တာမို႔ ကိုယ္တကယ္ခ်စ္တယ္ဆိုရင္ ကိုယ့္ခ်စ္သူေလးကို ခ်စ္ေၾကာင္း၊ လြမ္းေၾကာင္းေျပာဖို႔ ဘယ္ေတာ့မွႏႈတ္မတြံ႕ပါနဲ႔။

ကမၻာေပၚမွာ ၾကည္ႏူးစရာအေကာင္းဆံုးစကားလံုးေတြထဲမွာ “ ခ်စ္တယ္ ” ဆိုတဲ့စကားေလးကလည္း အဓိက်ကတဲ့ အခန္းက႑ကေန ပါ၀င္တာမို႔ ကိုယ့္ခ်စ္သူရဲ႕ၾကည္ႏူးမႈကို ယူေဆာင္ေပးႏိုင္မယ့္ ဒီစကားလံုးေလးကို အျမဲအာဂံုေဆာင္ထားဖို႔လိုတယ္ေနာ္။

ဒါမွပဲ LDRS ေလးေတြရဲ႕ အခ်စ္ခရီးလမ္းဟာ အေနေ၀းေပမယ့္ အခ်စ္ ေတြအျမဲတမ္းေႏြးေထြးေနမွာပါ။ ကိုယ့္ခ်စ္သူကိုလြမ္းရင္ သူ႔ကို လြမ္းေၾကာင္း၊ ခ်စ္ေၾကာင္းေတြကို သူသိေအာင္ရင္ဖြင့္ျပလိုက္ပါ လို႔။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #
ချစ်သူကိုလွမ်းတယ်၊ ချစ်တယ်ဆိုတဲ့ ခံစားချက်လေးတွေက တကယ်ချစ်မိတဲ့သူတိုင်းကြုံရတဲ့ အကြောင်းအရာလေးတွေပါပဲ။ ဒီလိုအခြေအနေတွေမှာဆိုရင် LDRS လေးတွေအတွက်ကတော့ တကယ်ကိုခက်ခဲလွန်းပါတယ်။

ကိုယ့်ချစ်သူကိုတွေ့ချင်ပေမယ့် လည်း ပြေးတွေ့ဖို့ကလည်း မဖြစ်နိုင် ဖုန်းလေးနဲ့ပဲ အချစ်တွေ အသက်ဆက်နေရတဲ့အနေအထားလေးတစ်ခုကိုပဲ ပိုင်ဆိုင်နေရ သူတွေပေါ့။ ကိုယ့်ချစ်သူကိုအရမ်းလွမ်းလာတဲ့အချိန်မျိုးတွေမှာ ချစ်သူကိုဖုန်းဆက်ပြီး သူ့ကိုဘယ်လောက် ချစ်ကြောင်း ဘယ်လို သတိရကြောင်းတွေကို သူရောကိုယ်ပါ နှစ်ယောက်လုံးစိတ်ချမ်း သာဖို့အတွက် ပြောပေးပါ။

ဒါဟာ အနေဝေးနေပေမယ့် ကိုယ့်ချစ် သူရဲ့စိတ်တွေ တခြားတစ်ယောက်စီပြောင်းမသွား နိုင်အောင် ထိန်းချုပ်ထားတဲ့နည်းလမ်းလေးတစ်ခုပါပဲ။

ဖုန်းဆက်ဖို့လည်း အလွယ်တကူမဖြစ်နိုင်တဲ့အခြေအနေတစ်ခု မှာဆိုရင် Facebook ကနေပဲဖြစ်ဖြစ် သူ့ကိုချစ်ကြောင်း လွမ်း ကြောင်းစာလေးတွေပို့၊ သူ့ရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေး တွေကိုကြည့်ပြီး ကိုယ့်ရဲ့လွမ်းတဲ့စိတ်လေးကို ဖြေဖျောက်နိုင် သလောက်ဖြေဖျောက်ပါ။

ဒီလိုအနေအထားတစ်ခုမှာ အရေးကြီး တာက ကိုယ့်ချစ်သူကို သတိရကြောင်း လွမ်းကြောင်းပြောဖို့ကို မရှက်ပါနဲ့။ တစ်ချို့ RS တွေမှာ မလိုအပ်ပဲ အတ္တတွေ တလွဲမာန တွေရှိနေတတ်ကြပါတယ်။

တကယ်တမ်း သတိရလို့ ဖုန်းဆက် ပေမယ့် အကြောင်းပြချက်ကတော့ ပျင်းလို့၊ အလုပ်အားလို့ စတဲ့အရေးမပါတဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တပ်ပစ် လိုက်ကြပါတယ်။ ဒါဟာ အချစ်ကိုအိုးမဲသုတ်လိုက်သလိုပါပဲ။

ကိုယ်ချစ်တာကိုချစ်ကြောင်း ကိုယ်လွမ်းတာကိုလွမ်းကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောရဲတဲ့သတ္တိဟာ အချစ်ပါ။ ကိုယ်နဲ့အေ နဝေးနေပေမယ့် ကိုယ့်ချစ်သူလေးကို ကိုယ့်မေတ္တာတွေနဲ့ အနွေး ထွေးဆုံးထားပြီး အချစ်တွေကိုမွေးဖွားခိုင်းလိုက်ပါ။

LDRS တွေ ဟာ တခြားစုံတွဲတွေထက် ပိုပြီးထိခိုက်လွယ် ပြတ်စဲလွယ်တာမို့ ကိုယ်တကယ်ချစ်တယ်ဆိုရင် ကိုယ့်ချစ်သူလေးကို ချစ်ကြောင်း၊ လွမ်းကြောင်းပြောဖို့ ဘယ်တော့မှနှုတ်မတွံ့ပါနဲ့။

ကမ္ဘာပေါ်မှာ ကြည်နူးစရာအကောင်းဆုံးစကားလုံးတွေထဲမှာ “ ချစ်တယ် ” ဆိုတဲ့စကားလေးကလည်း အဓိကျကတဲ့ အခန်းကဏ္ဍကနေ ပါဝင်တာမို့ ကိုယ့်ချစ်သူရဲ့ကြည်နူးမှုကို ယူဆောင်ပေးနိုင်မယ့် ဒီစကားလုံးလေးကို အမြဲအာဂုံဆောင်ထားဖို့လိုတယ်နော်။

ဒါမှပဲ LDRS လေးတွေရဲ့ အချစ်ခရီးလမ်းဟာ အနေဝေးပေမယ့် အချစ် တွေအမြဲတမ်းနွေးထွေးနေမှာပါ။ ကိုယ့်ချစ်သူကိုလွမ်းရင် သူ့ကို လွမ်းကြောင်း၊ ချစ်ကြောင်းတွေကို သူသိအောင်ရင်ဖွင့်ပြလိုက်ပါ လို့။


Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top