iMyanmarHouse.com - Best Property Website for Myanmar
×









Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

ကမ္ဘာပေါ်မှာလူအမျိုး၊ ခန္ဓာအမျိုးမျိုးရှိကြပါတယ်။ ယောကျာ်းလေး တွေအရပ်ပုတာ သိပ်အဆင်မပြေပေမယ့် မိန်းကလေး ပုပု သေးသေးလေးတွေဆိုရင်တော့ တကယ့်ကိုအသည်းယားစရာ လေးတွေပါပဲ။

ဂျပုလေးတွေက ဘယ်နေရာမဆိုအလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့ အခွင့်ထူးခံလူတန်းစားတွေပါပဲ။ ချစ်စရာကောင်းသလို အသည်းယားစရာလဲကောင်းပါတယ်။ ဂျပုမလေးတွေစိတ်ဆိုးနေတဲ့အချိန် ဆို ခေါင်းမော့ ခါးထောက်ပြီး ရန်တွေ့နေတဲ့ပုံလေးက တကယ့်ကိုအသည်းယားစရာ ကောင်းလွန်းပါတယ်။

ဂျပုမလေးတစ်ယောက်ကို ချစ်ကြည့်ပါ။ သင့်ကို တစ်ချိန်လုံးကပ်ချွဲနေမယ့် ကလေးဆိုးလေးအဖြစ် သင့်ကို သဝန်တိုစိတ်မချတဲ့ ကောင်မလေးအဖြစ်နဲ့ သင့်နှလုံးသားတွေကို အမြဲတမ်းရစ်ပတ်ဖွဲ့နှောင်ထားပါလိမ့်မယ်။

ဂျပုမလေးတွေက ချစ်ဖို့ကောင်းသလို အရမ်းလဲစွာတတ်ကြပါတယ်။ သင့်ကိုစိတ်ဆိုးတဲ့အခါ ခါးထောက်ပြီး အော်နေတဲ့ သူမရဲ့ပုံစံလေးက သင့်ကိုစိတ်မဆိုးစေပဲပိုလို့တောင်အသည်း ယားစေမှာပါ။

ချစ်စရာကောင်းတဲ့မိန်းကလေးဆိုတာ အရပ်ကလေးတော့ပုနေရမယ်။ ရင်ခွင်မှီအရပ်လေးနဲ့ သင့်ရင်ခွင်ထဲမှာ ခပ်နွဲ့နွဲ့လေးမှီနေတဲ့သင့်ချစ်သူဂျပုမလေးရဲ့ နှဖူးကိုခပ်ဖွဖွလေးနမ်းလိုက်ပါ။ ရှက်ပြုံးလေးနဲ့တုန့်ပြန်မယ့် ဂျပုမလေးရဲ့ ချစ်စဖွယ်အပြုအမူလေးက သင့်ရဲ့အသက်ရှည် ဆေးလေးပါပဲ။

ရင်ခွင်မှီအရပ်နဲ့ ဂျပုမလေးတွေကိုချစ်ကြည့်ပါ။ သင့်ကိုတစ်ဘ၀ လုံးစာ ကိုကိုလို့ခေါ်မယ့် ချစ်စဖွယ် ဂျပုမလေးရဲ့ အရပ်နဲ့ မလိုက်အောင်ကြီးမားတဲ့ချစ်ခြင်းမေတ္တာတွေက သင့်ကိုနွေးထွေး စေမှာပါ။ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးကတော့ ပုတဲ့သူနဲ့ ဝတဲ့သူပါပဲ။

ဒီနှစ်ခုမှာမှ ရင်ခွင်မှီဂျပုလေးတွေကတော့ ပြိုင်စံရှား ချစ်စရာအကောင်းဆုံးချန်ပီယံလေးတွေပါပဲ။ မယုံရင် ဂျပုမလေး တစ်ယောက်ကိုချစ်ကြည့် တစ်သက်စာမခွဲချင်တော့လောက် အောင်ကို တွယ်ငြိသွားလိမ့်မယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top