iMyanmarHouse.com - Best Property Website for Myanmar
×











Credit:marry

ချစ်ရေးချစ်ရာ

ပို့သပေးပါတယ်။

# Unicode Version # ဖြင့် ဖတ်ပါ #

Valentine Day ဆိုတာဘာလဲ? စိန့်Valentine Day ကိုရင်ခုန်စရာမေတ္တာ! ချစ်ကြည်ရေးနဲ့လေးစားမှုကိုဆင်နွဲဖို့ကျင်းပတဲ့နစ်စဉ်ပွဲတော်ဖြစ်ပါတယ်။ ၁၄ ဖေဖော်ဝါရီဟာချစ်ခင်ရသူ သူငယ်ချင်း၊ မိဘ ၊ ချစ်သူ အားလုံးနဲ့သက်ဆိုင်ကျင်းပပါတယ် ။

ချစ်သူစုံတွဲများကValentine Day ကိုကတ်များပေးပို့ခြင်း ၊ ပန်းပေးခြင်း ဖြင့်တစ်ဦးနှင့်တစ်ဦးအချစ်ကိုဂုဏ်ပြု ကာ အတူတကွအချိန်ဖြုန်းကြပါတယ်။

St.Valentine နဲ့ချစ်သူများနေ့ပေါ်ပေါက်လာပုံ

ရောမခေတ်ရဲ့တစ်ချိန်က ရိုမန်လူမျိုးတွေဟာခရစ်ယာန်ဘာသာကို ကိုးကွယ်ခဲ့ကြတယ် ။ ဒါပေမဲ့ဘုရင် ကလောဒီးယစ်က ထိုသူတွေလိုက်နာဖို့ဆြိုပီး အယူမှားတွေနဲ့ တင်းကျပ်တဲ့စည်းကမ်းတွေ ချမှတ်ခဲ့တယ် ။ အဲဒီစည်းကမ်းထဲမှာ ရိုမန်စစ်သားတွေဟာအပူဇော်ခံလူသားတွေဖြစ်လို့ ချစ်သူတွေနဲ့လက်ထက်ခွင့်မရှိဖူးဆိုတဲ့ ရက်စက်တဲ့စည်းကမ်းတခုပါတယ်။

ချစ်ရတဲ့သူတွေကိုရှင်ကွဲခွဲတာဟာရက်စက်လွန်းတယ်လို့ St.Valentine ခံစားရတယ်။ ဒါကြောင့်သူက ရိုမန်စစ်သားတွေနဲ့သူတို့ရဲ့ချစ်သူတွေကိုတိတ်တဆိတ်လက်ဆက်ပေးခဲ့တယ်။ သူကဒီလုပ်ရပ်နဲ့အချစ်ဟာလူသားတွေအတွက်အရေးပါတာကိုဖော်ပြခဲ့တယ်။

ဒီအကြောင်းတွေကိုဘုရင်သိတဲ့အခါ သူ့လုပ်ရပ်တွေကိုပုန်ကန်တယ်လို့ခံယူတာကြောင့် St.Valentine ကိုကွပ်မျက်ခဲ့တယ်။ ကွပ်မျက်ခဲ့တဲ့နေ့ဟာ ၂၇၀ ခုနှစ်ဖေဖော်ဝါရီလ ၁၄ရက်နေ့ဖြစ်တယ် ။ သူ့အချစ်ကိုအသိအမှတ်ပြုလေးစားကြသူတွေက ဂုဏ်ပြုတဲ့အနေနဲ့ ချစ်သူများနေ့အဖြစ်သတ်မှတ်ခဲ့ကြတယ် ။ သမိုင်းကြောင်းကိုယုံကြည်သူတွေကစတင်ပြီး ဖေဖော်ဝါရီ ၁၄ရောက်တိုင်း အချစ်ကဗျာတွေ ဂိမ်းတွေ နှင်းဆီပန်းတွေပေးရင်း ထိုနေ့ကိုအသိအမှတ်ပြုခဲ့ကြတယ်။

Valentine ရဲ့အမှတ်အသား

ထိုနေ့မှာချစ်ရတဲ့သူကိုဘယ်လောက်ချစ်ကြောင်းဖော်ပြထားတဲ့စာလေးတွေပေးတာကနေစတင်ခဲ့ကြတယ်။ စာလေးထဲမှာ လှပတဲ့စာလုံးလေးတွေနဲ့ ချစ်ရသူကိုတင်စားရေးခဲ့ကြတာဟာ Valentine ရဲ့ရိုးရာအမှတ်အသားတစ်ခုဖြစ်ခဲ့တယ်။

Valentine day နေ့မှာ ချောကလက်တွေ ၊ ပန်းစည်းလှလှလေးတွေ၊ လက်ဆောင်လှလှလေးတွေ ချစ်ရသူအချင်းချင်း ရင်ခုန်စရာကောင်းတဲ့ညလေးမှာ ပေးရင်း အနမ်းလေးတွေဖလှယ်ရင်း ကြည်နူးစွာ ဖြတ်သန်းပုံဖော်ကြပါတယ်။ ကျရောက်မည့် ဖေဖော်ဝါရီ ၁၄ Valentine day နေ့မှာ သာယာပျော်ရွှင်သောValentine day နေ့လေးပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top